ေယာက္်ားေတြကို ပယ္ပယ္ နယ္နယ္ ေစာ္ကားပစ္လိုက္ ၾကစမ္းပါ

0
2392

(Zawgyi)

ေယာက္်ားေတြကို ပယ္ပယ္ နယ္နယ္ ေစာ္ကားပစ္လိုက္ ၾကစမ္းပါ

ျမန္မာၿပည္က မိန္းကေလးေတြကို အႀကံတခုေလာက္ ေပးခ်င္တယ္ ။
ေယာက္်ားေလးေတြနဲ႔ ၿဖစ္ၿပီးရင္ ကာမလိမ္ယူ ခံလိုက္ရတယ္
ကိုယ္က ခံလိုက္ရတယ္ လို႕ မေတြးဘဲ
တခါတေလ ေယာက္်ားေလးေတြကို
ပယ္ပယ္ နယ္နယ္ ေစာ္ကား ပစ္လိုက္တယ္ လို႔
ခပ္ရင့္ရင့္ ေတြးႀကည့္ စမ္းပါ ။

အေမရိကားမွ ာဆိုရင္ မိန္းကေလးေတြက အဲ့သလို ရင့္တာ ။
နႇစ္ဦး သေဘာတူ ခ်ိန္းတယ္ေနာ္ ။
ႏွစ္ေယာက္ အတူ ခ်စ္ရည္လူး ၾကတယ္ ။
ကိုယ္ႀကိဳက္လို႔ ကိုယ္လုပ္တာေနာ္။
နင္ၿမဴဆြယ္လို႔ ပါတာ မဟုတ္ဘူး။
ၿငိမ္ၿငိမ္ေန ။ ေလွ်ာက္ေၿပာရင္ ေနာက္တခါ မေတြ႕ဘူး ။
ငတ္မယ္ ။

အဲ့သလို ရာဇသံ ေပးထားေတာ့
ေယာက္်ားေတြခမ်ာ ျငိမ္ေန ရတယ္ ။

လိင္ကိစၥေတြမွာ
လူေတြရဲ႕ စိတ္ေရာဂါကို ေတြ႕ရတယ္။
ဥပမာ ကိုယ္က ခံလိုက္ရတယ္ လို႕ ေတြးေနရင္
အလိုလို အနိမ့္ဘက္က ေရာက္သြားတယ္ ။
အေမရိကန္က ေကာင္မေလးေတြလို ရာဇသံ ေပးတတ္ရမယ္ ။
ၿငိမ္ၿငိမ္ေနေနာ္ ။
ပါးစပ္က ေလွ်ာက္ေၿပာရင္ ေနာက္တခါ မေတြ႕ဘူး။
ငတ္မယ္ လို႕ ၿခိမ္းေၿခာက္ လိုက္ေတာ့
ေယာက္်ားေလးေတြက အလုိလုိ အနိမ့္ဘက္က ေရာက္သြားတယ္ ။
မိန္းမဆိုတာ ပင္လယ္ေရလို ပဲေလ ။

ဒါေႀကာင့္ ေယာက္်ားေတြကို
Psychology Warfare လုပ္ဖို႔ ျပင္ဆင္ထား သင့္တယ္ ။

ဟိုမွာ ႀကာသပေတးေန႕ ဆိုရင္
Lady Night ဆုိတာ ရိွတယ္။
ေယာက္်ားေလးေတြက မိန္းမေတြကို ကၿပရတဲ့ ပဲြေပါ့ ။
သူတို႔ရဲ႕ ႀကြက္သားေတြကို ၿပၿပီး တလႊာခ်င္း ခၽြတ္ ကရတာ ။

တစ္ခါေတာ့ အမ်ိဳးသမီး တေယာက္က
စင္ေပၚမွာ ကေနတဲ့ ေယာက္်ားေလးကို တေဒၚလာေပးလိုက္ ၊ ဖင္ရိုက္လိုက္ လုပ္ၿပီး
သေဘာ အက်ႀကီး က်ေနတယ္ ။
ၾကာေတာ့ အရိုက္ ခံရတဲ့ ေကာင္ေလးက မေနႏိုင္ေတာ့ဘူး ။ နာတာကိုး ။

” ဟယ္လို ေလဒီ
ဘာေႀကာင့္ ငါ့ကို တဖတ္ဖတ္နဲ႔ ရိုက္ေနရတာလဲ ”

” အိမ္က ေယာက္်ားကို အၿမင္ကပ္ေနတာ ႀကာၿပီ
သူ႕ကို မရိုက္ရလို႕ မင္းကို တေဒၚလာေပးၿပီး ရိုက္တာ ။

အခုေတာ့ ငါ သိပ္ကို ေက်နပ္သြားၿပီ
ေယာက္်ားဆိုတဲ့ ေကာင္ေတြဟာ
တေဒၚလာေပးရင္ ဖင္ရိုက္လို႔ ရတာပါလား ဆိုတာ သိသြားၿပီ ” တဲ့ ။

အိမ္က ေကာင္ေတာ့ ေရွ႕ေလွ်ာက္ ေတြ႕မယ္ ဆိုတဲ့ သေဘာ ။

ေကာင္ေလး ချမာမွာလဲ
” ေအးေလ
မင္းရဲ႕အိမ္ေထာင္ေရး အတြက္ ထြက္ေပါက္တခု ရသြားတယ္ ဆိုရင္
ငါလည္း နာရက်ိဳး နပ္ပါတယ္ ရိုက္ပါ ” တဲ့ ။
အမ်ိဳးသမီးလည္း တဟားဟားနဲ႕ ကလပ္ထဲက ၿပန္သြားတယ္ ။

ဘာပဲၿဖစ္ၿဖစ္ စိတ္ခ်မ္းသာႀကရင္ ၿပီးတာပါပဲ။

ဘဝဆိုတာ ဒီလိုေပါ့ ။
တခါတေလ ထြက္ေပါက္ေလးေတြ လိုတယ္ ။
မေက်နပ္တဲ့ အခါ တစံုတေယာက္ကို စိန္ေၿပနေၿပ ရုိက္ပစ္ဖို႔ လိုတယ္ ။

ေယာက္်ားေတြကို ပယ္ပယ္ နယ္နယ္ ေစာ္ကားပစ္လိုက္ ၾကစမ္းပါ ။

CRD

(Unicode)

ယောက်ျားတွေကို ပယ်ပယ် နယ်နယ် စော်ကားပစ်လိုက် ကြစမ်းပါ

မြန်မာပြည်က မိန်းကလေးတွေကို အကြံတခုလောက် ပေးချင်တယ် ။
ယောက်ျားလေးတွေနဲ့ ဖြစ်ပြီးရင် ကာမလိမ်ယူ ခံလိုက်ရတယ်
ကိုယ်က ခံလိုက်ရတယ် လို့ မတွေးဘဲ
တခါတလေ ယောက်ျားလေးတွေကို
ပယ်ပယ် နယ်နယ် စော်ကား ပစ်လိုက်တယ် လို့
ခပ်ရင့်ရင့် တွေးကြည့် စမ်းပါ ။

အမေရိကားမှ ာဆိုရင် မိန်းကလေးတွေက အဲ့သလို ရင့်တာ ။
နှစ်ဦး သဘောတူ ချိန်းတယ်နော် ။
နှစ်ယောက် အတူ ချစ်ရည်လူး ကြတယ် ။
ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာနော်။
နင်မြူဆွယ်လို့ ပါတာ မဟုတ်ဘူး။
ငြိမ်ငြိမ်နေ ။ လျှောက်ပြောရင် နောက်တခါ မတွေ့ဘူး ။
ငတ်မယ် ။

အဲ့သလို ရာဇသံ ပေးထားတော့
ယောက်ျားတွေခမျာ ငြိမ်နေ ရတယ် ။

လိင်ကိစ္စတွေမှာ
လူတွေရဲ့ စိတ်ရောဂါကို တွေ့ရတယ်။
ဥပမာ ကိုယ်က ခံလိုက်ရတယ် လို့ တွေးနေရင်
အလိုလို အနိမ့်ဘက်က ရောက်သွားတယ် ။
အမေရိကန်က ကောင်မလေးတွေလို ရာဇသံ ပေးတတ်ရမယ် ။
ငြိမ်ငြိမ်နေနော် ။
ပါးစပ်က လျှောက်ပြောရင် နောက်တခါ မတွေ့ဘူး။
ငတ်မယ် လို့ ခြိမ်းခြောက် လိုက်တော့
ယောက်ျားလေးတွေက အလိုလို အနိမ့်ဘက်က ရောက်သွားတယ် ။
မိန်းမဆိုတာ ပင်လယ်ရေလို ပဲလေ ။

ဒါကြောင့် ယောက်ျားတွေကို
Psychology Warfare လုပ်ဖို့ ပြင်ဆင်ထား သင့်တယ် ။

ဟိုမှာ ကြာသပတေးနေ့ ဆိုရင်
Lady Night ဆိုတာ ရှိတယ်။
ယောက်ျားလေးတွေက မိန်းမတွေကို ကပြရတဲ့ ပွဲပေါ့ ။
သူတို့ရဲ့ ကြွက်သားတွေကို ပြပြီး တလွှာချင်း ချွတ် ကရတာ ။

တစ်ခါတော့ အမျိုးသမီး တယောက်က
စင်ပေါ်မှာ ကနေတဲ့ ယောက်ျားလေးကို တဒေါ်လာပေးလိုက် ၊ ဖင်ရိုက်လိုက် လုပ်ပြီး
သဘော အကျကြီး ကျနေတယ် ။
ကြာတော့ အရိုက် ခံရတဲ့ ကောင်လေးက မနေနိုင်တော့ဘူး ။ နာတာကိုး ။

” ဟယ်လို လေဒီ
ဘာကြောင့် ငါ့ကို တဖတ်ဖတ်နဲ့ ရိုက်နေရတာလဲ ”

” အိမ်က ယောက်ျားကို အမြင်ကပ်နေတာ ကြာပြီ
သူ့ကို မရိုက်ရလို့ မင်းကို တဒေါ်လာပေးပြီး ရိုက်တာ ။

အခုတော့ ငါ သိပ်ကို ကျေနပ်သွားပြီ
ယောက်ျားဆိုတဲ့ ကောင်တွေဟာ
တဒေါ်လာပေးရင် ဖင်ရိုက်လို့ ရတာပါလား ဆိုတာ သိသွားပြီ ” တဲ့ ။

အိမ်က ကောင်တော့ ရှေ့လျှောက် တွေ့မယ် ဆိုတဲ့ သဘော ။

ကောင်လေး ခမြာမှာလဲ
” အေးလေ
မင်းရဲ့အိမ်ထောင်ရေး အတွက် ထွက်ပေါက်တခု ရသွားတယ် ဆိုရင်
ငါလည်း နာရကျိုး နပ်ပါတယ် ရိုက်ပါ ” တဲ့ ။
အမျိုးသမီးလည်း တဟားဟားနဲ့ ကလပ်ထဲက ပြန်သွားတယ် ။

ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာကြရင် ပြီးတာပါပဲ။

ဘဝဆိုတာ ဒီလိုပေါ့ ။
တခါတလေ ထွက်ပေါက်လေးတွေ လိုတယ် ။
မကျေနပ်တဲ့ အခါ တစုံတယောက်ကို စိန်ပြေနပြေ ရိုက်ပစ်ဖို့ လိုတယ် ။

ယောက်ျားတွေကို ပယ်ပယ် နယ်နယ် စော်ကားပစ်လိုက် ကြစမ်းပါ ။

CRD