
0
80

(Zawgyi)



(၁) ငွေကုန်သက်သာ


(၂) အတွေ့အကြုံ




(၄) ရထားဘူတာ


(၅) ရှုခင်း

(၆) သက်တောင့် သက်သာရှိ


Crd

(Unicode)

ရထားလေးနဲ့ ခရီးသွားခြင်းဖြင့် ရရှိလာမဲ့ ကောင်းကျိုး (၆) ခု

မိသားစုလိုက် ခရီး ထွက်မယ်ဆို ရထား နဲ့သွားတာ အကောင်းဆုံးပါပဲ . . .
ခရီးတစ်ခုသွားမယ်ဆိုရင် အဝေးပြေးကား ဒါမှမဟုတ် လေကြောင်းကိုပဲ ရွေးဖြစ်ကြတယ် မဟုတ်ပါလား . . . ရထားနဲ့ ခရီး ထွက်ဖို့ကိုတော့ သိပ်မစဉ်းစား ဖြစ်ကြတာ များပါတယ် . . . ခုတော့ ပြည်တွင်းက ရထား စနစ်တွေ ကလည်း အရင် ကထက် ပိုကောင်း လာပါပြီ . . . ရထားနဲ့ ခရီး ထွက်ရတာ ကောင်းတဲ့ အချက် တွေလည်း ရှိပါတယ် . . .

(၁) ငွေကုန်သက်သာ

ရထား စီးရတာက အဝေးပြေးကား ဒါမှမဟုတ် လေယာဉ် စီးရတာထက် ရထားဖိုးက ပိုသက် သာပါတယ် . . .

(၂) အတွေ့အကြုံ

ရထား စီးပြီး ခရီးသွားရတဲ့ အတွေ့ အကြုံ ကိုလည်း ခံစားနိုင်တာပေါ့ . . . အခန့်သင့်ရင် မိတ်ဆွေ သစ်တွေတောင် တိုးလာ နိုင်ပါသေးတယ် . . .

(၃) အထုပ်အပိုးတွေ ပိုသယ်နိုင်

လေယာဉ်နဲ့ သွားမယ်ဆို ကိုယ်သယ်ရင် သယ်လောက် တန်ဆာခ ပေးရမှာပါ . . . တန်ဆာခ ပေးရတာချင်းယှဉ်ရင် ရထား တန်ဆာခက အများကြီး ပိုသက် သာပါတယ် . . .

(၄) ရထားဘူတာ

ရထား ဘူတာတွေက လေဆိပ်တွေ သွားရလာရ မဝေးပါဘူး . . . လူနေတဲ့ နေရာနားမှာ တည်ဆောက်ထားလို့ အထုပ်အပိုး မပါရင် ဘတ်စ်ကားစီးပြီး ဘူတာသွားလို့ရတဲ့ အားသာချက်ရှိပါတယ် . . .

(၅) ရှုခင်း
ရထားစီးရင်း လမ်းတစ်လျှောက် ရှုခင်းတွေကို ကြည့်သွားလို့ ရပါတယ် . . . အာရုံကို လန်းဆန်းစေတာပေါ့ . . .

(၆) သက်တောင့် သက်သာရှိ

ရထားရဲ့ အားသာချက် တစ်ခုကတော့ အိပ်စင် ပါဝင်နေတာပါပဲ . . . အချိန်ကြာကြာ မထိုင်နိုင်တဲ့လူတွေ အိပ်စင်ပေါ်မှာ ကျောဆန့်ပြီး လိုက်လို့ ရတယ်လေ . . .

Crd

LEAVE A REPLY

Please enter your comment!
Please enter your name here