
0
531

(Zawgyi)





ref ; ချယ်ရီ ( Pyi Myanmar )

(Unicode)

အမျိုးသားတဦးထဲကိုသာ တွဲနေသည့် အမြွှာညီအစ်မနှစ်ယောက်က ထိုရည်းစားကိုသာ လက်ထပ်ယူမည်ဟု ဆို

ရုပ်ချင်းအတူဆုံးအမြွှာညီအစ်မဟုပင် ပြော၍ရလောက်မည့် အမြွှာညီအစ် မသည် အမျိုးသားတစ်ဦးတည်းကိုသာ အတူကြိုက်မိပြီး တွဲနေသည်မှာ ခြောက် နှစ်ရှိပြီဖြစ်သည်။ ဩစတြေးလျတွင် နေ သည့် အသက် ၃၃ နှစ်အရွယ် အဆိုပါအ မြွှာညီအစ်မသည် စက်ပြင်ဆရာဖြစ်သည့် ဘန်းနှင့် ၂၀၁၂ ခုနှစ်ကတည်းက တွဲနေ ခြင်းဖြစ်သည်။ ခြောက်နှစ်ခြောက်မိုး တွဲပြီးသွားပြီဖြစ်သဖြင့် ၎င်းတို့က လက် ထပ်လိုနေပြီဖြစ်သည်။

သို့သော် အိမ် ထောင်ဖက် တစ်ဦးထက်ပိုယူခြင်းကို ဩ စတြေးလျဥပဒေက တားမြစ်ထားသည့် အတွက် ၎င်းတို့မှာ တရားဝင်မင်္ဂလာ မ ဆောင်နိုင်ဖြစ်နေရသည်။ ထိုအမြွှာညီ အစ်မသည် ရုပ်ချင်းတူသည်ထက်တူ ရန်အလို့ငှာ ဒေါ်လာ ၂၅၀၀၀၀ အကုန်ကျ ခံကာ အလှအပခွဲစိတ်ပြုပြင်မှုများလုပ်ခဲ့သည်။ သို့သော် ခွဲစိတ်လိုက်အပြီးတွင်မှ ပလတ်စတစ်အရုပ်မနှင့် တူသွားသည့် အတွက် ၎င်းတို့သည် ခွဲစိတ်မှု ရလဒ်များ ပြေလျော့သွားစေရန် ပြန်လုပ်နေရသည်။

မျက်ခုံးတက်တူထိုးခြင်း၊ နှုတ်ခမ်းပြည့် ဖူးဆေးထိုးထည့်ခြင်းတို့ကြောင့် လူနှင့် မတူတော့ဘဲ အရုပ်မနှင့်တူလာသည့်အ တွက် တက်တူကို ပြန်ဖျက်၊ နှုတ်ခမ်းပြည့် ဖူးဆေးကို ပြန်ထုတ်ခဲ့ရခြင်းဖြစ်သည်။ ]ကျွန်မတို့သုံးယောက်လုံး အရွယ်ရောက် ပြီးသားလူတွေဖြစ်တဲ့အတွက် ကိုယ့်အိမ် ထောင်ကို ကိုယ်ကြိုက်သလို ဖန်တီးခွင့် ရှိသင့်တယ်လို့ ထင်တယ်။ ဥပဒေကိုသာ ပြင်ခွင့်ရမယ်ဆိုရင်တော့ ကျွန်မတို့က သူနဲ့ပဲ တရားဝင်ယူမှာ}ဟု နှစ်ဦးလုံးက ဆိုသည်။

ref ; ချယ်ရီ ( Pyi Myanmar )

LEAVE A REPLY

Please enter your comment!
Please enter your name here