ရန္ကုန္ – ဒလ ျမစ္ကူးတံတား စီမံကိန္းတြင္ ျမန္မာ အင္ဂ်င္နီယာ လူငယ္မ်ား ပူးေပါင္း ပါဝင္ေစမည္

0
83

(Zawgyi)

ရန္ကုန္ – ဒလ ျမစ္ကူးတံတား စီမံကိန္းတြင္ ျမန္မာ အင္ဂ်င္နီယာ လူငယ္မ်ား ပူးေပါင္း ပါဝင္ေစမည္

ျမန္မာအင္ဂ်င္နီယာ လူငယ္မ်ား ႀကိဳးဆိုင္းတံတားအရွည္ တည္ေဆာက္ျခင္း အေတြ႕အႀကဳံ ရရွိေစရန္ ရန္ကုန္ – ဒလ ျမစ္ကူးတံတား စီမံကိန္းတြင္ ျမန္မာအင္ဂ်င္နီယာ လူငယ္မ်ား ပူးေပါင္းပါဝင္မည္

ျမန္မာအင္ဂ်င္နီယာ လူငယ္မ်ား ႀကိဳးဆိုင္းတံတားအရွည္ တည္ေဆာက္ျခင္း အေတြ႕အႀကဳံ ရရွိေစရန္ ရန္ကုန္-ဒလ ျမစ္ကူးတံတား စီမံကိန္းတြင္ ျမန္မာအင္ဂ်င္နီယာ လူငယ္မ်ား ပူးေပါင္းပါဝင္သြားမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ သတင္းရရွိသည္။

ကိုရီးယားႏိုင္ငံမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁၅၇ သန္းေက်ာ္ျဖင့္ တည္ေဆာက္မည့္ ရန္ကုန္ – ဒလ ျမစ္ကူးတံတားအား ေလးလမ္းသြား သံမဏိ ႀကိဳးဆိုင္းတံတားပုံစံ တည္ေဆာက္သြားမည္ျဖစ္ၿပီး တည္ေဆာက္ေရးကာလ သုံးႏွစ္ခြဲအတြင္း အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ သတင္းရရွိသည္။

ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရး အေနျဖင့္ တည္ေဆာက္မည့္ ရန္ကုန္-ဒလ ျမစ္ကူးတံတား စီမံကိန္းအား ဒီဇင္ဘာ ၂၄ ရက္တြင္ ပႏၷက္႐ိုက္ အခမ္းအနား က်င္းပခဲ့ၿပီး၂၀၁၉ ဇန္နဝါရီလတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ) တံတား တည္ေဆာက္ေရး စီမံကိန္း ပႏၷက္ေတာ္တင္ အခမ္းအနား ျမင္ကြင္းအား ေတြ႕ရစဥ္

“ရန္ကုန္-ဒလ ျမစ္ကူးတံတား ပုံစံက ေလးလမ္းသြား သံမဏိႀကိဳးဆိုင္းတံတားပုံစံ တည္ေဆာက္သြားမွာျဖစ္ၿပီး အသြားႏွစ္လမ္း အျပန္ႏွစ္လမ္းစီ ပါဝင္မွာ ျဖစ္ပါတယ္။ တံတားမွာကပ္ရက္ ၀ ဒသမ ၅မီတာ ေရပိုက္ႏွစ္လုံး တစ္ဖက္တစ္ခ်က္မွာ တပ္ဆင္သြားမွာ ျဖစ္ပါတယ္။ ရန္ကုန္ဘက္ အျခမ္းက ဘုန္းႀကီးလမ္းတည့္တည့္ အသြားတစ္လမ္း၊ အျပန္တစ္လမ္းနဲ႔ ၾကည့္ျမင္တိုင္ဘက္ျခမ္းကေန တက္မယ့္တစ္လမ္း ပါဝင္မွာ ျဖစ္ပါတယ္။ စတင္တည္ေဆာက္ခ်ိန္ကေန ၃၉ လအတြင္း အမ်ားဆုံး ၄၂ လ သုံးႏွစ္ခြဲအတြင္း အၿပီးတည္ေဆာက္သြားမွာျဖစ္လို႔ ၂၀၂၂ ႏွစ္လယ္ပိုင္းေလာက္မွာ တံတားတည္ေဆာက္မႈ ၿပီးစီးမွာ ျဖစ္ပါတယ္။ ျမန္မာ အင္ဂ်င္နီယာ လူငယ္ေတြ ႀကိဳးဆိုင္းတံတားအရွည္ တည္ေဆာက္တဲ့ အေတြ႕အႀကဳံရရွိေစဖို႔ ပူးေပါင္းပါဝင္သြားမွာ ျဖစ္ပါတယ္” ဟု ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ေကာင္းခ်ိဳက ေျပာၾကားခဲ့သည္။

ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရး အေနျဖင့္ တည္ေဆာက္မည့္ ရန္ကုန္-ဒလ ျမစ္ကူးတံတား တည္ေဆာက္ေရး စီမံကိန္း၏ ပင္မတံတားပုံစံအား ေရလမ္းကင္းလြတ္အျမင့္ ေပ ၄၉ မီတာႏွင့္ အက်ယ္ ၃၇၀ မီတာထားရွိရန္ အၿပီးသတ္ သေဘာတူညီမႈရရွိခဲ့ၿပီး ပင္မတံတားပုံစံအား ေလးလမ္းသြား သံမဏိႀကိဳးဆိုင္းတံတားပုံစံ တည္ေဆာက္သြားမည္ ျဖစ္သည္။

ရန္ကုန္-ဒလ ျမစ္ကူးတံတားတည္ ေဆာက္ေရးစီမံကိန္းအား ကိုရီးယားႏိုင္ငံမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁၅၇ ဒသမ ၈၃၃ သန္း၊ ျမန္မာႏိုင္ငံဘက္မွ ထည့္ဝင္ေငြ အေမရိကန္ေဒၚလာ ၃၀ ဒသမ ၃၄၁ သန္း စုစုေပါင္း အေမရိကန္ေဒၚလာ ၁၈၈ ဒသမ ၁၇၄ သန္းျဖင့္ တည္ေဆာက္သြားမည္ျဖစ္သည္။

ျမန္မာ – ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ) တံတား တည္ေဆာက္ေရး စီမံကိန္း ပႏၷက္ေတာ္တင္ အခမ္းအနားကို ဒလၿမိဳ႕နယ္ ဗိုလ္မင္းေရာင္လမ္းရွိ စီမံကိန္းဧရိယာတြင္ ဒီဇင္ဘာ ၂၄ ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ့ရာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ တံတားတည္ေဆာက္ေရး လုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္းႏွင့္ တံတားတည္ေဆာက္ေရးကို အဓိကအားျဖင့္ ကိုရီးယားႏိုင္ငံမွ ပညာရွင္မ်ားက တည္ေဆာက္မည္ျဖစ္ၿပီး Main Contractor အျဖစ္ ကိုရီးယားႏိုင္ငံမွ GS Engineering Construction Company ျဖစ္ေၾကာင္း၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန အေနျဖင့္ နည္းပညာရဖို႔အတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပည္တြင္းမွ ေ႐ႊေတာင္ကုမၸဏီက Self Contractor အျဖစ္ ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း သိရသည္။

KT

(Unicode)

ရန်ကုန် – ဒလ မြစ်ကူးတံတား စီမံကိန်းတွင် မြန်မာ အင်ဂျင်နီယာ လူငယ်များ ပူးပေါင်း ပါဝင်စေမည်

မြန်မာအင်ဂျင်နီယာ လူငယ်များ ကြိုးဆိုင်းတံတားအရှည် တည်ဆောက်ခြင်း အတွေ့အကြုံ ရရှိစေရန် ရန်ကုန် – ဒလ မြစ်ကူးတံတား စီမံကိန်းတွင် မြန်မာအင်ဂျင်နီယာ လူငယ်များ ပူးပေါင်းပါဝင်မည်

မြန်မာအင်ဂျင်နီယာ လူငယ်များ ကြိုးဆိုင်းတံတားအရှည် တည်ဆောက်ခြင်း အတွေ့အကြုံ ရရှိစေရန် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းတွင် မြန်မာအင်ဂျင်နီယာ လူငယ်များ ပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော်ဖြင့် တည်ဆောက်မည့် ရန်ကုန် – ဒလ မြစ်ကူးတံတားအား လေးလမ်းသွား သံမဏိ ကြိုးဆိုင်းတံတားပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး အနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းအား ဒီဇင်ဘာ ၂၄ ရက်တွင် ပန္နက်ရိုက် အခမ်းအနား ကျင်းပခဲ့ပြီး၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး စီမံကိန်း ပန္နက်တော်တင် အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်

“ရန်ကုန်-ဒလ မြစ်ကူးတံတား ပုံစံက လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားပုံစံ တည်ဆောက်သွားမှာဖြစ်ပြီး အသွားနှစ်လမ်း အပြန်နှစ်လမ်းစီ ပါဝင်မှာ ဖြစ်ပါတယ်။ တံတားမှာကပ်ရက် ၀ ဒသမ ၅မီတာ ရေပိုက်နှစ်လုံး တစ်ဖက်တစ်ချက်မှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက် အခြမ်းက ဘုန်းကြီးလမ်းတည့်တည့် အသွားတစ်လမ်း၊ အပြန်တစ်လမ်းနဲ့ ကြည့်မြင်တိုင်ဘက်ခြမ်းကနေ တက်မယ့်တစ်လမ်း ပါဝင်မှာ ဖြစ်ပါတယ်။ စတင်တည်ဆောက်ချိန်ကနေ ၃၉ လအတွင်း အများဆုံး ၄၂ လ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်လို့ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ တံတားတည်ဆောက်မှု ပြီးစီးမှာ ဖြစ်ပါတယ်။ မြန်မာ အင်ဂျင်နီယာ လူငယ်တွေ ကြိုးဆိုင်းတံတားအရှည် တည်ဆောက်တဲ့ အတွေ့အကြုံရရှိစေဖို့ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားခဲ့သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး အနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ်အမြင့် ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာထားရှိရန် အပြီးသတ် သဘောတူညီမှုရရှိခဲ့ပြီး ပင်မတံတားပုံစံအား လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားပုံစံ တည်ဆောက်သွားမည် ဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားတည် ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး စီမံကိန်း ပန္နက်တော်တင် အခမ်းအနားကို ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ စီမံကိန်းဧရိယာတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တံတားတည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် တံတားတည်ဆောက်ရေးကို အဓိကအားဖြင့် ကိုရီးယားနိုင်ငံမှ ပညာရှင်များက တည်ဆောက်မည်ဖြစ်ပြီး Main Contractor အဖြစ် ကိုရီးယားနိုင်ငံမှ GS Engineering Construction Company ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် နည်းပညာရဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ရွှေတောင်ကုမ္ပဏီက Self Contractor အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

KT

LEAVE A REPLY

Please enter your comment!
Please enter your name here