ဆရာမ​ေလးရယ္

0
3299

(Zawgyi)

ဆရာမ​ေလးရယ္

ဆရာမ စာအုပ္​မ်ား ကို လိုက္​စစ္​ ​ေန​ေလသည္​ ။

ၿငိမ္​း​ေမာင္​ တေယာက္​​ ေဇာ​ေခြၽး ျပန္​ကာ ပါ မလာ​ေသာ စာအုပ္​ကို အသဲ အသန္​ ႐ွာ​ေန၏ ။

” ဖိုး​ေထာင္​ မင္​း စာအုပ္​ပါလား ”

” ​ေအး ပါတယ္​ ”

” က ​ေတာက္​စ္​ ”

ၿငိမ္​း​ေမာင္​ မ​ေက်နပ္​​ ေပ ။

ဘုရားပြဲတြင္​ ႏွစ္​​ေယာက္​လံုး အတူတူ ကဲခဲ့ ၾကၿပီး မနက္​မွ ​ေက်ာင္​းလာသူ ခ်င္​း အတူတူ ဖိုး​ေထာင္​က စာအုပ္​ပါ၏ ။

သူက မပါ ။

” ၿငိမ္​း​ေမာင္​ စာအုပ္​ ဘယ္​မွာလဲ ”

” အခိုးခံလိုက္​ရတယ္​ ဆရာမ ”

” ​ေဟ … ”

ၿငိမ္​း​ေမာင္​ မီး​ေမႊး လုိက္​ၿပီ ျဖစ္​၏ … ။

တစ္​ခန္​းလံုး မ်က္​ခံုး လႈပ္​ၾက သည္​ …

အမႈ တြဲထဲ မည္​သူ ပါမည္​ ကို မသိ ။

” စာအုပ္​က ဘယ္​မွာ ထားတာလဲ ”

” လြယ္​အိပ္​ ထဲမွာပါ ဆရာမ ”

” နင္​့ စာအုပ္​က ဘာ တန္​ဖိုး ႀကီးလို႔ အခိုးခံ ရမွာလဲ

ၾကား မၾကားဖူး​ ေပါင္​​ေတာ္​

စာအုပ္​ ခိုးသတဲ့ ”

” သား လက္​​ေရး လွလွ​ေလး​ ေတြကို သူတို႔ ​ေႂကြသြားလို႔​ ​ေနမယ္​ ဆရာမ ”

” ဟမ္​့ ”

ယံုခ်င္​ စရာ မ႐ွိ ။ ၿငိမ္​း​ေမာင္​ ​ေရးသည္​့စာက ႏွစ္​ရက္​​ေလာက္​​ ေက်ာ္​သြားလွ်င္​

သူ ကိုယ္​တိုင္​ ပင္​ ျပန္​ မဖတ္​​တတ္​​ ေတာ့​ေလာက္​​ေအာင္​ ႐ႈပ္​၏ ။

ထို လက္​​ေရးက လွသည္​ လား ။

” ကဲ…  နင္​့​ေဘးနားက သူငယ္​ခ်င္​း​ေတြဆီ ႐ွာၾကည္​့စမ္​း …. ”

” ဟုတ္​ …”

​ေထြ​ေထြ ထူးထူး ႐ွာမ​ေန​ ေတာ့ပါ ။

ဖိုး​ေထာင္​၏ လြယ္​အိတ္​ကို ဖမ္​းကိုင္​ လိုက္​တယ္​ ​အၾကံ သမားကိုး … ။

” ​ေဟ်ာင္​့ ငါ့လြယ္​အိပ္​ ဘာလုပ္​တာလဲ ”

” ႐ွာမယ္​​ေလ ဆရာမ ႐ွာခိုင္​းတာ ”

” မင္​း ​ေပါက္​ကရ မလုပ္​နဲ႔​ေနာ္​ ​ေဟ်ာင္​့ ”

” ​ေအးးးပါ ”

ဖိုး​ေထာင္​ႏွင္​့ အျခား သံုး​ေယာက္​ အတန္​း အျပင္​ ထြက္​သြား ၾက၏ ။

စာအုပ္​က ​ေထြ​ေထြ ထူးထူး ႐ွာစရာ မလို​ေပ ။ ဖိုး​ေထာင္​ ​ေရးထား သည္​့ စာအုပ္​ ႐ွိ၏ ။ လက္​​ေရး ကလည္​း ပဲပင္​​ေပါက္​ ခ်င္​းမို႔ သိပ္​ မကြာလွ​ေပ

” ​ေတြ႔ၿပီ ဆရာမ ”

စာအုပ္​ကို ဆြဲကာ … အတန္​း​ေ႐ွ႕မွ ဆရာမဆီ တန္​း​ေျပး ၏ ။

တကယ္​​ ေရးထား သည္​က ဖိုး​ေထာင္​ … ။

” ဘယ္​သူ႔ထဲကလဲ ”

” ဖိုး​ေထာင္​ ”

” ဟြန႔္​ …. လာစမ္​း ဖိုး​ေထာင္​ ”

တစ္​တန္​းလံုး ၿငိမ္​က် သြားျပန္​ ၏ ။

ကိုယ္​့စာအုပ္​ႏွင္​့ ကိုယ္​ ျဖစ္​​ေသာ္​လည္​း သူ႔ အ​ေၾကာင္​းႏွင္​့ သူမို႔ ဖိုး​ေထာင္​ ျပန္​ မ​ေျပာရဲ ႐ွာ​ေပ ။ စာအုပ္​ ကလည္​း နာမည္​ ထိုးမထား မိလိုက္​

” ​ေျပာစမ္​း.. ဒါ ၿငိမ္​း​ေမာင္​ စာအုပ္​လား ”

” ဟုတ္​ ဟုတ္​ကဲ့ …. ဟိုဟာ​ေလ ”

” ​ေမး​ေနတာ ​ေျဖ​ေလ…

ဒါ ၿငိမ္​း​ေမာင္​ စာအုပ္​လား ”

” ဟုတ္​တယ္​ …  ဆရာမ ”

” က်န္​း .. က်န္​း  ​ေတနာ​ေလး သူမ်ားပစၥည္​း ခိုးစရာလား ”

သူ႔စာအုပ္​ ဟုသာ အ​ေျပာခံ လိုက္​ရ သည္​။ ၿငိမ္​း​ေမာင္​ စိတ္​မ​ေအး ႏိုင္​​ေပ ။

ဖိုး​ေထာင္​တြင္​ အ​ေၾကာင္​း တစ္​ခုခု ႐ွိရ မည္​ ။ သူလည္​း မ်က္​ခံုး လုပ္​၏ ။

” မင္​း ဘာ​ေၾကာင္​့ သူမ်ား စာအုပ္​ကို ခိုးရတာလဲ ”

” မလုပ္​ … လုပ္​ ”

ဆရာမက စာအုပ္​ကို ခါ​ေနသျဖင္​့ ဖိုး​ေထာင္​ တားလိုက္​ ပါသည္​။

သို႔​ေသာ္​ မမီ လိုက္​ပါ စာရြက္​မ်ား ၾကားမွ စကၠ​ေခါက္​​ေလး တစ္​ခု ထြက္​က် လာ​ေလ၏ ။

” ငစ္​.. ”

” တိန္​ …….. ”

ၿငိမ္​း​ေမာင္​ လန္​႔​ေလၿပီ ။

ႏွစ္​​ေယာက္​ ​ေပါင္​းကာ ဘဝ ဆံုးႏိုင္​ဖြယ္ ႐ွိ၏ ။

ဆရာမက လြင္​့က်သြားတဲ့ စကၠဴ​ေခါက္​​ေလးကို ​ေကာက္​ၾကည္​့လိုက္​သည္​။

” မွန္​းစမ္​း….  အ​ေႂကြးစာရင္​း​ေတြ မွတ္​ထားတာလား ”

သြားၿပီ ။

ဖိုး​ေထာင္​ ႏွလံုး ခုန္​သံ က ပိုပို ျမန္​လာ၏ ။

လူလည္​ က်သည္​့ ၿငိမ္​း​ေမာင္​လည္​း မ်က္​ျဖဴ လန္​​ ​ေလ၏ ။

စာအုပ္​က သူ႔စာအုပ္​ ျဖစ္​​ေနၿပီ မဟုတ္​လား ။

” အမယ္​…  စာ​ေလးပဲ

နား​ေထာင္​ၾကစမ္​း … ဆရာမ ဖတ္​ျပမယ္​ ”

” သိပ္​ခ်စ္​တယ္​ … အမယ္​့ ”

ဆရာမ ရြဲ႔​ေနမွန္​း ႏွစ္​​ေယာက္​လံုး သိတယ္​ ။

” တစ္​ခန္​းလံုး ဘယ္​သူမွ မျမင္​ လိုက္​တဲ့ ထဘီ ကြၽတ္​က် တဲ့ အခိုက္​ အတန္​႔ကို ျပန္​လြမ္​းတယ္​ … ဟယ္​ … ၿငိမ္​း​ေမာင္​ နင္​​ေတာ့​ေနာ္​ ”

” အစား​ေတြ နင္​းကန္​ စားၿပီး ဝ လာတာ​ေလးလဲ ခ်စ္​တယ္​…. အို ”

” ကိုယ္​့ကို ဘယ္​​ေလာက္​ပဲ နာက်င္​​ေအာင္​ မင္​း လုပ္​လုပ္​ …

ကိုယ္​ ႀကိတ္​မွိတ္​ ခံၿပီး ခ်စ္​မယ္​ …

အို ခ်စ္​​ေသာ ”

ဆရာမ ဖတ္​သည္​့ အသံက ရပ္​သြား၏ ။

တစ္​ခန္​းလံုး ​ေၾကာင္​ အမ္​းအမ္​း ႏွင္​့ …

” ဟဲ့ …  နင္​့ စာက ဆံုးၿပီလား…..”

ၿငိမ္​း​ေမာင္​ ဘာမွ မသိ၍ ၿငိမ္​သာ ​ေနလိုက္​သည္​ ။

စာက သူ​ေရး သည္​မွ မဟုတ္​တာ ။

​ေ႐ွ႕ဆံုး တန္​းမွ ဇက္​ဇက္​ ၾကဲမ ထလာ၏ ။

” စာက  မဆံုး​ေသးဘူး ….

ဆရာမ အ​ေနာက္​ဘက္​မွာ ပါ​ေသးတယ္​ ”

”  အ​ေနာက္​မွာ ဘာ​ေရးထား တာလဲ သမီးရဲ႕ …. ”

” အို …  ခ်စ္​တဲ့ ဆရာမ​ေလးရယ္​ ” တဲ့ ….

” ဘာာာာ ….!!! ”

ႏွစ္​​ေယာက္​သား အျပစ္​ခ်င္​း အလဲ အလွယ္​ လုပ္​ကာ အီစလန္​​ ေဝ​ေအာင္​

အ​ေဆာ္​ ခံလိုက္​ရ​ ေလ​ေတာ့သည္​။

က​ေတာက္​စ္​!!!

NNNT

(Unicode)

ဆရာမလေးရယ်

ဆရာမ စာအုပ်များ ကို လိုက်စစ် နေလေသည် ။

ငြိမ်းမောင် တယောက် ဇောချွေး ပြန်ကာ ပါ မလာသော စာအုပ်ကို အသဲ အသန် ရှာနေ၏ ။

” ဖိုးထောင် မင်း စာအုပ်ပါလား ”

” အေး ပါတယ် ”

” က တောက်စ် ”

ငြိမ်းမောင် မကျေနပ် ပေ ။

ဘုရားပွဲတွင် နှစ်ယောက်လုံး အတူတူ ကဲခဲ့ ကြပြီး မနက်မှ ကျောင်းလာသူ ချင်း အတူတူ ဖိုးထောင်က စာအုပ်ပါ၏ ။

သူက မပါ ။

” ငြိမ်းမောင် စာအုပ် ဘယ်မှာလဲ ”

” အခိုးခံလိုက်ရတယ် ဆရာမ ”

” ဟေ … ”

ငြိမ်းမောင် မီးမွှေး လိုက်ပြီ ဖြစ်၏ … ။

တစ်ခန်းလုံး မျက်ခုံး လှုပ်ကြ သည် …

အမှု တွဲထဲ မည်သူ ပါမည် ကို မသိ ။

” စာအုပ်က ဘယ်မှာ ထားတာလဲ ”

” လွယ်အိပ် ထဲမှာပါ ဆရာမ ”

” နင့် စာအုပ်က ဘာ တန်ဖိုး ကြီးလို့ အခိုးခံ ရမှာလဲ

ကြား မကြားဖူး ပေါင်တော်

စာအုပ် ခိုးသတဲ့ ”

” သား လက်ရေး လှလှလေး တွေကို သူတို့ ကြွေသွားလို့ နေမယ် ဆရာမ ”

” ဟမ့် ”

ယုံချင် စရာ မရှိ ။ ငြိမ်းမောင် ရေးသည့်စာက နှစ်ရက်လောက် ကျော်သွားလျှင်

သူ ကိုယ်တိုင် ပင် ပြန် မဖတ်တတ် တော့လောက်အောင် ရှုပ်၏ ။

ထို လက်ရေးက လှသည် လား ။

” ကဲ…  နင့်ဘေးနားက သူငယ်ချင်းတွေဆီ ရှာကြည့်စမ်း …. ”

” ဟုတ် …”

ထွေထွေ ထူးထူး ရှာမနေ တော့ပါ ။

ဖိုးထောင်၏ လွယ်အိတ်ကို ဖမ်းကိုင် လိုက်တယ် အကြံ သမားကိုး … ။

” ဟျောင့် ငါ့လွယ်အိပ် ဘာလုပ်တာလဲ ”

” ရှာမယ်လေ ဆရာမ ရှာခိုင်းတာ ”

” မင်း ပေါက်ကရ မလုပ်နဲ့နော် ဟျောင့် ”

” အေးးးပါ ”

ဖိုးထောင်နှင့် အခြား သုံးယောက် အတန်း အပြင် ထွက်သွား ကြ၏ ။

စာအုပ်က ထွေထွေ ထူးထူး ရှာစရာ မလိုပေ ။ ဖိုးထောင် ရေးထား သည့် စာအုပ် ရှိ၏ ။ လက်ရေး ကလည်း ပဲပင်ပေါက် ချင်းမို့ သိပ် မကွာလှပေ

” တွေ့ပြီ ဆရာမ ”

စာအုပ်ကို ဆွဲကာ … အတန်းရှေ့မှ ဆရာမဆီ တန်းပြေး ၏ ။

တကယ် ရေးထား သည်က ဖိုးထောင် … ။

” ဘယ်သူ့ထဲကလဲ ”

” ဖိုးထောင် ”

” ဟွန့် …. လာစမ်း ဖိုးထောင် ”

တစ်တန်းလုံး ငြိမ်ကျ သွားပြန် ၏ ။

ကိုယ့်စာအုပ်နှင့် ကိုယ် ဖြစ်သော်လည်း သူ့ အကြောင်းနှင့် သူမို့ ဖိုးထောင် ပြန် မပြောရဲ ရှာပေ ။ စာအုပ် ကလည်း နာမည် ထိုးမထား မိလိုက်

” ပြောစမ်း.. ဒါ ငြိမ်းမောင် စာအုပ်လား ”

” ဟုတ် ဟုတ်ကဲ့ …. ဟိုဟာလေ ”

” မေးနေတာ ဖြေလေ…

ဒါ ငြိမ်းမောင် စာအုပ်လား ”

” ဟုတ်တယ် …  ဆရာမ ”

” ကျန်း .. ကျန်း  တေနာလေး သူများပစ္စည်း ခိုးစရာလား ”

သူ့စာအုပ် ဟုသာ အပြောခံ လိုက်ရ သည်။ ငြိမ်းမောင် စိတ်မအေး နိုင်ပေ ။

ဖိုးထောင်တွင် အကြောင်း တစ်ခုခု ရှိရ မည် ။ သူလည်း မျက်ခုံး လုပ်၏ ။

” မင်း ဘာကြောင့် သူများ စာအုပ်ကို ခိုးရတာလဲ ”

” မလုပ် … လုပ် ”

ဆရာမက စာအုပ်ကို ခါနေသဖြင့် ဖိုးထောင် တားလိုက် ပါသည်။

သို့သော် မမီ လိုက်ပါ စာရွက်များ ကြားမှ စက္ကခေါက်လေး တစ်ခု ထွက်ကျ လာလေ၏ ။

” ငစ်.. ”

” တိန် …….. ”

ငြိမ်းမောင် လန့်လေပြီ ။

နှစ်ယောက် ပေါင်းကာ ဘဝ ဆုံးနိုင်ဖွယ် ရှိ၏ ။

ဆရာမက လွင့်ကျသွားတဲ့ စက္ကူခေါက်လေးကို ကောက်ကြည့်လိုက်သည်။

” မှန်းစမ်း….  အကြွေးစာရင်းတွေ မှတ်ထားတာလား ”

သွားပြီ ။

ဖိုးထောင် နှလုံး ခုန်သံ က ပိုပို မြန်လာ၏ ။

လူလည် ကျသည့် ငြိမ်းမောင်လည်း မျက်ဖြူ လန် လေ၏ ။

စာအုပ်က သူ့စာအုပ် ဖြစ်နေပြီ မဟုတ်လား ။

” အမယ်…  စာလေးပဲ

နားထောင်ကြစမ်း … ဆရာမ ဖတ်ပြမယ် ”

” သိပ်ချစ်တယ် … အမယ့် ”

ဆရာမ ရွဲ့နေမှန်း နှစ်ယောက်လုံး သိတယ် ။

” တစ်ခန်းလုံး ဘယ်သူမှ မမြင် လိုက်တဲ့ ထဘီ ကျွတ်ကျ တဲ့ အခိုက် အတန့်ကို ပြန်လွမ်းတယ် … ဟယ် … ငြိမ်းမောင် နင်တော့နော် ”

” အစားတွေ နင်းကန် စားပြီး ဝ လာတာလေးလဲ ချစ်တယ်…. အို ”

” ကိုယ့်ကို ဘယ်လောက်ပဲ နာကျင်အောင် မင်း လုပ်လုပ် …

ကိုယ် ကြိတ်မှိတ် ခံပြီး ချစ်မယ် …

အို ချစ်သော ”

ဆရာမ ဖတ်သည့် အသံက ရပ်သွား၏ ။

တစ်ခန်းလုံး ကြောင် အမ်းအမ်း နှင့် …

” ဟဲ့ …  နင့် စာက ဆုံးပြီလား…..”

ငြိမ်းမောင် ဘာမှ မသိ၍ ငြိမ်သာ နေလိုက်သည် ။

စာက သူရေး သည်မှ မဟုတ်တာ ။

ရှေ့ဆုံး တန်းမှ ဇက်ဇက် ကြဲမ ထလာ၏ ။

” စာက  မဆုံးသေးဘူး ….

ဆရာမ အနောက်ဘက်မှာ ပါသေးတယ် ”

”  အနောက်မှာ ဘာရေးထား တာလဲ သမီးရဲ့ …. ”

” အို …  ချစ်တဲ့ ဆရာမလေးရယ် ” တဲ့ ….

” ဘာာာာ ….!!! ”

နှစ်ယောက်သား အပြစ်ချင်း အလဲ အလှယ် လုပ်ကာ အီစလန် ဝေအောင်

အဆော် ခံလိုက်ရ လေတော့သည်။

ကတောက်စ်!!!

NNNT

LEAVE A REPLY

Please enter your comment!
Please enter your name here