တရားသူႀကီး၏ ဆံုးျဖတ္ခ်က္

0
3973

တရားသူႀကီး၏ ဆံုးျဖတ္ခ်က္

” ေဖေဖ ဒီေန ့တရားခံကုိ ေသဒဏ္ ေပးခဲ့တယ္ ဆုိ ”

” ဟုတ္တယ္သား ”

” ေဖေဖ့ ႀကည့္ရတာ ဝမ္းနည္းပုံလည္း မေပါက္ပါလား ”

” ဘာလုိ ့ဝမ္းနည္းရမွာလဲ သားရယ္ ေသဒဏ္ ေပးသင့္လုိ ့ ေသဒဏ္ေပးတဲ့ ဟာကုိ ”

” ေဖေဖက တရားခံကုိ မုန္းလုိ ့လား ဟင္ ”

”သား တရားသူႀကီး တစ္ေယာက္ ရွိရမယ့္ စိတ္ထားကုိ ေဖေဖေျပာျပ မယ္

သားသင္ခဲ့ ဖူးတဲ့ ဟမၼဴ ရာဘီရဲ့ ကုိဓ ဥပေဒလုိ ေသစား ေသေစ မဟုတ္ဘူးသားရဲ့…

ဘာေႀကာင့္ သတ္လဲ ဘယ္လုိစိတ္ အေျခအေန ေႀကာင့္ သတ္လဲ ဆုိတာကုိ ေဖေဖက သုံးသပ္ တယ္…

သူသတ္လုိ ့ေသေတာ့ ႏုိင္ငံအတြက္ လူသားအရင္းအျမစ္ နစ္နာရတယ္

သူ ့ကုိ ျပန္သတ္မယ္ ဆုိရင္ ႏုိင္ငံက ႏွစ္ခါ နာရတယ္…

ဒါေႀကာင့္ ျဖစ္ႏုိင္မယ္ ဆုိရင္ အမႈအခင္းေတြ မျဖစ္ေစ ခ်င္ဘူး

ျဖစ္လာခဲ့ရင္လည္း မွန္ကန္စြာ ေျဖရွင္းေပးဖုိ ့က ေဖေဖတုိ ့တာဝန္

ဟုတ္ျပီ လူတစ္ေယာက္က လူတစ္ေယာက္ကုိ ေဒါသအေလွ်ာက္ သတ္မိတယ္ ဆုိပါဆုိ ့…

ဓါးနဲ ့တစ္ခ်က္ ထုိးလုိက္တယ္

ပုံမွန္လူ ဆုိ သူဓါးနဲ ့ထုိးမိတဲ့ အခါ ေႀကာက္မယ္ လန္ ့မယ္

ေနာက္ျပီး ထုိးလုိက္ မိတဲ့ သူကုိ သနားမယ္…

သူ ့လုပ္ရပ္ကုိ ေနာင္တ ရမယ္…

ဒီလုိလူမ်ိးကုိ က်ေတာ့ ေသစား ေသေစ ဆုိတဲ့ ထုံးနဲ ့ မစီရင္ သင့္ဘူး…

ခြင့္လႊတ္လုိက္ဖုိ့လည္း မဟုတ္ဘူး…

ဒါေပမယ့္ အေႀကာင္းတရား တခုေႀကာင့္သာ လူသတ္မိ လုိက္တယ္ ဆုိေပမယ့္ သူ ့ ရင္ထဲမွာ သူမွားမွန္းသိရင္ သနားရမွန္း သိရင္ သူ ့အမွားကုိ တာဝန္ခံလုိစိတ္ ရွိရင္ ဒီတရားခံမ်ိး ကုိ လူစိတ္ ရွိေသးတယ္လုိ ့

ေဖေဖတုိ့က သတ္မွတ္တယ္

ဒါေႀကာင့္ ထုိက္သင့္တဲ့ ျပစ္ဒဏ္ ခ်ျပီး ေနာက္တစ္ႀကိမ္ လူအဖြဲ ့အစည္းမွာ ျပန္အေျခ ခ်ဖုိ ့ေဖေဖတုိ ့က ခြင့္ျပဳ နားလည္ ေပးတယ္…

ဟုတ္ျပီ… ဘယ္လုိ လူကုိ ေသဒဏ္ ေပးသင့္ သလဲ….

ဒီလူဟာ ေျမြဆုိး တစ္ေကာင္လုိ က်ားဆုိး တစ္ေကာင္လုိ လူ ့ပတ္ဝန္းက်င္ အတြက္ အႏၲရာယ္ ရွိတယ္ လုိ ့သုံးသပ္မိရင္ အဲ့ဒိလူရဲ့ ရွင္သန္ခြင့္ကုိ ေဖေဖက ပိတ္ပင္လုိက္ ရတယ္

သူ့ကုိမုန္းလုိ့ မဟုတ္ဘူး

လူေတြကုိ ခ်စ္လုိ ့…

မေသမခ်င္း သတ္တဲ့ အမႈမ်ိဳး ထင္ရွားတဲ့ အခါ ျပစ္ဒဏ္က ပုိႀကီးတယ္

ဒီလူဟာ အႀကင္နာတရား မရွိဘူး

မသနားတတ္ဘူး လုိ ့ေကာက္ခ်က္ခ် တယ္…

အကယ္၍မ်ား လူတစ္ေယာက္ကုိ သတ္ဖုိ ့ရည္ရြယ္ခ်က္ရွိရွိ အကြက္ခ်ျပီး သတ္တယ္ဆုိရင္…

ရက္ရက္ စက္စက္ သတ္တယ္ ဆုိရင္ ဒီလူဟာ သိပ္အႏၲရာယ္ ရွိသြားျပီ

ေသြးေအးတယ္ ရက္စက္တယ္… ဥာဏ္ရည္ျမင့္တယ္…

ဒီလုိလူမ်ိဳးဟာ သိပ္ အႏၲရာယ္ ရွိတယ္

သူက မသိလုိ ့ရုတ္တရက္ ထြက္လာတဲ့ ေဒါသကုိ မထိန္းႏုိင္လုိ ့သတ္တာမ်ိဳး မဟုတ္ဘူး

ႀကံစည္ျပီး သတ္တာ

အဲ့လုိလူဟာ သူ့အမွားကုိ ေနာင္တရ တတ္တဲ့ လူမ်ိဳး မဟုတ္ဘူး

ေနာင္တရပါျပီ ဆုိလည္း ယုံႀကည္ မေပးခ်င္ ေတာ့ဘူး

အဲ့လုိ လူ ့အဖြဲ ့အစည္းရဲ့ အဆိပ္ကုိ ဖယ္ရွားသင့္ မဖယ္ရွားသင့္ ေဖေဖ ဆုံးျဖတ္ရျပီ…

အခုအဲ့ဒိ မေကာင္းမႈတစ္ခုကုိ ေဖေဖ ဖယ္ရွားခဲ့ျပီ…

ေဖေဖက လူသတ္တာ မဟုတ္ဘူး

ရာဇဝတ္မႈ ကုိ သတ္တာ…”

”ဒါဆုိေဖေဖရယ္ မင္းသိခၤ ဝတၳဳထဲ ေဒါက္တာ ဆိတ္ဖြားက လည္း မေကာင္းတဲ့ သူေတြကုိပဲ သတ္တာပါ…

သူ ့က်ေတာ့ ဘာလုိ ့လူသတ္ေကာင္ လုိ့ ေခၚတာလဲ”

”ဒီလုိရွိတယ္ သား လူ ့အဖြဲ ့အစည္းဟာ လူေတြ သင္ႀကားဖုိ ့ပညာရပ္ ေတြကုိ ျပင္ဆင္ ထားေပးတယ္ ….

လူေတြကပဲ ဆုိင္ရာ ဆုိင္ရာ ပညာရပ္ ေတြကုိ ေရြးခ်ယ္ႀကတယ္…

ေဖေဖဆုိ ဥပေဒပညာကုိ ေရြးခ်ယ္ ခဲ့တယ္… ဒါလူေတြ အသိအမွတ္ ျပဳထားတဲ့ ဥပေဒ ပညာပဲ…

ဒီဥပေဒဘြဲ့ ကုိ ႐ရွိရင္ ဥပေဒ ပညာကုိ တတ္ေျမာက္ေသာ ဥပေဒပညာရွင္ လုိ ့ လူေတြက သတ္မွတ္တယ္…

ေဖေဖ ဥပေဒပညာကုိ တတ္ေႀကာင္း လူေတြက ယုံႀကည္ ေထာက္ခံတယ္

က်င့္ဝတ္ပုိင္း ေစာင့္ထိန္းမႈ ကေတာ့ အဂတိတရား ကင္းစင္ ဖုိ ့ပဲ…

သားေျပာတဲ့ ေဒါက္တာ ဆိတ္ဖြားဟာ ျပည္သူ အားလုံး အသိအမွတ္ ျပဳရဲ့လား

သားကေတာ့ ဝတၳဳဖတ္လုိ ့ သူ ့အေႀကာင္းကုိ ေဘးက ထုိင္ႀကည့္သလုိ ျမင္ေနရ ေပမယ့္ လူတုိင္းက သူေကာင္းတယ္ မေကာင္းဘူး ဆုိတာ သိပါ့မလား … ပြင့္လင္းျမင္သာမႈ ရွိရဲ့လား…

လူဆုိးကုိ သတ္ခြင့္ ယုံယုံ ႀကည္ႀကည္ ေပးဖုိ ့သင့္ျပီလား…

သတ္ပစ္ဖုိ့ သင့္မသင့္ ကုိ ေဖေဖတုိ ့ အခ်ိန္တစ္ခု ယူျပီး စဥ္းစားတယ္ … ေရွ ့ေနေတြ သက္ေသေတြ နဲ ့

ပြင့္လင္း ျမင္သာစြာ ပူးေပါင္း အေျဖ ထုတ္တယ္…

ေဒါက္တာဆိတ္ဖြား မွာ အဲ့လုိ အားလုံးေပါင္းစပ္ ထားတဲ့ အစြမ္းအစ ရွိပါတယ္ လုိ့ ဘယ္သူက အာမခံမလဲ

ဒါေႀကာင့္ သူသေဘာနဲ ့သူ လူဆုိးကုိ သတ္ရင္ေတာ့ ဒါဟာ ရာဇဝတ္မႈပဲ

”ေဖေဖ မသနားဘူးလား”

”သနားတယ္ ဆုိတာ စိတ္အထား မတတ္ရင္ ပူေဆြးမႈပဲ …. ဖေဖက ကရုဏာေတာ့ ျဖစ္မိပါတယ္ ….. ဒါက ေမတၱာစိတ္ သက္သက္ပဲ ….. စီရင္ခ်က္ ခ်တဲ့ အခုိက္အတန္ ့မွာ ဦးဘရွင္ ဆုိတဲ့ ေဖေဖ ပုဂၢလဒိ႒ာန္ အျမင္နဲ ့မဆုံးျဖတ္ရဘူး တရားသူႀကီး ဆုိတဲ့ ဓမၼဒိ႒ာန္နဲ ့သာ ဆုံးျဖတ္တယ္ …. တရားသူႀကီး ဟာ ေျဖာင့္မတ္မႈ အရွိ သင့္ဆုံး ပုဂၢိဳလ္ပဲ

တရားလုိနဲ ့တရာခံ အေပၚ ခ်စ္ျခင္း မုန္းျခင္း ကင္းလုိ ့ ဆႏၵဂတိ မျဖစ္ဘူး ။ တရားခံဟာ ဘယ္အာဏာပုိင္ရဲ့ သားမုိ ့ဆုိတဲ့ ေႀကာက္ရြံ ့မႈ ငါ့ကုိ ရန္လုပ္ေလ မလား အျငိဳးထားေလ မလား ဆုိတဲ့ ေႀကာက္ရြံ ့မႈ မရွိလုိ ့ ဘယာဂတိ ကင္းတယ္

တရားခံ ဆီက လာဘ္ တရားလုိ ဆီက လာဘ္ကုိ မေမ်ွာ္လင့္လုိ ့ေလာဘ ဂတိ ကင္းတယ္

ကုိယ့္ပညာရပ္ အေပၚ က်ြမ္းက်င္စြာ တတ္ေျမာက္ ထားလုိ့လည္း ေမာဟဂတိ ကင္းတယ္…

တရားစီရင္တဲ့ အခုိက္အတန့္မွာ ေဖေဖဟာ လူ မဟုတ္ေတာ့ဘူး

ခ်ိန္ခြင္ေကာင္း တစ္ခုလုိပဲ သား မွန္ကန္စြာ ဆုံးျဖတ္တယ္…

ေလာက သစၥာကုိ လူနဲ ့ကုိယ္စားျပဳတာ တရားသူႀကီး အလုပ္ပဲ”

က်ေနာ့္၏ အေတြး က်ေနာ္​့၏ အ​ေရး မ်ွသာ ……

​ေလးစားစြာျဖင့္…..

Error (Sithu)

(Unicode)

တရားသူကြီး၏ ဆုံးဖြတ်ချက်

” ဖေဖေ ဒီနေ့တရားခံကို သေဒဏ် ပေးခဲ့တယ် ဆို ”

” ဟုတ်တယ်သား ”

” ဖေဖေ့ ကြည့်ရတာ ဝမ်းနည်းပုံလည်း မပေါက်ပါလား ”

” ဘာလို့ဝမ်းနည်းရမှာလဲ သားရယ် သေဒဏ် ပေးသင့်လို့ သေဒဏ်ပေးတဲ့ ဟာကို ”

” ဖေဖေက တရားခံကို မုန်းလို့လား ဟင် ”

”သား တရားသူကြီး တစ်ယောက် ရှိရမယ့် စိတ်ထားကို ဖေဖေပြောပြ မယ်

သားသင်ခဲ့ ဖူးတဲ့ ဟမ္မူ ရာဘီရဲ့ ကိုဓ ဥပဒေလို သေစား သေစေ မဟုတ်ဘူးသားရဲ့…

ဘာကြောင့် သတ်လဲ ဘယ်လိုစိတ် အခြေအနေ ကြောင့် သတ်လဲ ဆိုတာကို ဖေဖေက သုံးသပ် တယ်…

သူသတ်လို့သေတော့ နိုင်ငံအတွက် လူသားအရင်းအမြစ် နစ်နာရတယ်

သူ့ကို ပြန်သတ်မယ် ဆိုရင် နိုင်ငံက နှစ်ခါ နာရတယ်…

ဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင် အမှုအခင်းတွေ မဖြစ်စေ ချင်ဘူး

ဖြစ်လာခဲ့ရင်လည်း မှန်ကန်စွာ ဖြေရှင်းပေးဖို့က ဖေဖေတို့တာဝန်

ဟုတ်ပြီ လူတစ်ယောက်က လူတစ်ယောက်ကို ဒေါသအလျှောက် သတ်မိတယ် ဆိုပါဆို့…

ဓါးနဲ့တစ်ချက် ထိုးလိုက်တယ်

ပုံမှန်လူ ဆို သူဓါးနဲ့ထိုးမိတဲ့ အခါ ကြောက်မယ် လန့်မယ်

နောက်ပြီး ထိုးလိုက် မိတဲ့ သူကို သနားမယ်…

သူ့လုပ်ရပ်ကို နောင်တ ရမယ်…

ဒီလိုလူမျိးကို ကျတော့ သေစား သေစေ ဆိုတဲ့ ထုံးနဲ့ မစီရင် သင့်ဘူး…

ခွင့်လွှတ်လိုက်ဖို့လည်း မဟုတ်ဘူး…

ဒါပေမယ့် အကြောင်းတရား တခုကြောင့်သာ လူသတ်မိ လိုက်တယ် ဆိုပေမယ့် သူ့ ရင်ထဲမှာ သူမှားမှန်းသိရင် သနားရမှန်း သိရင် သူ့အမှားကို တာဝန်ခံလိုစိတ် ရှိရင် ဒီတရားခံမျိး ကို လူစိတ် ရှိသေးတယ်လို့

ဖေဖေတို့က သတ်မှတ်တယ်

ဒါကြောင့် ထိုက်သင့်တဲ့ ပြစ်ဒဏ် ချပြီး နောက်တစ်ကြိမ် လူအဖွဲ့အစည်းမှာ ပြန်အခြေ ချဖို့ဖေဖေတို့က ခွင့်ပြု နားလည် ပေးတယ်…

ဟုတ်ပြီ… ဘယ်လို လူကို သေဒဏ် ပေးသင့် သလဲ….

ဒီလူဟာ မြွေဆိုး တစ်ကောင်လို ကျားဆိုး တစ်ကောင်လို လူ့ပတ်ဝန်းကျင် အတွက် အန္တရာယ် ရှိတယ် လို့သုံးသပ်မိရင် အဲ့ဒိလူရဲ့ ရှင်သန်ခွင့်ကို ဖေဖေက ပိတ်ပင်လိုက် ရတယ်

သူ့ကိုမုန်းလို့ မဟုတ်ဘူး

လူတွေကို ချစ်လို့…

မသေမချင်း သတ်တဲ့ အမှုမျိုး ထင်ရှားတဲ့ အခါ ပြစ်ဒဏ်က ပိုကြီးတယ်

ဒီလူဟာ အကြင်နာတရား မရှိဘူး

မသနားတတ်ဘူး လို့ကောက်ချက်ချ တယ်…

အကယ်၍များ လူတစ်ယောက်ကို သတ်ဖို့ရည်ရွယ်ချက်ရှိရှိ အကွက်ချပြီး သတ်တယ်ဆိုရင်…

ရက်ရက် စက်စက် သတ်တယ် ဆိုရင် ဒီလူဟာ သိပ်အန္တရာယ် ရှိသွားပြီ

သွေးအေးတယ် ရက်စက်တယ်… ဉာဏ်ရည်မြင့်တယ်…

ဒီလိုလူမျိုးဟာ သိပ် အန္တရာယ် ရှိတယ်

သူက မသိလို့ရုတ်တရက် ထွက်လာတဲ့ ဒေါသကို မထိန်းနိုင်လို့သတ်တာမျိုး မဟုတ်ဘူး

ကြံစည်ပြီး သတ်တာ

အဲ့လိုလူဟာ သူ့အမှားကို နောင်တရ တတ်တဲ့ လူမျိုး မဟုတ်ဘူး

နောင်တရပါပြီ ဆိုလည်း ယုံကြည် မပေးချင် တော့ဘူး

အဲ့လို လူ့အဖွဲ့အစည်းရဲ့ အဆိပ်ကို ဖယ်ရှားသင့် မဖယ်ရှားသင့် ဖေဖေ ဆုံးဖြတ်ရပြီ…

အခုအဲ့ဒိ မကောင်းမှုတစ်ခုကို ဖေဖေ ဖယ်ရှားခဲ့ပြီ…

ဖေဖေက လူသတ်တာ မဟုတ်ဘူး

ရာဇဝတ်မှု ကို သတ်တာ…”

”ဒါဆိုဖေဖေရယ် မင်းသိင်္ခ ဝတ္ထုထဲ ဒေါက်တာ ဆိတ်ဖွားက လည်း မကောင်းတဲ့ သူတွေကိုပဲ သတ်တာပါ…

သူ့ကျတော့ ဘာလို့လူသတ်ကောင် လို့ ခေါ်တာလဲ”

”ဒီလိုရှိတယ် သား လူ့အဖွဲ့အစည်းဟာ လူတွေ သင်ကြားဖို့ပညာရပ် တွေကို ပြင်ဆင် ထားပေးတယ် ….

လူတွေကပဲ ဆိုင်ရာ ဆိုင်ရာ ပညာရပ် တွေကို ရွေးချယ်ကြတယ်…

ဖေဖေဆို ဥပဒေပညာကို ရွေးချယ် ခဲ့တယ်… ဒါလူတွေ အသိအမှတ် ပြုထားတဲ့ ဥပဒေ ပညာပဲ…

ဒီဥပဒေဘွဲ့ ကို ရရှိရင် ဥပဒေ ပညာကို တတ်မြောက်သော ဥပဒေပညာရှင် လို့ လူတွေက သတ်မှတ်တယ်…

ဖေဖေ ဥပဒေပညာကို တတ်ကြောင်း လူတွေက ယုံကြည် ထောက်ခံတယ်

ကျင့်ဝတ်ပိုင်း စောင့်ထိန်းမှု ကတော့ အဂတိတရား ကင်းစင် ဖို့ပဲ…

သားပြောတဲ့ ဒေါက်တာ ဆိတ်ဖွားဟာ ပြည်သူ အားလုံး အသိအမှတ် ပြုရဲ့လား

သားကတော့ ဝတ္ထုဖတ်လို့ သူ့အကြောင်းကို ဘေးက ထိုင်ကြည့်သလို မြင်နေရ ပေမယ့် လူတိုင်းက သူကောင်းတယ် မကောင်းဘူး ဆိုတာ သိပါ့မလား … ပွင့်လင်းမြင်သာမှု ရှိရဲ့လား…

လူဆိုးကို သတ်ခွင့် ယုံယုံ ကြည်ကြည် ပေးဖို့သင့်ပြီလား…

သတ်ပစ်ဖို့ သင့်မသင့် ကို ဖေဖေတို့ အချိန်တစ်ခု ယူပြီး စဉ်းစားတယ် … ရှေ့နေတွေ သက်သေတွေ နဲ့

ပွင့်လင်း မြင်သာစွာ ပူးပေါင်း အဖြေ ထုတ်တယ်…

ဒေါက်တာဆိတ်ဖွား မှာ အဲ့လို အားလုံးပေါင်းစပ် ထားတဲ့ အစွမ်းအစ ရှိပါတယ် လို့ ဘယ်သူက အာမခံမလဲ

ဒါကြောင့် သူသဘောနဲ့သူ လူဆိုးကို သတ်ရင်တော့ ဒါဟာ ရာဇဝတ်မှုပဲ

”ဖေဖေ မသနားဘူးလား”

”သနားတယ် ဆိုတာ စိတ်အထား မတတ်ရင် ပူဆွေးမှုပဲ …. ဖဖေက ကရုဏာတော့ ဖြစ်မိပါတယ် ….. ဒါက မေတ္တာစိတ် သက်သက်ပဲ ….. စီရင်ချက် ချတဲ့ အခိုက်အတန့်မှာ ဦးဘရှင် ဆိုတဲ့ ဖေဖေ ပုဂ္ဂလဒိဋ္ဌာန် အမြင်နဲ့မဆုံးဖြတ်ရဘူး တရားသူကြီး ဆိုတဲ့ ဓမ္မဒိဋ္ဌာန်နဲ့သာ ဆုံးဖြတ်တယ် …. တရားသူကြီး ဟာ ဖြောင့်မတ်မှု အရှိ သင့်ဆုံး ပုဂ္ဂိုလ်ပဲ

တရားလိုနဲ့တရာခံ အပေါ် ချစ်ခြင်း မုန်းခြင်း ကင်းလို့ ဆန္ဒဂတိ မဖြစ်ဘူး ။ တရားခံဟာ ဘယ်အာဏာပိုင်ရဲ့ သားမို့ဆိုတဲ့ ကြောက်ရွံ့မှု ငါ့ကို ရန်လုပ်လေ မလား အငြိုးထားလေ မလား ဆိုတဲ့ ကြောက်ရွံ့မှု မရှိလို့ ဘယာဂတိ ကင်းတယ်

တရားခံ ဆီက လာဘ် တရားလို ဆီက လာဘ်ကို မမျှော်လင့်လို့လောဘ ဂတိ ကင်းတယ်

ကိုယ့်ပညာရပ် အပေါ် ကျွမ်းကျင်စွာ တတ်မြောက် ထားလို့လည်း မောဟဂတိ ကင်းတယ်…

တရားစီရင်တဲ့ အခိုက်အတန့်မှာ ဖေဖေဟာ လူ မဟုတ်တော့ဘူး

ချိန်ခွင်ကောင်း တစ်ခုလိုပဲ သား မှန်ကန်စွာ ဆုံးဖြတ်တယ်…

လောက သစ္စာကို လူနဲ့ကိုယ်စားပြုတာ တရားသူကြီး အလုပ်ပဲ”

ကျနော့်၏ အတွေး ကျနော့်၏ အရေး မျှသာ ……

လေးစားစွာဖြင့်…..

Error (Sithu)

LEAVE A REPLY

Please enter your comment!
Please enter your name here