သူငယ္ခ်င္းရဲ႕ သမီးနဲ႔ တြဲခုတ္ေနတဲ့ လီယိုနာဒို

0
189

(Zawgyi)

သူငယ္ခ်င္းရဲ႕ သမီးနဲ႔ တြဲခုတ္ေနတဲ့ လီယိုနာဒို

ကမာၻေက်ာ္ တိုက္တန္းနစ္ မင္းသားႀကီး လီယိုနာဒိုဟာ အသက္ ၄၄ ႏွစ္ရွိသည့္တိုင္ အိမ္ေထာင္မျပဳေသးပါဘူး။ လီယိုနာဒိုတစ္ေယာက္ ဒီတစ္သက္လူပ်ိဳႀကီးအေနနဲ႔ပဲ အ႐ိုးထုတ္သြားေတာ့မွာလား ဆိုၿပီး သို႔ေလာသို႔ေလာ သူ႔ပရိတ္သတ္ေတြကစိတ္ပူေနၾကပါတယ္။ ဒါေပမဲ့ မင္းသားက ပရိတ္သတ္ေတြစိတ္မပူရေလေအာင္ ျပသသြားေလရဲ႕။

လီယိုနာဒိုဟာ သူမိန္းကေလးတစ္ေယာက္နဲ႔ ဒိတ္ေနၿပီျဖစ္ေၾကာင္း ပရိတ္သတ္ေရွ႕မွာ ခ်ျပခဲ့ပါတယ္။ ေကာင္မေလးနာမည္ကေတာ့ Camila Morrone ျဖစ္ၿပီး အသက္ ၂၁ ႏွစ္သာရွိပါေသးတယ္။ ေျပာရမယ္ဆိုရင္ လီယိုနာဒိုနဲ႔ အသက္ ၂၃ ႏွစ္တိတိကြာတာေပါ့ေနာ္။

ေအာ္စကာဆုရမင္းသားႀကီး လီယိုနာဒိုဟာ Camila ရဲ႕ ပေထြးေတာ္စပ္သူ God Father မင္းသားႀကီး Al Pacino နဲ႔ သူငယ္ခ်င္းေတြျဖစ္ၿပီး ဒီေကာင္မေလးကို အသက္ ၁၁ ႏွစ္အ႐ြယ္ကတည္းက စတင္သိရွိခဲ့တာျဖစ္ပါတယ္။ Camila အသက္ ၁၁ ႏွစ္အ႐ြယ္ကတည္းက လီယိုနာဒိုက သူတို႔အိမ္ကို ဝင္ထြက္သြားလာေနၾကပဲမို႔ ရင္းႏွီးၿပီးသားလူေတြပါပဲတဲ့။

Camila ဟာ လီယိုနဲ႔ဆိုရင္ အသက္အမ်ားႀကီးကြာေပမဲ့ ရင့္က်က္တဲ့ပုံေပၚပါတယ္ လို႔လူအမ်ားကေျပာၾကပါတယ္။ လီယိုနာဒို သူငယ္ခ်င္းျဖစ္တဲ့ Spider Man မင္းသားႀကီး Tobey Maguire နဲ႔ အျပင္မွာေတြ႕ၾကတဲ့အခါမွာလဲ သူမက လီယိုေဘးကေန အေဖာ္အျဖစ္ လိုက္ေပးေလ့ရွိပါတယ္တဲ့။ သူမ သူငယ္ခ်င္းမိန္းကေလးေတြနဲ႔ ေတြ႕ဆုံတဲ့အခါမွာလဲ လီယိုနာဒိုက လိုက္ေပးေလ့ရွိပါတယ္။

Camila ရဲ႕ အေမျဖစ္သူ Lucila Sola ကလဲ လီယိုကို သေဘာက်ႏွစ္သက္ၿပီး ညစာေတာင္ဖိတ္ေကြၽးခဲ့ပါေသးတယ္တဲ့။ ေျပာရမယ္ဆိုရင္ Lucila ကအသက္ ၄၂ ပဲရွိေသးတာျဖစ္ၿပီး လီယိုထက္ ၂ ႏွစ္တိတိေတာင္ငယ္ပါေသးတယ္။ ငယ္စဥ္ကဆိုရင္ Camila က လီယိုတစ္ေယာက္သူတို႔အိမ္လာလည္တိုင္း Uncle Leo လို႔ပဲေခၚေလ့ရွိပါတယ္တဲ့။ အသက္ေတြအမ်ားႀကီး ကြာေပမယ့္ မိဘေတြကပါ သေဘာတူ လက္ခံထားတာမို႔ မၾကာခင္မွာ မဂၤလာသတင္းစကားေတြၾကားရေတာ့မယ္နဲ႔ တူပါတယ္။

႐ုပ္ရွင္ခ်စ္တဲ့ပရိတ္သတ္ေတြေရာ မင္းသားႀကီး လီယိုနာဒိုအတြက္ဂုဏ္ယူဝမ္းေျမာက္မိတယ္ဆိုရင္ like&share လုပ္ဖို႔လဲမေမ့ၾကပါနဲ႔ေနာ္။

Credit: Popolay

(Unicode)

သူငယ်ချင်းရဲ့ သမီးနဲ့ တွဲခုတ်နေတဲ့ လီယိုနာဒို

ကမ္ဘာကျော် တိုက်တန်းနစ် မင်းသားကြီး လီယိုနာဒိုဟာ အသက် ၄၄ နှစ်ရှိသည့်တိုင် အိမ်ထောင်မပြုသေးပါဘူး။ လီယိုနာဒိုတစ်ယောက် ဒီတစ်သက်လူပျိုကြီးအနေနဲ့ပဲ အရိုးထုတ်သွားတော့မှာလား ဆိုပြီး သို့လောသို့လော သူ့ပရိတ်သတ်တွေကစိတ်ပူနေကြပါတယ်။ ဒါပေမဲ့ မင်းသားက ပရိတ်သတ်တွေစိတ်မပူရလေအောင် ပြသသွားလေရဲ့။

လီယိုနာဒိုဟာ သူမိန်းကလေးတစ်ယောက်နဲ့ ဒိတ်နေပြီဖြစ်ကြောင်း ပရိတ်သတ်ရှေ့မှာ ချပြခဲ့ပါတယ်။ ကောင်မလေးနာမည်ကတော့ Camila Morrone ဖြစ်ပြီး အသက် ၂၁ နှစ်သာရှိပါသေးတယ်။ ပြောရမယ်ဆိုရင် လီယိုနာဒိုနဲ့ အသက် ၂၃ နှစ်တိတိကွာတာပေါ့နော်။

အော်စကာဆုရမင်းသားကြီး လီယိုနာဒိုဟာ Camila ရဲ့ ပထွေးတော်စပ်သူ God Father မင်းသားကြီး Al Pacino နဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဒီကောင်မလေးကို အသက် ၁၁ နှစ်အရွယ်ကတည်းက စတင်သိရှိခဲ့တာဖြစ်ပါတယ်။ Camila အသက် ၁၁ နှစ်အရွယ်ကတည်းက လီယိုနာဒိုက သူတို့အိမ်ကို ဝင်ထွက်သွားလာနေကြပဲမို့ ရင်းနှီးပြီးသားလူတွေပါပဲတဲ့။

Camila ဟာ လီယိုနဲ့ဆိုရင် အသက်အများကြီးကွာပေမဲ့ ရင့်ကျက်တဲ့ပုံပေါ်ပါတယ် လို့လူအများကပြောကြပါတယ်။ လီယိုနာဒို သူငယ်ချင်းဖြစ်တဲ့ Spider Man မင်းသားကြီး Tobey Maguire နဲ့ အပြင်မှာတွေ့ကြတဲ့အခါမှာလဲ သူမက လီယိုဘေးကနေ အဖော်အဖြစ် လိုက်ပေးလေ့ရှိပါတယ်တဲ့။ သူမ သူငယ်ချင်းမိန်းကလေးတွေနဲ့ တွေ့ဆုံတဲ့အခါမှာလဲ လီယိုနာဒိုက လိုက်ပေးလေ့ရှိပါတယ်။

Camila ရဲ့ အမေဖြစ်သူ Lucila Sola ကလဲ လီယိုကို သဘောကျနှစ်သက်ပြီး ညစာတောင်ဖိတ်ကျွေးခဲ့ပါသေးတယ်တဲ့။ ပြောရမယ်ဆိုရင် Lucila ကအသက် ၄၂ ပဲရှိသေးတာဖြစ်ပြီး လီယိုထက် ၂ နှစ်တိတိတောင်ငယ်ပါသေးတယ်။ ငယ်စဉ်ကဆိုရင် Camila က လီယိုတစ်ယောက်သူတို့အိမ်လာလည်တိုင်း Uncle Leo လို့ပဲခေါ်လေ့ရှိပါတယ်တဲ့။ အသက်တွေအများကြီး ကွာပေမယ့် မိဘတွေကပါ သဘောတူ လက်ခံထားတာမို့ မကြာခင်မှာ မင်္ဂလာသတင်းစကားတွေကြားရတော့မယ်နဲ့ တူပါတယ်။

ရုပ်ရှင်ချစ်တဲ့ပရိတ်သတ်တွေရော မင်းသားကြီး လီယိုနာဒိုအတွက်ဂုဏ်ယူဝမ်းမြောက်မိတယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြပါနဲ့နော်။

Credit: Popolay

LEAVE A REPLY

Please enter your comment!
Please enter your name here