
0
311

(Zawgyi)





Khitthit

(Unicode)

ကြံခင်းထဲ ပျောက်ဆုံး သွားတဲ့ မြန်မာ ကလေးငယ် ပြန်လည် တွေ့ရှိ

စူဖန်ဘူရီက ကြံခင်းထဲ ပျောက် သွားတဲ့ မြန်မာ ကလေး ငယ်ကို သေဆုံးရက် ပြန်လည် တွေ့ရှိ ခဲ့တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြ နေပါတယ် ။ ၂ နှစ် သား အရွယ် ကလေးငယ် ဟာ ဒီဇင်ဘာ ၁၇ ရက် နေ့က ပျောက်ဆုံး ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက် ညနေ မှာတော့ ကြံခင်းနဲ့ ၅ ကီလိုမီတာ အကွာမှာ သေဆုံးရက် ပြန်လည် တွေ့ရှိ ရတာ ဖြစ်ပါတယ် ။

ကလေးငယ် ရဲ့ အမည်က စိုးလေးဖြူ ဖြစ်ပြီး ကလေးငယ် ရဲ့ မိဘ များမှာ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ ဖြစ်ကာ ခြံခုတ် လုပ်သား အဖြစ် လာရောက် လုပ်ကိုင်တာ ဖြစ်ပါတယ်။

ကလေးကို ရှာဖွေ ဖို့ အတွက် ထိုင်းဖက်က လူ ရာနဲ့ချီ သုံးပြီး ထိုင်းစစ်တပ် ၊ ရဲတွေနဲ့ ဒေသခံ ဗော်လန်တီယာ တွေက ကူညီပေးခဲ့ကြ သလို ဆင်တွေ၊ ရဟတ်ယာဉ်၊ Drone တွေ၊ အနံ့ခံ ခွေးတွေ သုံးပြီး တော့ လည်း ရှာဖွေ ခဲ့ရ ပါတယ် ။

Khitthit

LEAVE A REPLY

Please enter your comment!
Please enter your name here