သက္ႀကီး စာေပပညာရွင္ ကန္ေတာ့ပြဲတြင္ ဦးခင္ၫႊန္႔ ပါဝင္မႈနဲ႔ ပတ္သတ္ၿပီး နာရီပိုင္းအၾကာတြင္ ဆရာေမာင္စိန္ဝင္း (ပုတီးကုန္း) စာေရးဆရာ အသင္းမွ ႏုတ္ထြက္

0
105

(Zawgyi)

သက္ႀကီး စာေပပညာရွင္ ကန္ေတာ့ပြဲတြင္ ဦးခင္ၫႊန္႔ ပါဝင္မႈနဲ႔ ပတ္သတ္ၿပီး နာရီပိုင္းအၾကာတြင္ ဆရာေမာင္စိန္ဝင္း (ပုတီးကုန္း) စာေရးဆရာ အသင္းမွ ႏုတ္ထြက္

ျမန္မာႏိုင္ငံ စာေရးဆရာမ်ားအသင္း သက္ႀကီးပူေဇာ္ပြဲ၏ ကန္ေတာ့ခံပုဂၢိဳလ္မ်ားတြင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ခင္ၫြန႔္ပါဝင္ေနမႈေၾကာင့္ စာေရးဆရာမ်ားအသင္းမွ ႏုတ္ထြက္မႈအေပၚ အသင္းအေနျဖင့္ လုပ္ေဆာင္စရာ မရွိေၾကာင္း ျမန္မာႏိုင္ငံ၊ စာေရးဆရာအသင္း ဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာသည္။

“စာေရးဆရာအသင္းအေနနဲ႔ ဘာမွလုပ္သြားဖို႔မရွိဘူး။ ဒါက တရားဝင္လုပ္တဲ့ပြဲ၊ ခိုးေခ်ာင္ခိုးဝွက္လုပ္တဲ့ပြဲလည္း မဟုတ္ဘူး။ ႏိုင္ငံေတာ္ပြဲ၊ ဒီေန႔ မတက္ေရာက္ႏိုင္တဲ့ စာေရးဆရာႀကီးေတြကိုလည္း အိမ္အေရာက္ လိုက္ကန္ေတာ့ဦးမွာ” ဟု ဦးေက်ာ္ဝင္းက ေျပာသည္။

ယင္းကဲ့သို႔ သက္ႀကီးစာေပပညာရွင္မ်ား ပူေဇာ္ကန္ေတာ့သည့္ပြဲသို႔ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းခင္ၫြန႔္ တက္ေရာက္ ကန္ေတာ့ခံသည့္ ကိစၥႏွင့္ပတ္သက္ၿပီး စာေရးဆရာအခ်ိဳ႕ အသင္းမွ ႏုတ္ထြက္ခဲ့ၿပီး ပြဲမၿပီးခင္ ထျပန္သြားသူ မ်ားလည္း ရွိခဲ့သည္။

“ဒါက မကန္ေတာ့သင့္ဘူး။ ကြၽန္ေတာ္ ဒီလိုေတာ့ ဘေဘာမက်ဘူး။ ကြၽန္ေတာ္ စာေရးဆရာလို႔ သူ႔ကို မသတ္မွတ္ႏိုင္ဘူး။ ဒီလို ႏုတ္ထြက္ၾကတာကလည္း သူနဲ႔ တစ္ဂိုဏ္းတည္း မေနႏိုင္ဘူး။ တစ္သင္းတစ္ဖြဲ႕တည္း မေနႏိုင္ဘူး။ တစ္တန္းတည္း မထိုင္ႏိုင္ဘူးဆိုတဲ့ သေဘာပါပဲ။ ဒါကေတာ့ ကာယကံရွင္ရဲ႕ ဆုံးျဖတ္ခြင့္၊ လႊတ္လတ္ခြင့္ပါပဲ။” ဟု စာေရးဆရာ ညီပုေလးက ေျပာသည္။

ျမန္မာႏိုင္ငံစာဆိုေတာ္ေန႔ အထိမ္းမွတ္အျဖစ္ ျမန္မာႏိုင္ငံစာေရးဆရာမ်ားအသင္းမွ ႀကီးမႉးၿပီး သက္ႀကီး စာေပပညာရွင္ႀကီးမ်ားကို ကန္ေတာ့သည့္ အခမ္းနားကို ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ဒီဇင္ဘာ ၂၉ ရက္ ေန႔က ျပဳလုပ္ခဲ့ၿပီး စာေရးဆရာ၊ဆရာမႀကီးမ်ား ၂၄၅ ဦး တက္ေရာက္ကန္ေတာ့ခံခဲ့ကာ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းျဖစ္ခဲ့သူ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္လည္း တက္ေရာက္ကန္ေတာ့ခဲ့ျခင္း ျဖစ္သည္။

Mizma

(Unicode)

သက်ကြီး စာပေပညာရှင် ကန်တော့ပွဲတွင် ဦးခင်ညွှန့် ပါဝင်မှုနဲ့ ပတ်သတ်ပြီး နာရီပိုင်းအကြာတွင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) စာရေးဆရာ အသင်းမှ နုတ်ထွက်

မြန်မာနိုင်ငံ စာရေးဆရာများအသင်း သက်ကြီးပူဇော်ပွဲ၏ ကန်တော့ခံပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ပါဝင်နေမှုကြောင့် စာရေးဆရာများအသင်းမှ နုတ်ထွက်မှုအပေါ် အသင်းအနေဖြင့် လုပ်ဆောင်စရာ မရှိကြောင်း မြန်မာနိုင်ငံ၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

“စာရေးဆရာအသင်းအနေနဲ့ ဘာမှလုပ်သွားဖို့မရှိဘူး။ ဒါက တရားဝင်လုပ်တဲ့ပွဲ၊ ခိုးချောင်ခိုးဝှက်လုပ်တဲ့ပွဲလည်း မဟုတ်ဘူး။ နိုင်ငံတော်ပွဲ၊ ဒီနေ့ မတက်ရောက်နိုင်တဲ့ စာရေးဆရာကြီးတွေကိုလည်း အိမ်အရောက် လိုက်ကန်တော့ဦးမှာ” ဟု ဦးကျော်ဝင်းက ပြောသည်။

ယင်းကဲ့သို့ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့သည့်ပွဲသို့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် တက်ရောက် ကန်တော့ခံသည့် ကိစ္စနှင့်ပတ်သက်ပြီး စာရေးဆရာအချို့ အသင်းမှ နုတ်ထွက်ခဲ့ပြီး ပွဲမပြီးခင် ထပြန်သွားသူ များလည်း ရှိခဲ့သည်။

“ဒါက မကန်တော့သင့်ဘူး။ ကျွန်တော် ဒီလိုတော့ ဘဘောမကျဘူး။ ကျွန်တော် စာရေးဆရာလို့ သူ့ကို မသတ်မှတ်နိုင်ဘူး။ ဒီလို နုတ်ထွက်ကြတာကလည်း သူနဲ့ တစ်ဂိုဏ်းတည်း မနေနိုင်ဘူး။ တစ်သင်းတစ်ဖွဲ့တည်း မနေနိုင်ဘူး။ တစ်တန်းတည်း မထိုင်နိုင်ဘူးဆိုတဲ့ သဘောပါပဲ။ ဒါကတော့ ကာယကံရှင်ရဲ့ ဆုံးဖြတ်ခွင့်၊ လွှတ်လတ်ခွင့်ပါပဲ။” ဟု စာရေးဆရာ ညီပုလေးက ပြောသည်။

မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေပညာရှင်ကြီးများကို ကန်တော့သည့် အခမ်းနားကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက် နေ့က ပြုလုပ်ခဲ့ပြီး စာရေးဆရာ၊ဆရာမကြီးများ ၂၄၅ ဦး တက်ရောက်ကန်တော့ခံခဲ့ကာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း တက်ရောက်ကန်တော့ခဲ့ခြင်း ဖြစ်သည်။

Mizma

LEAVE A REPLY

Please enter your comment!
Please enter your name here