(Zawgyi)
အပြစ်ကင်းသူလေး
လူတယောက်ဟာ
တိန်
ဗန်းမော်သိန်းဖေ
(Unicode)
အပြစ်ကင်းသူလေး
လူတယောက်ဟာ
တည သူ့အိမ်မှာ ဘီယာတွေ အလွန်အကျွံ သောက်ပြီး
မိန်းမနဲ့ အကြီးအကျယ် စကားများ ရန်ဖြစ် ကြတယ် ။
နောက်တော့ မူးပြီး အိပ်ပျော် သွားတယ် ။
မနက် အိပ်ယာ ထတော့ အမူးပြေ သွားပြီး
ညက မိန်းမနဲ့ စကားများ ရန်ဖြစ်တာကို နောင်တ ရနေတယ် ။
ဒါကြောင့် ညက သောက်ထားတဲ့
ဘီယာပုလင်းခွံတွေ ထည့်ထားတဲ့ စက္ကူပုံးကို
အိမ် အပြင်ကို သယ်ထုတ် လာပြီး ပုလင်းတွေကို အိမ်နံရံကို ပစ်ပေါက်ခွဲ နေတယ် ။
” ငါ့မိန်းမနဲ့ ရန်ဖြစ်တာ မင်းကြောင့် ” ဆိုပြီး
ပထမဆုံး ပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။
” ငါ့ကလေးတွေ ငါ့ကို မချစ် တော့တာ မင်းကြောင့် ”
ဆိုပြီး ဒုတိယ ပုလင်း ကို ပစ်ပေါက်ခွဲ လိုက်တယ် ။
” ငါ့မှာ အလုပ် ကောင်းကောင်း မရတာ မင်းကြောင့် ”
ဆိုပြီး တတိယ ပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။
စတုတ္ထ ပုလင်း ကို ပစ်ခွဲဖို့ ထုတ်လိုက် တယ် ။
ပုလင်းဟာ မဖွင့်ရသေး သလို ဘီယာတွေ ရှိနေတာကို တွေ့လိုက်တယ် ။
သူဟာ ပုလင်းကို ပစ်ပေါက် မလို့ ရွယ်လိုက်ပြီးမှ
ခဏ စဉ်းစားပြီး ပုလင်းကို ပြန်ချရင်း ခုလို ပြောလိုက်တယ် ။
” ဒီကိစ္စမှာ မင်းမပါဘူး ဆိုတာ ငါ သိပါတယ်ကွာ ”
တိန်
ဗန်းမော်သိန်းဖေ