
0
44

(Zawgyi)


ပေကျင်း၊ ဒီဇင်ဘာ ၃၁





KO
Ref: Sanook

(Unicode)

၁၉ နှစ်ကြာ လှေကလေးတစီးနဲ့ ကျွန်းပေါ်က လူနာတွေကို ကျန်မာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆရာဝန်

ပေကျင်း၊ ဒီဇင်ဘာ ၃၁

တရုတ်လူမျိုး ဆရာဝန် ယူဂျာချင်း ဆိုသူက သက်ကြီးရွယ်အိုတွေ အ တွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ့တဲ့ ကျွန်းတကျွန်းပေါ်က လူနာ တွေကို ကိုယ်တိုင် လှေလှော်ပြီး အိမ်တိုင်ရာရောက် ကုသပေးနေတာ ၁၉ နှစ် တိုင်တိုင် ကြာခဲ့ပြီ လို့သိရပါတယ် ။

ယူဂျာချင်းဟာ တရုတ်နိုင်ငံ အန်းဝီပြည်နယ် ဂျင်းချုင်း မြို့မှာနေထိုင်နေ သူဖြစ်ပါတယ် ။ သူနေထိုင် နေတဲ့မြို့အနီးတဝိုက်မှ ာရှိတဲ့ ကျွန်းပေါ်က လူတွေကို ဆေးကုသပေးဖို့ ရေပေါ်မှာ ရေမျောဆေးခန်း တစ်ခုတည် ဆောက်ပြီး သွားရောက် ဆေးကုသပေး နေတာ ၁၉ နှစ် ကြာ ရှိခဲ့ပြီ လို့ သိရပါတယ် ။

ကျွန်းပေါ် နေထိုင်သူဦးရေက သိပ်တော့ မများလှပါဘူး။ လူလတ်ပိုင်းတွေ နာမကျန်းဖြစ်ရင် မြို့ထဲ အလွယ်တစ်ကူ လာရောက် ဆေးကုသမှုခံ ယူနိုင် ပေမယ့် သက်ကြီးပိုင်း လူအိုတွေ ကျတော့ သွားရေး လာရေး အဆင် မပြေဘူး ဖြစ်နေပါတယ် ။ ဒါကြောင့် ယူနဲ့ သူ့အမျိုးသမီး တို့က အခုလိုလှေလှော် ပြီး ကျွန်းပေါ်က လူတွေရဲ့ ကျန်းမာရေးကို သွားရောက် ကုသပေးနေ ခဲ့တာ ဖြစ်ပါတယ် ။

ကျွန်းပေါ်မှာ နေထိုင်တဲ့ လူတွေထဲ ကမှ တယောက်တည်း ကပဲ ဖြစ်ဖြစ် ကျွန်တော့်ကို လိုအပ် နေသေးသ၍ ကျွန်တော်ဒီလို ဆက်လုပ်သွားမှာ ပါလို့ ယူဂျာချင်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

KO
Ref: Sanook

LEAVE A REPLY

Please enter your comment!
Please enter your name here