အားနည္းခ်က္ ဆိုတာ လူတိုင္းမွာ ရွိတယ္

0
2757

(Zawgyi)

အားနည္းခ်က္ ဆိုတာ လူတိုင္းမွာ ရွိတယ္

လူတေယာက္ဟာ မိန္းမလွ တေယာက္နဲ႔ လက္ထပ္ လိုက္တယ္ ။ ႐ုပ္လွတဲ့ အျပင္ စိတ္ထား ကလည္း အရမ္း ေကာင္းေတာ့ အမ်ိဳးသမီးကို အရမ္း ခ်စ္ရွာတယ္ ။

တေန႔မွာ အမ်ိဳးသမီးဟာ အေရျပား ေရာဂါ စတင္ခံစား လာရတယ္။ အေၾကာင္း တိုက္ဆိုင္ ခ်င္ေတာ့ တရက္မွာ အမ်ိဳးသား ကလည္း အလုပ္ ကိစၥနဲ႔ ခရီးထြက္ ရတယ္ ။ ခရီးကေန အိမ္ျပန္လမ္းမွာ car accident ျဖစ္ၿပီး မ်က္စိ ႏွစ္လံုး စလံုး ကြယ္သြား ခဲ့တယ္။

ဒီေနရာမွာ ခဏေလာက္ ရပ္ၿပီး စဥ္းစားၾကည့္ ရေအာင္ .. အေရျပား ေရာဂါသည္နဲ႔ မ်က္မျမင္ တေယာက္ ရဲ႕ အိမ္ေထာင္ေရးဟာ ဘယ္သို႔ ဘယ္ပံု ခရီးဆက္က် မလဲ ? ဘာေတြ ဆက္ျဖစ္မယ္ လို႔ ထင္ပါသလဲ ……?

တကယ္ေတာ့ သူတို႔ ၂ ေယာက္ ၾကားမွာ ဘာေျပာင္းလဲမႈ မွ မရွိခဲ့ ပါဘူး။ အရင္လို ေပ်ာ္စရာေကာင္း ၿပီး ခ်စ္ခ်စ္ ခင္ခင္ ေနတုန္းပဲ။ အခ်ိန္ေတြ ကုန္လာတာနဲ႕ အမွ် အမ်ိဳးသမီးရဲ႕ အေရျပား ေရာဂါ ဟာလည္း တစတစနဲ႔ ပိုဆိုး လာတယ္ ။

မ်က္မျမင္ ေယာက္က်ားက သူမိန္းမ အေရျပား ေရာဂါေၾကာင့္ ႐ုပ္ျပတ္ ဆင္းျပတ္ ခံစား ေနရတာကို မသိရွာဘူး ထင္ပါရဲ႕ ။ သူတို႔ ၂ ေယာက္ ရဲ႕ အိမ္ေထာင္ေရး ဟာ ဟိုးး အရင္က ထက္ေတာင္ တိုးၿပီး ပိုလို႔ ခ်စ္ၿမဲ ခ်စ္စဲ ၾကင္နာဆဲပဲ။

ေနာက္ဆံုးမွာေတာ့ အမ်ိဳးသမီးဟာ အေရျပား ေရာဂါနဲ႔ ဆံုးသြားရွာတယ္။ သူ႔အတြက္ေတာ့ ႀကီးက်ယ္တဲ့ဆံုးရွဳံးမႈႀကီး တစ္ခုပဲလို႔ ခံစား ရတယ္ ။ မိ႐ိုးဖလာ အတိုင္း ဇနီးရဲ႕ အေလာင္းကို ေျမခ်ၿပီး ေနာက္တေန႔ မွာ အမ်ိဳးသားဟာ ဇနီးသည္ ေခါင္းခ်ခဲ့တဲ့ ၿမိဳ႕ ကေန အၿပီး အပိုင္ ထြက္သြားဖို႔ ဆံုးျဖတ္ လိုက္တယ္။

အဲ့ခ်ိန္မွာ အိမ္နီးနားခ်င္း လူတေယာက္က စကား လွမ္းေျပာတယ္ ” ခင္ဗ်ား မ်က္စိ မျမင္တဲ့ ကာလ တေလွ်ာက္လံုး ခင္ဗ်ားရဲ႕ ေဝရာ ဝိစၥေတြ အကုန္လံုးကို ခင္ဗ်ား အမ်ိဳးသမီးက မၿငီးမျငဴ လုပ္ေပး ခဲ့တာ အခု ခင္ဗ်ားတေယာက္ထဲ ဘယ္လို လုပ္မလဲ .. ခင္ဗ်ားေတာ့ ဒုကၡ လွလွႀကီး ေတြ႕ေတာ့မယ္ ”

အမ်ိဳးသားက ျပန္ေျပာတယ္ ။ ” ဒီမွာ မိတ္ေဆြ .. အမွန္က ကၽြန္ေတာ္ မ်က္စိ မကန္းပါဘူး။ မျမင္ခ်င္ေယာင္ ေဆာင္ေနျခင္းသာ ျဖစ္ပါတယ္။ ကၽြန္ေတာ့ အမ်ိဳးသမီးဟာ သူမရဲ႕ ႐ုပ္ဆိုး အၾကည္း တန္ေနတဲ့ မ်က္ႏွာကို ေန႔တိုင္း ကၽြန္ေတာ္ ့ျမင္ေနရတယ္ လို႔ သူသိရင္ အဲ့ ခံစားမႈဟာ သူ ေရာဂါေဝဒနာ ခံစားမႈထက္ ပိုၿပီး နာက်ဥ္ လိမ့္မယ္ ။ ဒါကို ကၽြန္ေတာ္ မျမင္ခ်င္ဘူး ။

႐ုပ္ပိုင္းဆိုင္ရာ မလွေတာ့ ေပမဲ့ သူမ ရဲ့ စိတ္ပိုင္းဆိုင္ရာ မွာ အၿမဲ လွေနသူ တေယာက္ပါ ။ စိတ္ထား ျဖဴစင္သူ တစ္ေယာက္မို႔ ကၽြန္ေတာ္႔အတြက္ ဇနီးေကာင္း တေယာက္ပါ။ ကၽြန္ေတာ္က သူအၿမဲတမ္း ေပ်ာ္ရႊင္ၿပီး စိတ္ခ်မ္းသာ ေနတာ ကိုပဲ ျမင္ခ်င္တဲ့ လူတေယာက္ မို႔ အခုလို ဟန္ေဆာင္ ရျခင္း ျဖစ္ပါတယ္။

( သင္ခန္းစာ )
ေလာကႀကီးမွာ ၂ ဦး ၂ ဖတ္ ေျပလည္ ေကာင္းစားဖို႔ အတြက္ တခ်ိဳ႕ေသာ အရာေတြကို မျမင္ခ်င္ေယာင္ ေဆာင္ေပးရ ပါတယ္ ။ အားနည္းခ်က္ ခၽြတ္ယြင္းခ်က္ ဆိုတာ လူတိုင္းမွာ ရွိစၿမဲပါ ။ ဒါေၾကာင့္ no one is perfect လို႔ ဆိုၾကတာကိုး ။

လူတေယာက္ရဲ႕ အားနည္းခ်က္ ခၽြတ္ယြင္းခ်က္ကို ေထာက္ၿပီး အႏိုင္ယူတာ လူညံ့ လူ႔ေျပာ့ ေတြရဲ႕ လုပ္ရက္ပါ ။ အဲ့ထဲမွာ ကိုယ္ မပါမိ ပါေစနဲ႔ ။

တေယာက္ရဲ႕ လိုအပ္ခ်က္ကို တေယာက္က အျပန္အလွန္ ျဖည့္ဆည္း ေပးရင္း ရင္ထဲက စစ္မွန္တဲ့ ေမတၱာ တရားနဲ႔ သာ ေပါင္းသင္း ဆက္ဆံ ၾကမယ္ ဆိုရင္ အရမ္း ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ ပတ္ဝန္းက်င္ တခု အဖြဲ႕အစည္း တခု ျဖစ္လာမွာ ေသခ်ာပါတယ္။

MayGrace

(Unicode)

အားနည်းချက် ဆိုတာ လူတိုင်းမှာ ရှိတယ်

လူတယောက်ဟာ မိန်းမလှ တယောက်နဲ့ လက်ထပ် လိုက်တယ် ။ ရုပ်လှတဲ့ အပြင် စိတ်ထား ကလည်း အရမ်း ကောင်းတော့ အမျိုးသမီးကို အရမ်း ချစ်ရှာတယ် ။

တနေ့မှာ အမျိုးသမီးဟာ အရေပြား ရောဂါ စတင်ခံစား လာရတယ်။ အကြောင်း တိုက်ဆိုင် ချင်တော့ တရက်မှာ အမျိုးသား ကလည်း အလုပ် ကိစ္စနဲ့ ခရီးထွက် ရတယ် ။ ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိ နှစ်လုံး စလုံး ကွယ်သွား ခဲ့တယ်။

ဒီနေရာမှာ ခဏလောက် ရပ်ပြီး စဉ်းစားကြည့် ရအောင် .. အရေပြား ရောဂါသည်နဲ့ မျက်မမြင် တယောက် ရဲ့ အိမ်ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံ ခရီးဆက်ကျ မလဲ ? ဘာတွေ ဆက်ဖြစ်မယ် လို့ ထင်ပါသလဲ ……?

တကယ်တော့ သူတို့ ၂ ယောက် ကြားမှာ ဘာပြောင်းလဲမှု မှ မရှိခဲ့ ပါဘူး။ အရင်လို ပျော်စရာကောင်း ပြီး ချစ်ချစ် ခင်ခင် နေတုန်းပဲ။ အချိန်တွေ ကုန်လာတာနဲ့ အမျှ အမျိုးသမီးရဲ့ အရေပြား ရောဂါ ဟာလည်း တစတစနဲ့ ပိုဆိုး လာတယ် ။

မျက်မမြင် ယောက်ကျားက သူမိန်းမ အရေပြား ရောဂါကြောင့် ရုပ်ပြတ် ဆင်းပြတ် ခံစား နေရတာကို မသိရှာဘူး ထင်ပါရဲ့ ။ သူတို့ ၂ ယောက် ရဲ့ အိမ်ထောင်ရေး ဟာ ဟိုးး အရင်က ထက်တောင် တိုးပြီး ပိုလို့ ချစ်မြဲ ချစ်စဲ ကြင်နာဆဲပဲ။

နောက်ဆုံးမှာတော့ အမျိုးသမီးဟာ အရေပြား ရောဂါနဲ့ ဆုံးသွားရှာတယ်။ သူ့အတွက်တော့ ကြီးကျယ်တဲ့ဆုံးရှုံးမှုကြီး တစ်ခုပဲလို့ ခံစား ရတယ် ။ မိရိုးဖလာ အတိုင်း ဇနီးရဲ့ အလောင်းကို မြေချပြီး နောက်တနေ့ မှာ အမျိုးသားဟာ ဇနီးသည် ခေါင်းချခဲ့တဲ့ မြို့ ကနေ အပြီး အပိုင် ထွက်သွားဖို့ ဆုံးဖြတ် လိုက်တယ်။

အဲ့ချိန်မှာ အိမ်နီးနားချင်း လူတယောက်က စကား လှမ်းပြောတယ် ” ခင်ဗျား မျက်စိ မမြင်တဲ့ ကာလ တလျှောက်လုံး ခင်ဗျားရဲ့ ဝေရာ ဝိစ္စတွေ အကုန်လုံးကို ခင်ဗျား အမျိုးသမီးက မငြီးမငြူ လုပ်ပေး ခဲ့တာ အခု ခင်ဗျားတယောက်ထဲ ဘယ်လို လုပ်မလဲ .. ခင်ဗျားတော့ ဒုက္ခ လှလှကြီး တွေ့တော့မယ် ”

အမျိုးသားက ပြန်ပြောတယ် ။ ” ဒီမှာ မိတ်ဆွေ .. အမှန်က ကျွန်တော် မျက်စိ မကန်းပါဘူး။ မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့ အမျိုးသမီးဟာ သူမရဲ့ ရုပ်ဆိုး အကြည်း တန်နေတဲ့ မျက်နှာကို နေ့တိုင်း ကျွန်တော့်မြင်နေရတယ် လို့ သူသိရင် အဲ့ ခံစားမှုဟာ သူ ရောဂါဝေဒနာ ခံစားမှုထက် ပိုပြီး နာကျဉ် လိမ့်မယ် ။ ဒါကို ကျွန်တော် မမြင်ချင်ဘူး ။

ရုပ်ပိုင်းဆိုင်ရာ မလှတော့ ပေမဲ့ သူမ ရဲ့ စိတ်ပိုင်းဆိုင်ရာ မှာ အမြဲ လှနေသူ တယောက်ပါ ။ စိတ်ထား ဖြူစင်သူ တစ်ယောက်မို့ ကျွန်တော့်အတွက် ဇနီးကောင်း တယောက်ပါ။ ကျွန်တော်က သူအမြဲတမ်း ပျော်ရွှင်ပြီး စိတ်ချမ်းသာ နေတာ ကိုပဲ မြင်ချင်တဲ့ လူတယောက် မို့ အခုလို ဟန်ဆောင် ရခြင်း ဖြစ်ပါတယ်။

( သင်ခန်းစာ )
လောကကြီးမှာ ၂ ဦး ၂ ဖတ် ပြေလည် ကောင်းစားဖို့ အတွက် တချို့သော အရာတွေကို မမြင်ချင်ယောင် ဆောင်ပေးရ ပါတယ် ။ အားနည်းချက် ချွတ်ယွင်းချက် ဆိုတာ လူတိုင်းမှာ ရှိစမြဲပါ ။ ဒါကြောင့် no one is perfect လို့ ဆိုကြတာကိုး ။

လူတယောက်ရဲ့ အားနည်းချက် ချွတ်ယွင်းချက်ကို ထောက်ပြီး အနိုင်ယူတာ လူညံ့ လူ့ပြော့ တွေရဲ့ လုပ်ရက်ပါ ။ အဲ့ထဲမှာ ကိုယ် မပါမိ ပါစေနဲ့ ။

တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က အပြန်အလှန် ဖြည့်ဆည်း ပေးရင်း ရင်ထဲက စစ်မှန်တဲ့ မေတ္တာ တရားနဲ့ သာ ပေါင်းသင်း ဆက်ဆံ ကြမယ် ဆိုရင် အရမ်း ပျော်ရွှင်စရာ ကောင်းတဲ့ ပတ်ဝန်းကျင် တခု အဖွဲ့အစည်း တခု ဖြစ်လာမှာ သေချာပါတယ်။

MayGrace

LEAVE A REPLY

Please enter your comment!
Please enter your name here