ဆံုးျဖတ္ မေစာလိုက္ပါနဲ႔

0
1860

(Zawgyi)

ဆံုးျဖတ္ မေစာလိုက္ပါနဲ႔

ရထားတစင္း ေပၚမွာေပါ့ …

၂၄ ႏွစ္ အရြယ္ ေကာင္ေလးက
ရထား ျပဴတင္းေပါက္ ကေန အျပင္ကို ၾကည့္ေနရင္း ေအာ္ေျပာ လိုက္တယ္ …

“ အေဖ … ၾကည့္ပါဦး …
သစ္ပင္ေတြက ေနာက္မွာ က်န္ခဲ့တယ္ေနာ္ … ေဟ .. ေဟး … ”

သူ႔အေဖ ကေတာ့ ၿပံဳးေနပါတယ္ … ။

သူတို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္ ခုံက လင္မယား ႏွစ္ေယာက္ ကေတာ့
ေကာင္ေလးရဲ ႔ ကေလး ကလား အျပဳအမူ အေျပာ အဆိုေတြ ၾကည့္ၿပီး မ်က္ေစာင္း ထိုးေနတာေပါ့ … ။

ေကာင္ေလးက ရုတ္တရက္ ထေအာ္ေျပာ ျပန္ပါတယ္ … ။

“ ဟာ … အေဖ … ၾကည့္ပါဦးဗ် …
တိမ္ေတြက က်ေနာ္တို႔ေနာက္ လိုက္လာတယ္ ေနာ္ … ”

ဟုိလင္မယား ႏွစ္ေယာက္ က သည္းမခံႏိုင္ ေတာ့ဘဲ
ေကာင္ေလး အေဖ အဖိုးႀကီးကို ေျပာလိုက္တယ္ … ။

“ ေကာင္ေလးကို …
ဆရာဝန္ ျပဖို႔ေတာ့ လိုၿပီ ထင္တယ္ … ”

အဖိုးႀကီး ကလည္း ၿပံဳးၿပံဳးေလး ပဲ ျပန္ေျဖ ပါတယ္ …

“ ဆရာဝန္ ျပၿပီး ပါၿပီ …
ခုပဲ က်ဳပ္တို႔ ေဆးရုံက ျပန္လာ ၾကတာ …
က်ဳပ္သားက ေမြးရာပါ မ်က္စိ ကြယ္ေန ခဲ့တာ …
ဒီေန႔ဟာ သူ ေလာကႀကီးကို ပထမဆုံး ျမင္ေတြ႔ခြင့္ ရတဲ့ ေန႔ ေပါ့ … ”

ေလာကမွာ ရွိသမွ် လူ အားလုံးဟာ
သူ႔အေၾကာင္း နဲ႔သူ ရိွေနၾက ပါတယ္ …

သူတို႔ အေၾကာင္းကို ေသခ်ာ မသိဘဲ
သူတို႔ကို ဆုံးျဖတ္ မေစာလိုက္ ပါနဲ႔ …

မူရင္း ခရစ္ဒစ္ပါ

(Unicode)

ဆုံးဖြတ် မစောလိုက်ပါနဲ့

ရထားတစင်း ပေါ်မှာပေါ့ …

၂၄ နှစ် အရွယ် ကောင်လေးက
ရထား ပြူတင်းပေါက် ကနေ အပြင်ကို ကြည့်နေရင်း အော်ပြော လိုက်တယ် …

“ အဖေ … ကြည့်ပါဦး …
သစ်ပင်တွေက နောက်မှာ ကျန်ခဲ့တယ်နော် … ဟေ .. ဟေး … ”

သူ့အဖေ ကတော့ ပြုံးနေပါတယ် … ။

သူတို့နဲ့ မျက်နှာချင်းဆိုင် ခုံက လင်မယား နှစ်ယောက် ကတော့
ကောင်လေးရဲ့ ကလေး ကလား အပြုအမူ အပြော အဆိုတွေ ကြည့်ပြီး မျက်စောင်း ထိုးနေတာပေါ့ … ။

ကောင်လေးက ရုတ်တရက် ထအော်ပြော ပြန်ပါတယ် … ။

“ ဟာ … အဖေ … ကြည့်ပါဦးဗျ …
တိမ်တွေက ကျနော်တို့နောက် လိုက်လာတယ် နော် … ”

ဟိုလင်မယား နှစ်ယောက် က သည်းမခံနိုင် တော့ဘဲ
ကောင်လေး အဖေ အဖိုးကြီးကို ပြောလိုက်တယ် … ။

“ ကောင်လေးကို …
ဆရာဝန် ပြဖို့တော့ လိုပြီ ထင်တယ် … ”

အဖိုးကြီး ကလည်း ပြုံးပြုံးလေး ပဲ ပြန်ဖြေ ပါတယ် …

“ ဆရာဝန် ပြပြီး ပါပြီ …
ခုပဲ ကျုပ်တို့ ဆေးရုံက ပြန်လာ ကြတာ …
ကျုပ်သားက မွေးရာပါ မျက်စိ ကွယ်နေ ခဲ့တာ …
ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံး မြင်တွေ့ခွင့် ရတဲ့ နေ့ ပေါ့ … ”

လောကမှာ ရှိသမျှ လူ အားလုံးဟာ
သူ့အကြောင်း နဲ့သူ ရှိနေကြ ပါတယ် …

သူတို့ အကြောင်းကို သေချာ မသိဘဲ
သူတို့ကို ဆုံးဖြတ် မစောလိုက် ပါနဲ့ …

မူရင်း ခရစ်ဒစ်ပါ

LEAVE A REPLY

Please enter your comment!
Please enter your name here