မိသားစု ထမင္းဝိုင္းေလးရဲ႕ အဓိပၸါယ္

0
91

(Zawgyi)

မိသားစု ထမင္းဝိုင္းေလးရဲ႕ အဓိပၸါယ္

ထမင္းဝိုင္းလို ့ေခါင္းစီးေလး ေတြ႔လိုက္တာနဲ႔ လူတိုင္း လူတိုင္း မိမိတို႔ရဲ႕ မိသားစု ထမင္း၀ိုင္းေလးကို ေျပးျမင္မိၾက မွာပါ ။ တခ်ိန္ထဲ မွာပဲ တမ္းတ လြမ္းဆြတ္ မႈ​ေတြ နဲ႔ တခဏတာ တန္ဆာ ဆင္သြားပါလိမ့္မည္ ။ မတူ ကဲြျပားျခင္းေတြ ဘယ္ေလာက္ ရွိေနေန အားလုံး တူေနတဲ့ အခ်က္ကေတာ့ မိသားစုထမင္း၀ိုင္းေလးကို တမ္းတေနၾကျခင္း ပါပဲ ။ အဲဒီ ထမင္း၀ိုင္းေလးထဲက ေရာ့သြားတဲ့ သူေတြဟာ မိသားစုနဲ႔ ခဲြသြားၾကတဲ့ သူေတြပါ ။

တခ်ိဳ႕က မိသားစုနဲ ့ေသကဲြ တခ်ိဳ႕ကေတာ့ ရွင္ကဲြေပါ့။ ကြပ္လပ္ျဖစ္သြားတဲ့ ထမင္း၀ိုင္းေလးထဲမွာ ၀မ္းနည္း လြမ္းဆြတ္မႈေတြက ဘ၀ဆုံးတိုင္ထိ ျဖစ္တည္သြားေတာ့ မွာပါ ။ ထမင္း၀ိုင္းထဲမွ ာရွိတဲ့ ပန္းကန္ခ်ပ္ေလးေတြကို လိုသလို အစားထိုးလို ့ရနိုင္ေပမယ့္ ကြယ္လပ္ ျဖစ္သြားတဲ့ မိသားစု ဘ၀ေလးေတြ ကိုေတာ့ ဘယ္အရာကမွ အစားထိုးလို ့မရနိုင္ေတာ့ ပါဘူး။

ဒီထမင္း၀ိုင္းေလးဟာ ….. လြတ္လပ္ျခင္းေတြ နဲ႔ ျပည့္နွပ္ေနတဲ့ ေနရာ ေႏြးေထြးမႈ​ေတြ ရရွိတဲ့ ေနရာ မ်က္ရည္ေတြကို အဆုံးသတ္ေပးတဲ့ ေနရာ ေပ်ာ္ရႊင္မႈေတြနဲ ့ဆင္ျမန္းထားတဲ့ ေနရာ ရိုးသားပြင့္လင္းမႈေတြ စတင္ရာေနရာစတဲ့ အင္မတန္ခ်စ္ဖို႔ ေကာင္းတဲ့ ဂုဏ္ျဒပ္ေတြနဲ ့ ဖဲြ႔တည္ထားတဲ့ ေနရာေလးပါ။

တနည္းအားျဖင့္ ၿငိမ္းခ်မ္းေရးရဲ႕ ျပယုတ္လည္း ျဖစ္ပါတယ္ ။ အေၾကာင္းမ်ိဳးမ်ိဳးနဲ ့မိသားစုေတြနဲ ့ေ၀းကြာေနရတဲ့ သူမ်ားဟာ တိုင္းျပည္ႀကီး မၿငိမ္​းခ်မ္းသ၍ သူတို႔ရဲ႕ မိသားစု ထမင္း၀ိုင္းေလးနဲ ့ဆုံခြင့္ ရၾကဦးမည္ မဟုတ္ပါ။

သူတို႔ အတြက္ေတာ့ ၿငိမ္​းခ်မ္းေရး ထမင္း၀ိုင္းေလးဟာ ကုန္ဆုံးသြားတဲ့ နာက်ည္းစရာ အခ်ိန္အားလုံးရဲ႕ တစ္ခု တည္းေသာ စိတ္ေျဖရာေလးပါ ။ ဒါေၾကာင့္ မိသားစု လက္ဆုံတဲ့ ထမင္း၀ိုင္းေလးကို အျမန္ဆုံး ျပန္လည္ ဖန္တီးခြင့္ ရၾကပါေစ လို ့ဆုေတာင္းေပး ပါတယ္ ။ ၿငိမ္​းခ်မ္းေရး ထမင္း၀ိုင္းေလးနဲ႔ အတူဘ၀ကို ေလွ်ာက္လွမ္းခြင့္ ရၾကပါေစ ။

ThatHtarKhin

(Unicode)

မိသားစု ထမင်းဝိုင်းလေးရဲ့ အဓိပ္ပါယ်

ထမင်းဝိုင်းလို့ခေါင်းစီးလေး တွေ့လိုက်တာနဲ့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ မိသားစု ထမင်းဝိုင်းလေးကို ပြေးမြင်မိကြ မှာပါ ။ တချိန်ထဲ မှာပဲ တမ်းတ လွမ်းဆွတ် မှုတွေ နဲ့ တခဏတာ တန်ဆာ ဆင်သွားပါလိမ့်မည် ။ မတူ ကွဲပြားခြင်းတွေ ဘယ်လောက် ရှိနေနေ အားလုံး တူနေတဲ့ အချက်ကတော့ မိသားစုထမင်းဝိုင်းလေးကို တမ်းတနေကြခြင်း ပါပဲ ။ အဲဒီ ထမင်းဝိုင်းလေးထဲက ရော့သွားတဲ့ သူတွေဟာ မိသားစုနဲ့ ခွဲသွားကြတဲ့ သူတွေပါ ။

တချို့က မိသားစုနဲ့သေကွဲ တချို့ကတော့ ရှင်ကွဲပေါ့။ ကွပ်လပ်ဖြစ်သွားတဲ့ ထမင်းဝိုင်းလေးထဲမှာ ဝမ်းနည်း လွမ်းဆွတ်မှုတွေက ဘဝဆုံးတိုင်ထိ ဖြစ်တည်သွားတော့ မှာပါ ။ ထမင်းဝိုင်းထဲမှ ာရှိတဲ့ ပန်းကန်ချပ်လေးတွေကို လိုသလို အစားထိုးလို့ရနိုင်ပေမယ့် ကွယ်လပ် ဖြစ်သွားတဲ့ မိသားစု ဘဝလေးတွေ ကိုတော့ ဘယ်အရာကမှ အစားထိုးလို့မရနိုင်တော့ ပါဘူး။

ဒီထမင်းဝိုင်းလေးဟာ ….. လွတ်လပ်ခြင်းတွေ နဲ့ ပြည့်နှပ်နေတဲ့ နေရာ နွေးထွေးမှုတွေ ရရှိတဲ့ နေရာ မျက်ရည်တွေကို အဆုံးသတ်ပေးတဲ့ နေရာ ပျော်ရွှင်မှုတွေနဲ့ဆင်မြန်းထားတဲ့ နေရာ ရိုးသားပွင့်လင်းမှုတွေ စတင်ရာနေရာစတဲ့ အင်မတန်ချစ်ဖို့ ကောင်းတဲ့ ဂုဏ်ဒြပ်တွေနဲ့ ဖွဲ့တည်ထားတဲ့ နေရာလေးပါ။

တနည်းအားဖြင့် ငြိမ်းချမ်းရေးရဲ့ ပြယုတ်လည်း ဖြစ်ပါတယ် ။ အကြောင်းမျိုးမျိုးနဲ့မိသားစုတွေနဲ့ဝေးကွာနေရတဲ့ သူများဟာ တိုင်းပြည်ကြီး မငြိမ်းချမ်းသ၍ သူတို့ရဲ့ မိသားစု ထမင်းဝိုင်းလေးနဲ့ဆုံခွင့် ရကြဦးမည် မဟုတ်ပါ။

သူတို့ အတွက်တော့ ငြိမ်းချမ်းရေး ထမင်းဝိုင်းလေးဟာ ကုန်ဆုံးသွားတဲ့ နာကျည်းစရာ အချိန်အားလုံးရဲ့ တစ်ခု တည်းသော စိတ်ဖြေရာလေးပါ ။ ဒါကြောင့် မိသားစု လက်ဆုံတဲ့ ထမင်းဝိုင်းလေးကို အမြန်ဆုံး ပြန်လည် ဖန်တီးခွင့် ရကြပါစေ လို့ဆုတောင်းပေး ပါတယ် ။ ငြိမ်းချမ်းရေး ထမင်းဝိုင်းလေးနဲ့ အတူဘဝကို လျှောက်လှမ်းခွင့် ရကြပါစေ ။

ThatHtarKhin

LEAVE A REPLY

Please enter your comment!
Please enter your name here