ေရွာင္ၾကဥ္ ၾကရမည့္ ဘုန္းကံနိမ့္ေစ ၊ လာဘ္ပိတ္ေစေသာ အျပဳအမူမ်ား

0
468

(Zawgyi)

ေရွာင္ၾကဥ္ ၾကရမည့္ ဘုန္းကံနိမ့္ေစ ၊ လာဘ္ပိတ္ေစေသာ အျပဳအမူမ်ား

ေရွးထုံးလည္းမပယ္နဲ႔ ေစ်းသုံးလည္းမႂကြယ္နဲ႔တဲ့

၁။ ဘုရားခန္းတြင္ လင္မယားႏွစ္ေယာက္မအိပ္ရ

၂။ ေယာက်ၤား၏ညာဘက္တြင္မိန္းမ မအိပ္ရ

၃။ နံနက္ ၄ ခြဲမွ ၆နာရီ အတြင္းတြင္ သာသနာေစာင့္နတ္ နတ္မင္းႀကီး ေလးပါးသည္လူအမ်ား၏ ေကာင္းမႈ မေကာင္းမႈကို ၾကည့္ရႈေသာ အခ်ိန္ ျဖစ္သည္။ ထိုအခ်ိန္တြင္ ေမထုန္မွီဝဲမႈကို အထူးေရွာင္ၾကဥ္ရမည္။

၄။ မိမိအိပ္ေသာ ခုတင္ထက္ သို႔မဟုတ္အိပ္ရာထက္ျမင့္ေသာေနရာတြင္ ထဘီတန္းမျပဳလုပ္ရ။

သား သမီး ေခါင္းရင္း မိဘေျခရင္းတြင္ မေနရ မအိပ္ရ

၅။ မိမိအိပ္ရာခင္းႏွင့္ပုဆိုးေစာင္မ်ားကို မိမိအိပ္ေသာ ေခါင္းအုံးေပၚတြင္ တင္၍မထားရ

၆။ မိမိေနထိုင္ရာထက္ျမင့္ေသာ ေနရာတြင္ဖ်ာ ေမြ႕ရာ ေစာင္မ်ား လွမ္းျခင္းမျပဳလုပ္ရ

၇။ မိမိအိမ္ေရွ႕အေပါက္ဝတြင္ ေမးကို လက္ေထာက္ၿပီးမထိုင္ရ မမႈိင္ရ

၈။ မိမိအိမ္ေရွ႕တံခါးအေပါက္ဝတြင္ ဆံပင္ဖားရားခ်၍ သန္းဥ မဆြဲရ

၉။ မိမိအိမ္ေရွ႕ တံခါးေပါက္ဝတြင္ ကေလးမ်ား မစင္မစြန္႔ရ

၁၀။နံနက္အိပ္ယာထ မဂၤလာယူေသာအခ်ိန္၌ ေအာ္ဟစ္ေဆးေရးတိုင္းထြာျခင္းမလုပ္ရ

၁၁။ နံနက္ေစာေစာအိပ္ရာထ မ်က္ႏွာသစ္ရာတြင္ လည္ေခ်ာင္းထဲမွ သလိပ္မ်ားကို မရ ရေအာင္ အသံက်ယ္ေလာင္စြာျပဳ၍ ေအာ့….ေအာ့….ေအာ့ ဟု မလုပ္ရ

၁၂။ ကြၽဲခတ္ေသာ အဝတ္ မီးေလာင္ထားၿပီးေသာအဝတ္ ေလေပြျဖင့္လြင့္ပါလာေသာ အဝတ္ ႂကြက္ကိုက္ထားေသာအဝတ္ ၎အဝတ္မ်ားကို လူတို႔မဝတ္ေကာင္း

၁၃။ အိမ္ေပၚတြင္လမ္းေလွ်ာက္လွ်င္ ေျခသံျပင္းျပင္း မေလွ်ာက္ရ အိုးခြက္ ပန္းကန္ ပစၥည္းမ်ားကို အသံျမည္ေအာင္ ၾကမ္းတမ္းစြာ မျပဳလုပ္ရ

၁၄။ ထမင္းစားလွ်င္ ထမင္းပန္းကန္မ်ားကို လွည့္၍ လႈပ္၍ မစားရ ၿငိမ္သက္စြာ ညီညာစြာထားၿပီးမွစားရမည္ ထမင္းစားခုံကိုလက္ေထာက္၍မစားရ

၁၅။ ထမင္းစား၍ေသာ္ လည္းေကာင္း အျခားအစားစာမ်ားစား၍ေသာ္ လည္းေကာင္းစားရာတြင္ ပါးစပ္မွ ပလပ္…ပလပ္ မည္ေအာင္ ေခြးမ်ား ထမင္းရည္ ေသာက္သကဲ့သို႔ အသံမျမည္ေစရ

၁၆။ လမ္းေလွ်ာက္စဥ္..ထမင္းႏွင့္အျခား စားေသာက္ဖြယ္ရာမ်ားကို မစားရ

၁၇။ မိမိအိမ္ေရွ႕ အေပါက္ဝကို ေက်ာခိုင္းၿပီး မထိုင္ရ

၁၈။ နံနက္ေစာေစာႏွင့္ ညဘက္မ်ားတြင္ လက္ဆစ္ ေျခဆစ္ မ်ား မခ်ိဳးရ

၁၉။ နံနက္ေစာေစာ ႏွင္ ညဘက္တြင္ ေလမခြၽန္ရ။

မိမိသိေသာ အရာေလးမ်ားကို မွ်ေဝလိုက္ပါတယ္ ။

Cred

(Unicode)

ရှောင်ကြဉ် ကြရမည့် ဘုန်းကံနိမ့်စေ ၊ လာဘ်ပိတ်စေသော အပြုအမူများ

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့တဲ့

၁။ ဘုရားခန်းတွင် လင်မယားနှစ်ယောက်မအိပ်ရ

၂။ ယောင်္ကျား၏ညာဘက်တွင်မိန်းမ မအိပ်ရ

၃။ နံနက် ၄ ခွဲမှ ၆နာရီ အတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီး လေးပါးသည်လူအများ၏ ကောင်းမှု မကောင်းမှုကို ကြည့်ရှုသော အချိန် ဖြစ်သည်။ ထိုအချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်။

၄။ မိမိအိပ်သော ခုတင်ထက် သို့မဟုတ်အိပ်ရာထက်မြင့်သောနေရာတွင် ထဘီတန်းမပြုလုပ်ရ။

သား သမီး ခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ

၅။ မိမိအိပ်ရာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ

၆။ မိမိနေထိုင်ရာထက်မြင့်သော နေရာတွင်ဖျာ မွေ့ရာ စောင်များ လှမ်းခြင်းမပြုလုပ်ရ

၇။ မိမိအိမ်ရှေ့အပေါက်ဝတွင် မေးကို လက်ထောက်ပြီးမထိုင်ရ မမှိုင်ရ

၈။ မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ဆံပင်ဖားရားချ၍ သန်းဥ မဆွဲရ

၉။ မိမိအိမ်ရှေ့ တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ

၁၀။နံနက်အိပ်ယာထ မင်္ဂလာယူသောအချိန်၌ အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ

၁၁။ နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာပြု၍ အော့….အော့….အော့ ဟု မလုပ်ရ

၁၂။ ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသောအဝတ် လေပွေဖြင့်လွင့်ပါလာသော အဝတ် ကြွက်ကိုက်ထားသောအဝတ် ၎င်းအဝတ်များကို လူတို့မဝတ်ကောင်း

၁၃။ အိမ်ပေါ်တွင်လမ်းလျှောက်လျှင် ခြေသံပြင်းပြင်း မလျှောက်ရ အိုးခွက် ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ

၁၄။ ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍ လှုပ်၍ မစားရ ငြိမ်သက်စွာ ညီညာစွာထားပြီးမှစားရမည် ထမင်းစားခုံကိုလက်ထောက်၍မစားရ

၁၅။ ထမင်းစား၍သော် လည်းကောင်း အခြားအစားစာများစား၍သော် လည်းကောင်းစားရာတွင် ပါးစပ်မှ ပလပ်…ပလပ် မည်အောင် ခွေးများ ထမင်းရည် သောက်သကဲ့သို့ အသံမမြည်စေရ

၁၆။ လမ်းလျှောက်စဉ်..ထမင်းနှင့်အခြား စားသောက်ဖွယ်ရာများကို မစားရ

၁၇။ မိမိအိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ

၁၈။ နံနက်စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ

၁၉။ နံနက်စောစော နှင် ညဘက်တွင် လေမချွန်ရ။

မိမိသိသော အရာလေးများကို မျှဝေလိုက်ပါတယ် ။

Cred

LEAVE A REPLY

Please enter your comment!
Please enter your name here