ဘိုက္ႀကီးခ်င္သူေလး

0
8497

(Zawgyi)

ဘိုက္ႀကီးခ်င္သူေလး

” ကိုင္​း ကိုကို ခ်စ္​သု​ေဝ က​ေတာ့
က​ေလး အမႊာပူး​ ေမြး သြားၿပီ … ”

” အင္​း​ေလ လင္​းလင္​း နဲ႔ ရတာ ဆိုလားပဲ ”

” ဂြပ္​ … ”

” ငိမ္​့… ဘာလို႔​ ေခါက္​တာ တုန္​း ”

ငတိမက အဲသလို လက္​ျမန္​​ ေျချမန္​ ဆို …
ငရဲ မ​ေၾကာက္​ ဘာ မ​ေၾကာက္​ …

” ခ်စ္​သု​ေဝ က သူ႔​ ေယာက္​်ား လင္​းလင္​း နဲ႔ မ​ေမြးပဲ နဲ႔ ဘယ္​သူ နဲ႔​ ေမြးရမွာ တုန္​း … ”

ညယ္​ … ဒါလည္​း ဟုတ္​တာပဲ က်ဳပ္​ကိုက မွား တာ..

” ဟယ္​ သဥၨာႏြယ္​ဝင္​း​ ေတာင္​မွ က​ေလး​ေမြး​ ေတာ့မယ္​ ဆိုပဲ ”

” ​ေယာက္​်ား ယူမွ​ေတာ့ ​ေမြး ရမွာ​ေပါ့ ဟာ … ”

” ဒါျဖင့္ သဲက်​ေတာ့ ဘာလို႔ မ​ေမြးတာ တုန္​း ”

အန္​႔ … ဟုတ္​​ေတာ့ ဟုတ္​တယ္​​ဗ် …
အိမ္​​ေထာင္​ သက္​က ႏွစ္​ ႏွစ္​​ ေက်ာ္​ၿပီ
ငတိမ ခုထိကို မအန္​​ ေသးဘူး
အန္​ဖို႔​ ေန​ေန သာသာ ​ႏွာ​ေစး​ ေခ်ာင္​းဆိုး​ ေတာင္​ မျဖစ္​ ပါဘူးဆို
အဲ သ​ေလာက္​ က်န္​းမာ​ေရး​ ေကာင္​းတာ

” ကိုကိုက ဘာလို႔​ ေမြး​ေအာင္​ မလုပ္​တာတုန္​း … ”

” အာ … အက်ယ္​ႀကီး မ​ေအာ္​နဲ႔​ေလ ႐ွက္​စရာ ႀကီး … ”

ဟုတ္​တယ္​ … ငတိမက တစ္​ခါ တစ္​ခါ​ေအာ္​ရင္​ တစ္​ရပ္​ကြက္​လံုး နီးနီး ၾကားရတာ

” ဒါဆို ​ေမြး​ေအာင္​ လုပ္​​ ေလကြာ ”

” အင္​းပါကြာ … ”

ငတိမက ဟို မင္​းသမီးက က​ေလး ရၿပီဆို သူက ရခ်င္​တာ
ဟို မင္​းသမီး ​ဗိုက္​ႀကီး ၿပီဆို သူက ႀကီးခ်င္​ျပန္​​ေရာ

က​ေလး ဆိုတာလည္​း ခင္​​ဗ်ားတို႔ သိသားနဲ႔ လိုခ်င္​တိုင္​း ရတာမွ မဟုတ္​တာ..

” ကိုကို​ေရ ကိုကို … သဲတို႔​ ေတာ့ ပြၿပီ … ”

ငတိမ ​ေရးႀကီး သုတ္​ပ်ာနဲ႔ ​ေရာက္​ခ် လာ​ေတာ့ က်ဳပ္​ စာ​ေရး တာ​ေတာင္​ စိတ္​ကူး ပ်က္​သြားတယ္​

” ထီ​ေပါက္​ တာလား … ”

” မဟုတ္​ဘူး ကိုကိုရ … သဲ​ ဗိုက္​ ႀကီးၿပီ ”

“​ ေဟ … ဘယ္​သူနဲ႔ ရတာတုန္​း … ”

” ျဖန္​း … ”

“​ ဒီ​ေမးခြန္​း ​ေမးျပန္​ ၿပီလား … ”

ဟုတ္​သဟ … က်ဳပ္​နဲ႔ မရပဲ ဘယ္​သူနဲ႔ ရမတုန္​း ​ဗ်ာ … ဟီး

” ဒီမနက္​ အန္​တယ္​ ကိုကိုရ ၿပီး​ေတာ့ သဲ​ဗိုက္​က​ေလး လဲ ပူလာၿပီ သိလား … ”

ငတိမက သူ႔​ဗိုက္​ကို လွန္​ျပတယ္​ …
ဟုတ္​​ေတာ့ ဟုတ္​တယ္​​ဗ် … ​ဗိုက္​က သိသိ သာသာကို ပူလာတာ

က်ဳပ္​လည္​း ဟုတ္​မွာပါ​ေလ ဆိုၿပီး ေနလိုက္​ တာ​ေပါ့
အာထရာ​ ေဇာင္​းလဲ မ႐ိုက္​ ၾကည့္မိဘူး …

ႏွစ္​လ​ ေလာက္​ ၾကာ​ေတာ့ ငတိမ ဝၿဖီး ၿပီး ​ဗိုက္​က ႏွစ္​ဆ​ေလာက္​ ထြက္​ လာတယ္​ …

မၾကာပါဘူး … ငတိမ ​ေဆးရံု တင္​လိုက္ ရတာပဲ …
အဲဒီ က်မွ ဆရာဝန္​က​ ေျပာတယ္​

“​​ ဗိုက္​ႀကီးတာ မဟုတ္​ဘူး ေရဖ်င္​း ဆြဲတာ … ” တဲ့ …

​ဗိုက္​ပါ ခြဲယူ လိုက္​ရတယ္​ …

​ေနာက္​မွ ​ေမး ၾကည္​့​ေတာ့ …
ဘယ္​ မ​ေကာင္​း ဆိုဝါးက ​ေျမႇာက္​​ေပးတယ္​ မသိဘူး…
ထမင္​း စားၿပီး တာနဲ႔​ ေရခ်ိဳးရင္​ ​ဗိုက္ ႀကီးတယ္​ ဆိုလို႔ က်ဳပ္​ကို မ​ေျပာပဲ ​ေန႔တိုင္​း ႀကိတ္​လုပ္​​ ေနတာ တဲ့ …

ငတိမ ​ဗိုက္​က ခ်ဳပ္​႐ိုးကို ျမင္​တိုင္​း ရယ္​မိတာ က်ဳပ္​ျဖင္​့ ထိန္​းထား တာ​ေတာင္​
တခိြခိြ ျမည္​ပါ တယ္​ဆို … အဟုတ္​

NyeinMg

(Unicode)

ဘိုက်ကြီးချင်သူလေး

” ကိုင်း ကိုကို ချစ်သုဝေ ကတော့
ကလေး အမွှာပူး မွေး သွားပြီ … ”

” အင်းလေ လင်းလင်း နဲ့ ရတာ ဆိုလားပဲ ”

” ဂွပ် … ”

” ငိမ့်… ဘာလို့ ခေါက်တာ တုန်း ”

ငတိမက အဲသလို လက်မြန် ခြေမြန် ဆို …
ငရဲ မကြောက် ဘာ မကြောက် …

” ချစ်သုဝေ က သူ့ ယောက်ျား လင်းလင်း နဲ့ မမွေးပဲ နဲ့ ဘယ်သူ နဲ့ မွေးရမှာ တုန်း … ”

ညယ် … ဒါလည်း ဟုတ်တာပဲ ကျုပ်ကိုက မှား တာ..

” ဟယ် သဉ္ဇာနွယ်ဝင်း တောင်မှ ကလေးမွေး တော့မယ် ဆိုပဲ ”

” ယောက်ျား ယူမှတော့ မွေး ရမှာပေါ့ ဟာ … ”

” ဒါဖြင့် သဲကျတော့ ဘာလို့ မမွေးတာ တုန်း ”

အန့် … ဟုတ်တော့ ဟုတ်တယ်ဗျ …
အိမ်ထောင် သက်က နှစ် နှစ် ကျော်ပြီ
ငတိမ ခုထိကို မအန် သေးဘူး
အန်ဖို့ နေနေ သာသာ နှာစေး ချောင်းဆိုး တောင် မဖြစ် ပါဘူးဆို
အဲ သလောက် ကျန်းမာရေး ကောင်းတာ

” ကိုကိုက ဘာလို့ မွေးအောင် မလုပ်တာတုန်း … ”

” အာ … အကျယ်ကြီး မအော်နဲ့လေ ရှက်စရာ ကြီး … ”

ဟုတ်တယ် … ငတိမက တစ်ခါ တစ်ခါအော်ရင် တစ်ရပ်ကွက်လုံး နီးနီး ကြားရတာ

” ဒါဆို မွေးအောင် လုပ် လေကွာ ”

” အင်းပါကွာ … ”

ငတိမက ဟို မင်းသမီးက ကလေး ရပြီဆို သူက ရချင်တာ
ဟို မင်းသမီး ဗိုက်ကြီး ပြီဆို သူက ကြီးချင်ပြန်ရော

ကလေး ဆိုတာလည်း ခင်ဗျားတို့ သိသားနဲ့ လိုချင်တိုင်း ရတာမှ မဟုတ်တာ..

” ကိုကိုရေ ကိုကို … သဲတို့ တော့ ပွပြီ … ”

ငတိမ ရေးကြီး သုတ်ပျာနဲ့ ရောက်ချ လာတော့ ကျုပ် စာရေး တာတောင် စိတ်ကူး ပျက်သွားတယ်

” ထီပေါက် တာလား … ”

” မဟုတ်ဘူး ကိုကိုရ … သဲ ဗိုက် ကြီးပြီ ”

” ဟေ … ဘယ်သူနဲ့ ရတာတုန်း … ”

” ဖြန်း … ”

” ဒီမေးခွန်း မေးပြန် ပြီလား … ”

ဟုတ်သဟ … ကျုပ်နဲ့ မရပဲ ဘယ်သူနဲ့ ရမတုန်း ဗျာ … ဟီး

” ဒီမနက် အန်တယ် ကိုကိုရ ပြီးတော့ သဲဗိုက်ကလေး လဲ ပူလာပြီ သိလား … ”

ငတိမက သူ့ဗိုက်ကို လှန်ပြတယ် …
ဟုတ်တော့ ဟုတ်တယ်ဗျ … ဗိုက်က သိသိ သာသာကို ပူလာတာ

ကျုပ်လည်း ဟုတ်မှာပါလေ ဆိုပြီး နေလိုက် တာပေါ့
အာထရာ ဇောင်းလဲ မရိုက် ကြည့်မိဘူး …

နှစ်လ လောက် ကြာတော့ ငတိမ ဝဖြီး ပြီး ဗိုက်က နှစ်ဆလောက် ထွက် လာတယ် …

မကြာပါဘူး … ငတိမ ဆေးရုံ တင်လိုက် ရတာပဲ …
အဲဒီ ကျမှ ဆရာဝန်က ပြောတယ်

” ဗိုက်ကြီးတာ မဟုတ်ဘူး ရေဖျင်း ဆွဲတာ … ” တဲ့ …

ဗိုက်ပါ ခွဲယူ လိုက်ရတယ် …

နောက်မှ မေး ကြည့်တော့ …
ဘယ် မကောင်း ဆိုဝါးက မြှောက်ပေးတယ် မသိဘူး…
ထမင်း စားပြီး တာနဲ့ ရေချိုးရင် ဗိုက် ကြီးတယ် ဆိုလို့ ကျုပ်ကို မပြောပဲ နေ့တိုင်း ကြိတ်လုပ် နေတာ တဲ့ …

ငတိမ ဗိုက်က ချုပ်ရိုးကို မြင်တိုင်း ရယ်မိတာ ကျုပ်ဖြင့် ထိန်းထား တာတောင်
တခွိခွိ မြည်ပါ တယ်ဆို … အဟုတ်

NyeinMg

LEAVE A REPLY

Please enter your comment!
Please enter your name here