ညီမေလးရဲ႕ ဆႏၵေတြ အကုန္ ျဖည့္ဆည္းေပးမယ္

0
5060

(Zawgyi)

ညီမေလးရဲ႕ ဆႏၵေတြ အကုန္ ျဖည့္ဆည္းေပးမယ္

ေကတီဗြီ တခု ထဲ တြင္ ျဖစ္သည္။

ကိုဇိုႀကီး သည္ မိုက္ကိုင္ ထားေသာ ေကာင္မေလး ကို ရင္ခြင္ထဲ ဆြဲသြင္း လိုက္၏။

ေကာင္မေလးက ႐ုန္းကန္မည္ ျပဳေသာအခါ …

” ညီမ နားကပ္ေလးက .. ​ေသးလြန္း ေတာ့ .. ညီမ နဲ႔ မလိုက္ဘူး …

ကိုႀကီးက ဒီထက္ ႀကီးၿပီး လွတာေလး .. လုပ္ေပး တတ္တယ္ .. သိလား ”

ေကာင္မေလးက မ႐ုန္းကန္ ေတာ့ပဲ မ်က္လႊာေလး ခ်ထား လိုက္သည္။

ကိုဇိုႀကီး က ေကာင္မေလး၏ ေမးေစ့ ကို လက္ျဖင့္ အသာ မလိုက္ၿပီး ႏွာေခါင္းကို ေ႐ွ႕တိုး လိုက္၏ ။

ေကာင္မေလးက အလိုက္သင့္ ေ႐ွာင္တိမ္း ရန္ ျပင္လိုက္စဥ္

” အင္း .. ညီမ လည္တိုင္ေလး ေတြက ဝင္းမြတ္ ေနတာပဲ … ေရႊဆြဲႀကိဳးေလးနဲ႔ ဆို သိပ္ လွမွာ .. ကိုႀကီးက ဆြဲႀကိဳး လွလွ ေလးလည္း လုပ္ေပး တတ္တယ္ ”

ထို႔ေနာက္တြင္ ေတာ့ ..

ကိုဇိုႀကီး ၏ တိုက္စစ္ က ေကာင္မေလး ၏ တကြင္းလံုး အႏွံ ။

ပါးစပ္ကလည္း … လက္ေကာက္ ၊ ဟန္းခ်ိန္း ၊ ေရႊရင္ထိုး ၊ ေရႊေျခက်င္း အထိ လုပ္ေပး တတ္တယ္ ဟူသည္ ခ်ည္း ။

ဆက္႐ွင္ ျပည့္ၿပီး ေငြ႐ွင္း ေခ်ၿပီ ။

ကိုဇိုႀကီး က ေကာင္မေလးကို မုန္႔ဖိုး တေထာင္ ေပး၏ ။

” ဟင္ … အကိုႀကီး ကလည္း …

အကိုႀကီး အဆင့္ နဲ႔ ဒီတေထာင္ ထဲ ”

” အင္းေလ … ဘာလို႔လဲ ”

” ခုန ေျပာေတာ့ .. ေရႊနားကပ္ေတြ ၊ ဆြဲႀကိဳးေတြ လုပ္ေပး တတ္တယ္ဆို ….

ေနာက္ေန႔ေနာ္ .. ကိုႀကီး .. တကယ္ လုပ္ေပး ရမွာ .. သိလား ”

” ေၾသာ္ .. ေအး .. ဟုတ္တယ္ေလ … လုပ္ေပး မွာေပါ့ ..

ညီမ လုပ္ခ်င္တဲ့ ပံုစံ နဲ႔ ဘယ္ႏွစ္က်ပ္သား လုပ္မလဲ သာေျပာ …

ေငြသာ ခ်ေပး .. တပတ္ အတြင္း ပစၥည္း ရေစမယ္ ”

” ဟမ္ …. ႐ွင္က သူေဌး မဟုတ္ဘူးလား ”

” အာ .. ဘယ္ကသာ …. ငါက ပန္းတိမ္ဆရာ ေလ …

ပန္းတိမ္ဇိုႀကီး ဆိုၿပီးသာ ေက်ာက္ေျမာင္းထိပ္က ဆိုက္ကားဂိတ္ေတြ ကို ေမးလိုက္ ..

ဒါပဲေနာ္ .. ညီမ .. တာတာ့ ”

ေကာင္မေလးသည္ မူရင္းဌာေန ႏွင့္ ခြၽတ္ေခ်ာ္ ကုန္ေသာ သူမ၏ အတြင္း ကာဗာ မ်ားအား ျပန္ေနရာ ေရြ႕ လိုက္ရင္း …

” ေသခ်င္းဇိုးႀကီး … ငါ့ ကို ညာ ကိုင္ သြားတယ္ ”

ၿဗိတိသွ်ကိုကိုေမာင္

(Unicode)

ညီမလေးရဲ့ ဆန္ဒတွေ အကုန် ဖြည့်ဆည်းပေးမယ်

ကေတီဗွီ တခု ထဲ တွင် ဖြစ်သည်။

ကိုဇိုကြီး သည် မိုက်ကိုင် ထားသော ကောင်မလေး ကို ရင်ခွင်ထဲ ဆွဲသွင်း လိုက်၏။

ကောင်မလေးက ရုန်းကန်မည် ပြုသောအခါ …

” ညီမ နားကပ်လေးက .. သေးလွန်း တော့ .. ညီမ နဲ့ မလိုက်ဘူး …

ကိုကြီးက ဒီထက် ကြီးပြီး လှတာလေး .. လုပ်ပေး တတ်တယ် .. သိလား ”

ကောင်မလေးက မရုန်းကန် တော့ပဲ မျက်လွှာလေး ချထား လိုက်သည်။

ကိုဇိုကြီး က ကောင်မလေး၏ မေးစေ့ ကို လက်ဖြင့် အသာ မလိုက်ပြီး နှာခေါင်းကို ရှေ့တိုး လိုက်၏ ။

ကောင်မလေးက အလိုက်သင့် ရှောင်တိမ်း ရန် ပြင်လိုက်စဉ်

” အင်း .. ညီမ လည်တိုင်လေး တွေက ဝင်းမွတ် နေတာပဲ … ရွှေဆွဲကြိုးလေးနဲ့ ဆို သိပ် လှမှာ .. ကိုကြီးက ဆွဲကြိုး လှလှ လေးလည်း လုပ်ပေး တတ်တယ် ”

ထို့နောက်တွင် တော့ ..

ကိုဇိုကြီး ၏ တိုက်စစ် က ကောင်မလေး ၏ တကွင်းလုံး အနှံ ။

ပါးစပ်ကလည်း … လက်ကောက် ၊ ဟန်းချိန်း ၊ ရွှေရင်ထိုး ၊ ရွှေခြေကျင်း အထိ လုပ်ပေး တတ်တယ် ဟူသည် ချည်း ။

ဆက်ရှင် ပြည့်ပြီး ငွေရှင်း ချေပြီ ။

ကိုဇိုကြီး က ကောင်မလေးကို မုန့်ဖိုး တထောင် ပေး၏ ။

” ဟင် … အကိုကြီး ကလည်း …

အကိုကြီး အဆင့် နဲ့ ဒီတထောင် ထဲ ”

” အင်းလေ … ဘာလို့လဲ ”

” ခုန ပြောတော့ .. ရွှေနားကပ်တွေ ၊ ဆွဲကြိုးတွေ လုပ်ပေး တတ်တယ်ဆို ….

နောက်နေ့နော် .. ကိုကြီး .. တကယ် လုပ်ပေး ရမှာ .. သိလား ”

” သြော် .. အေး .. ဟုတ်တယ်လေ … လုပ်ပေး မှာပေါ့ ..

ညီမ လုပ်ချင်တဲ့ ပုံစံ နဲ့ ဘယ်နှစ်ကျပ်သား လုပ်မလဲ သာပြော …

ငွေသာ ချပေး .. တပတ် အတွင်း ပစ္စည်း ရစေမယ် ”

” ဟမ် …. ရှင်က သူဌေး မဟုတ်ဘူးလား ”

” အာ .. ဘယ်ကသာ …. ငါက ပန်းတိမ်ဆရာ လေ …

ပန်းတိမ်ဇိုကြီး ဆိုပြီးသာ ကျောက်မြောင်းထိပ်က ဆိုက်ကားဂိတ်တွေ ကို မေးလိုက် ..

ဒါပဲနော် .. ညီမ .. တာတာ့ ”

ကောင်မလေးသည် မူရင်းဌာနေ နှင့် ချွတ်ချော် ကုန်သော သူမ၏ အတွင်း ကာဗာ များအား ပြန်နေရာ ရွေ့ လိုက်ရင်း …

” သေချင်းဇိုးကြီး … ငါ့ ကို ညာ ကိုင် သွားတယ် ”

ဗြိတိသျှကိုကိုမောင်