
0
535

(Zawgyi)





သံသာ (Pyimyanmar)

(Unicode)

ချစ်သူကောင်မလေးကို ” အရူးမ ” လို့ ချစ်စနိုးနဲ့ခေါ်မိတဲ့ အတွက် ထောင် ၂ လ ကျသွားတဲ့ အမျိုးသား

ချစ်သူ စုံတွဲတွေ ကြားမှာ စနောက် ခေါ်ဆိုတာတွေ၊ ခိုက်ရန် ဖြစ်ပွားတာတွေ က မဆန်းပေမယ့် ယူအေအီး နိုင်ငံက အမျိုးသား တဦး ကတော့ သူ့ချစ်သူ မိန်းကလေးကို အရူးမ လို့ ခေါ်ဆိုမိ ခဲ့တာ ကြောင့် ထောင်ဒဏ် ရက် ၆၀ ချမှတ် ခံရ ပြီး ဒဏ်ငွေ ဒါရမ် ၂၀၀၀၀ (ကန်ဒေါ် လာ ၅၄၄၆ ခန့်) ချမှတ် အရေးယူ ခံလိုက် ရတယ်လို့ သိရ ပါတယ် ။

အရူးမ လို့ အနက် အဓိပ္ပာယ် ရတဲ့ အာရဗီ အသုံးအနှုန်းကို စနောက်တဲ့ အနေနဲ့ အဆိုပါ လူငယ် အမျိုး သားက WhatsApp ကနေ စာတို ရေးသား ပေးပို့ခဲ့ မိတာ ဖြစ်ပေမယ့် သူရဲ့ ချစ်သူ မိန်းကလေးကတော့ ဒါကို စနောက်တဲ့ သဘောလို့ မမှတ်ယူ နိုင်ဘဲ စော်ကား ရန်စတာ လို့ ယူဆ ခဲ့တာ ကြောင့် တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ် ။

ယူအေအီး နိုင်ငံမှာ တစုံတယောက်ကို စော်ကားတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ ဘယ်လို ဖော်ပြချက်ကို မဆို ဆိုရှယ် မီဒီယာ ကနေ ပေးပို့ မိရင် ဆိုက်ဘာ ရာဇဝတ်မှု အဖြစ် သတ်မှတ် ထားတာ ဖြစ်ပြီး တရားဥပဒေ အရ ပြစ်မှု ကျူးလွန်သူတွေ အနေနဲ့ ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ် အရေးယူ ခံရနိုင်ကာ ငွေဒဏ် ကိုလည်း ဒါရမ် ၁ သန်း ထိ (ဒေါ်လာ ၂၇၂၂၉၄ ထိ) ချမှတ် အရေးယူ ခံရနိုင်တယ် လို့ သိရ ပါတယ် ။

သံသာ (Pyimyanmar)

LEAVE A REPLY

Please enter your comment!
Please enter your name here