အိမ္ေဖာ္္မိန္းကေလး အိပ္ေပ်ာ္ေနတုန္း လက္တည့္စမ္းဖူးခဲ့တယ္ လို႔ သမၼတ ဒူတာေတး ေျပာ

0
587

အိမ္ေဖာ္္မိန္းကေလး အိပ္ေပ်ာ္ေနတုန္း လက္တည့္စမ္းဖူးတယ္ လို႔ ဖိလစ္ပိုင္ သမၼတ ဒူတာေတး ေျပာ

ဖိလစ္္ပိုင္္သမၼတ ဒူတာေတးက သူဟာ ဆယ္ေက်ာ္သက္ အရြယ္မွာ သူတို႔အိမ္က အိမ္ေဖာ္ကို လက္တည့္စမ္းၿပီး ထိခဲ့ ကိုင္ခဲ့ ဖူးတယ္လုိ႔ ေျပာလာတာေၾကာင့္ အျပင္းအထန္ ေ၀ဖန္မႈေတြနဲ႔ ထြက္ေပၚေစခဲ့ပါတယ္။အမ်ဳိးသမီး အခြင့္အေရး အုပ္စုေတြက ဒူတာေတးဟာ အဓမၼက်င့္ဖို႔ ႀကိဳးစားတာပဲ ျဖစ္ၿပီး လိင္အလြဲသုံးစားမႈကို အားေပးအားေျမွာက္ ျပဳေနတယ္လို႔ စြပ္စြဲေျပာဆို ၾကပါတယ္။

ဒူတာေတးအေနနဲ႔က အဓမၼမႈကို ဟာသလုပ္ ေျပာတာေတြ၊ အိမ္ေထာင္ျပင္ပ လိင္ဆက္ဆံတာကို ဂုဏ္ယူေျပာတာေတြ စတာေတြအပါအ၀င္ အမ်ဳိးသမီးေတြနဲ႔ ပတ္သက္တဲ့ ေျပာဆိုခ်က္ေတြေၾကာင့္ ေ၀ဖန္သံေတြ ေသာေသာညံေအာင္ ထြက္ေပၚခဲ့ဖူးတာလည္း ျဖစ္ပါတယ္။

ခုေနာက္ဆုံး ေျပာဆိုခ်က္မွာေတာ့ သူဟာ အထက္တန္္း ေက်ာင္းသားဘ၀မွာ ခရစ္ယာန္ ဘုန္းႀကီးတစ္ပါးဆီ သြားေရာက္ၿပီး အာပတ္ေျဖခဲ့ရေၾကာင္း၊ အိမ္ေဖာ္အမ်ဳိးသမီး အိပ္ေပ်ာ္ေနခ်ိန္ သူ႔အခန္းထဲ ၀င္ခဲ့ၿပီး လက္တည့္စမ္း ႏိႈက္ကိုင္ခဲ့တာေတြကို အေသးစိတ္ ႏႈိက္ႏႈိက္ ခၽြတ္ခၽြတ္ ေျပာဆိုလာတာပဲ ျဖစ္ပါတယ္။

“ ကၽြန္ေတာ္ဟာ သူ ၿခံဳထားတဲ့ ေစာင္ကို ဖယ္လိုက္တယ္။ အတြင္းခံ ေဘာင္းဘီထဲ လက္ႏိႈက္ဖို႔ ႀကိဳးစားခဲ့တယ္။ ဒီလို ထိေတြ႔ ကိုင္တြယ္ေနခ်ိန္ မွာပဲ အိမ္ေဖာ္က ႏႈိးလာတေၾကာင့္ ကၽြန္ေတာ္ အခန္းထဲက ျပန္ထြက္ ခဲ့တယ္။ ” လို႔ ဒူတာေတးက ေျပာပါတယ္ ။ ဒူတာေတးဟာ သူ ဘုန္းႀကီးဆီမွာ အာပတ္ ေျဖခဲ့ရေၾကာင္းကို ဆက္လက္ၿပီး အတြင္း က်က် ေျပာဆိုရာမွာ သူဟာ အိမ္ေဖာ္ရဲ႕ အခန္းဆီ ထပ္သြားခဲ့ၿပီး ကုိယ္ထိ လက္ေရာက္ ေစာ္ကားဖို႔ အထိ ႀကိဳးစားခဲ့တယ္ လို႔လည္း ေျပာပါတယ္။

အမ်ဳိးသမီး အခြင့္အေရး ႏုိင္ငံေရးပါတီ Gabriela က ဒူတာေတးရဲ႕ ရံြ႕ရွစက္ဆုပ္စရာ ဒီေျပာဆိုခ်က္ေတြကို ႐ႈတ္ခ်ၿပီး ဒူတာေတးဟာ အဓမၼက်င့္ဖို႔ ႀကိဳးစားတာကို ၀န္ခံလိုက္ျခင္းပဲ ျဖစ္တယ္လို႔ ေျပာဆိုၾကပါတယ္။ ေ၀ဖန္သူေတြရဲ႕ ႐ႈတ္ခ်ေျပာဆိုခ်က္ ေတြကို ဒူတာေတးရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္က ဒူတာေတးဟာ ေက်ာင္းသားဘ၀ သူနဲ႔ သူ႔သူငယ္ခ်င္း ေတြကို ပ်က္စီးေစတဲ့ လိင္ မဖြယ္မရာ ကိစၥရပ္နဲ႔ ပတ္သက္ၿပီး ျပဇာတ္ဆန္ဆန္ ဟာသေႏွာေျပာခဲ့ တာပဲ ျဖစ္တယ္လို႔ တုံ႔ျပန္ေျပာဆုိ ခဲ့ပါတယ္ ။

Mg Than Sint

(Unicode)

အိမ်ဖော်မိန်းကလေး အိပ်ပျော်နေတုန်း လက်တည့်စမ်းဖူးတယ် လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြော

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သူဟာ ဆယ်ကျော်သက် အရွယ်မှာ သူတို့အိမ်က အိမ်ဖော်ကို လက်တည့်စမ်းပြီး ထိခဲ့ ကိုင်ခဲ့ ဖူးတယ်လို့ ပြောလာတာကြောင့် အပြင်းအထန် ဝေဖန်မှုတွေနဲ့ ထွက်ပေါ်စေခဲ့ပါတယ်။အမျိုးသမီး အခွင့်အရေး အုပ်စုတွေက ဒူတာတေးဟာ အဓမ္မကျင့်ဖို့ ကြိုးစားတာပဲ ဖြစ်ပြီး လိင်အလွဲသုံးစားမှုကို အားပေးအားမြှောက် ပြုနေတယ်လို့ စွပ်စွဲပြောဆို ကြပါတယ်။

ဒူတာတေးအနေနဲ့က အဓမ္မမှုကို ဟာသလုပ် ပြောတာတွေ၊ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာကို ဂုဏ်ယူပြောတာတွေ စတာတွေအပါအဝင် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေကြောင့် ဝေဖန်သံတွေ သောသောညံအောင် ထွက်ပေါ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ခုနောက်ဆုံး ပြောဆိုချက်မှာတော့ သူဟာ အထက်တန်း ကျောင်းသားဘဝမှာ ခရစ်ယာန် ဘုန်းကြီးတစ်ပါးဆီ သွားရောက်ပြီး အာပတ်ဖြေခဲ့ရကြောင်း၊ အိမ်ဖော်အမျိုးသမီး အိပ်ပျော်နေချိန် သူ့အခန်းထဲ ဝင်ခဲ့ပြီး လက်တည့်စမ်း နှိုက်ကိုင်ခဲ့တာတွေကို အသေးစိတ် နှိုက်နှိုက် ချွတ်ချွတ် ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

“ ကျွန်တော်ဟာ သူ ခြုံထားတဲ့ စောင်ကို ဖယ်လိုက်တယ်။ အတွင်းခံ ဘောင်းဘီထဲ လက်နှိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒီလို ထိတွေ့ ကိုင်တွယ်နေချိန် မှာပဲ အိမ်ဖော်က နှိုးလာတကြောင့် ကျွန်တော် အခန်းထဲက ပြန်ထွက် ခဲ့တယ်။ ” လို့ ဒူတာတေးက ပြောပါတယ် ။ ဒူတာတေးဟာ သူ ဘုန်းကြီးဆီမှာ အာပတ် ဖြေခဲ့ရကြောင်းကို ဆက်လက်ပြီး အတွင်း ကျကျ ပြောဆိုရာမှာ သူဟာ အိမ်ဖော်ရဲ့ အခန်းဆီ ထပ်သွားခဲ့ပြီး ကိုယ်ထိ လက်ရောက် စော်ကားဖို့ အထိ ကြိုးစားခဲ့တယ် လို့လည်း ပြောပါတယ်။

အမျိုးသမီး အခွင့်အရေး နိုင်ငံရေးပါတီ Gabriela က ဒူတာတေးရဲ့ ရွံ့ရှစက်ဆုပ်စရာ ဒီပြောဆိုချက်တွေကို ရှုတ်ချပြီး ဒူတာတေးဟာ အဓမ္မကျင့်ဖို့ ကြိုးစားတာကို ဝန်ခံလိုက်ခြင်းပဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဝေဖန်သူတွေရဲ့ ရှုတ်ချပြောဆိုချက် တွေကို ဒူတာတေးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဒူတာတေးဟာ ကျောင်းသားဘ၀ သူနဲ့ သူ့သူငယ်ချင်း တွေကို ပျက်စီးစေတဲ့ လိင် မဖွယ်မရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြဇာတ်ဆန်ဆန် ဟာသနှောပြောခဲ့ တာပဲ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆို ခဲ့ပါတယ် ။

Mg Than Sint

LEAVE A REPLY

Please enter your comment!
Please enter your name here