သမီးေလးအတြက္

0
3654

(Zawgyi)

သမီးေလးအတြက္

” သမီး … ေရာ႔ … ”

” ဘာလဲ အေမ ”

” ညည္း အေဖ ေပးခဲ့တဲ့ စာ
… သူ႔သမီးေလး အိမ္ေထာင္ ျပဳျဖစ္မယ္ ဆိုရင္
မဂၤလာ မေဆာင္ခင္ ညမွာ ဒီစာေလး ေပးခဲ့ဖို႔ အေမ့ကို မွာသြားတယ္ ”

” ေအာ္ … အေဖရွိရင္ သိပ္ေကာင္းမွာ ပဲေနာ္ ”

ကြၽန္မ စကားေၾကာင့္ နႈတ္ဆိတ္သြားသည့္ အေမ့ကို သတိထားလိုက္ မိပါသည္ ။
အေဝး တေနရာကို ေငးၾကည့္ေနသည့္ အေမ … ။
ကြၽန္မလည္း အလိုက္တသိပင္ အေမ့နားက ထြက္လာခဲ့ ပါသည္ ။

မနက္ျဖန္ ‘ ေမာင္ ‘ နဲ႔ လက္ထပ္ရေတာ့မည္ ။ ကြၽန္မ စိတ္ထဲမွာ ၾကည္ႏူးမႈ တစ္ဝက္ ၊ ေၾကာက္စိတ္ တစ္ဝက္နဲ႔ အိပ္မရေသာေၾကာင့္ အေဖ့စာကို ဖြင့္ဖတ္လိုက္ ပါသည္ ။

***
သမီးေရ …

မနက္ျဖန္ ဆိုရင္ သမီး ခ်စ္တဲ့သူကို သမီး လက္ထပ္ရေတာ့မယ္ ေနာ္ … ။ အေဖ့ကို လြမ္းမေန ပါနဲ႔ သမီး ။ မနက္ျဖန္က စၿပီး သမီးဘဝကို အေကာင္းဆံုး ျဖစ္ေအာင္ လုပ္ဖို႔ သမီးမွာ တာဝန္ ရွိသြားၿပီကြဲ႕ ။ ကိုယ္ခ်စ္တဲ့ လူတေယာက္နဲ႔ ဘဝတခု တည္ေဆာက္ေတာ့မယ့္ သမီးကို အေဖ မွာစရာေတြ ရွိတယ္ သမီး ။

သမီး စာေမးပြဲ ေအာင္တဲ့ေန႔က အေဖ့ဆီက မုန္႔ဖိုးေတာင္းတာ သမီး မွတ္မိလား … ? အေဖ သမီးကို ၂ ေသာင္း ေပးခဲ့တယ္ေလ ။ သမီးကေတာ့ ထင္မွာေပါ့ … အေဖ ေပးတာလို႔။ အဲ့ဒါ သမီးအေမက သမီးကို ေပးဖို႔ အေဖ့ကို ႀကိဳေပးထား တာပဲ ။

အဲ့ဒီအခ်ိန္တုန္းက အေဖ အလုပ္ နားထားရတဲ့ အခ်ိန္ေလ … သမီးအေမက သူစုထားတဲ့ အိမ္သံုးစရိတ္ ထဲက သမီးေလး မုန္႔ဖိုး ေတာင္းရင္ အေဖ ေပးနိုင္ေအာင္ အေဖ့အိတ္ထဲမွာ ႀကိဳထည့္ ေပးထားတာ ေပါ့ကြယ္ … ။

သမီး အိမ္ေထာင္က်ၿပီ ။ သမီးခင္ပြန္းလည္း တခါတေလ အလုပ္ အဆင္မေျပခ်ိန္ ၊ ေငြေၾကး ျပတ္တဲ့ အခ်ိန္ေတြ ရွိလိမ့္မယ္ သမီး ။ သူ စိတ္ရႈတ္ေန လိမ့္မယ္။ သူ႔စိတ္ထဲမွာ သူအဆင္ မေျပခ်ိန္ သူ႔ဇနီးက သူ႔ကို အထင္ေသး တန္ဖိုး မထားမွာ အရမ္းေၾကာက္တယ္ ။ * အဲ့လို အခ်ိန္မ်ိဳးမွာ သူ႔ေနာက္မွာ ရပ္ၿပီး သူ႔ကို အားေပး ေနရမယ့္ သူက သူ႔ဇနီးျဖစ္တဲ့ သမီးပဲ ကြဲ႕ * ။

* သမီးခင္ပြန္းကို သမီး သူ႔ကို ခ်စ္တယ္ ဆိုတာ ျပနိုင္တဲ့ နည္းက သူ႔ကို ေလးစား တန္ဖိုးထားေပးျခင္းပဲ * ။ သမီးတို႔ စကားမ်ား ရန္ျဖစ္နိုင္တယ္။ သေဘာထား ကြဲ ျငင္းခံု နိုင္တယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ သမီး သူ႔ကို ေလးစားမႈ ရွိတယ္ ဆိုတာ သူသိေစ ရမယ္ သမီး ။

အေဖ သမီးအေမကို ေအာ္ခဲ့တဲ့ေန႔ကို သမီး မွတ္မိေသးလား … ? သမီးအေမ ဘာလုပ္ခဲ့လဲ … ? သူ တိတ္တိတ္ ေနခဲ့တယ္ေနာ္ ။ သမီးအေမ အေဖ့ကို ေအာ္ခဲ့တဲ့ေန႔ ကိုေရာ မွတ္မိလား … ? အေဖ ဘာလုပ္ခဲ့လဲ … ? အေဖ နႈတ္ဆိတ္ေနခဲ့တယ္ေလ ။

သမီး … တခါတေလ သမီးခင္ပြန္း စိတ္ဆိုး ေဒါသထြက္တဲ့ အခါမွာ သမီး နႈတ္ဆိတ္ေန ရမယ္ ။ * လူတစ္ေယာက္ ပူေလာင္ေနခ်ိန္ မွာ ေနာက္တစ္ေယာက္က ေအးေနမွ ရမယ္ သမီး * ။ နွစ္ေယာက္စလံုးသာ တၿပိဳင္တည္း ေအာ္ေနၾကမယ္ ဆိုရင္ အိမ္ေထာင္ေရးမွာ ျပႆနာေတြ ႀကီးၿပီ ေပါ့ကြယ္။

* ေနာက္တခုက သမီးခင္ပြန္း ႀကိဳက္တတ္တဲ့ အရာေတြကို မွတ္ထားရမယ္ * ။ သူေျပာမွ လုပ္ေပးရတာမ်ိဳးမဟုတ္ဘဲ သမီးက သူ႔အတြက္ အဆင္သင့္ ျပင္ဆင္ ေပးထားရမယ္ သမီး ။

တခါတုန္းက အေဖ့ ငယ္သူငယ္ခ်င္း အမ်ိဳးသမီး တစ္ေယာက္နဲ႔ အေဖ မုန္႔အတူ စားခဲ့ဖူးတယ္ ။ မေတြ႕တာၾကာေတာ့ စကားေျပာရင္းနဲ႔ ေပါ့ကြာ ။ အမွန္ေတာ့ အဲ့ဒီအမ်ိဳးသမီးက အေဖ့ ငယ္ခ်စ္ဦးေပါ့ ။ ေစ်းသြားရင္း ဆိုင္ေရွ႕က ျဖတ္ေလ်ွာက္သြားတဲ့ သမီးအေမလည္း အေဖတို႔ကို ျမင္သြားတယ္ ။ သမီးသာဆို ဘာလုပ္မလဲ … ? သမီးအေမက ဆိုင္ထဲ ခဏဝင္လာၿပီး အေဖတို႔ကို လာနႈတ္ဆက္တယ္ ။ ၿပီးေတာ့ သူတေယာက္တည္း ေစ်းဆက္သြားတယ္ ။

ညေန အေဖ အိမ္ျပန္ေရာက္ ေတာ့လည္း သူဘာမွ မေျပာဘူး ။ ပံုမွန္အတိုင္း ညစာျပင္ေပး ၊ ထမင္းအတူစားၾကရင္း စကားစျမည္ ေျပာၾကေပါ့။ မနက္က ကိစၥကို တစ္ခြန္းမွ မဟခဲ့ဘူး သမီး။ အေဖ ထင္ထားတာက မိန္းမတို႔ ထံုးစံအတိုင္း သူ အေဖ့ကို ျပႆနာ ရွာေတာ့မယ္ ထင္ခဲ့တာ … ။

အဲ့ဒီအခ်ိန္က စၿပီး … အေဖ ဘယ္သူနဲ႔ ဘာလုပ္လုပ္ ဘယ္အမ်ိဳးသမီးနဲ႔ ဘာေျပာေျပာ သမီးအေမ့ကို အကုန္ ေျပာျပခဲ့တယ္။ သူစိမ္းအမ်ိဳးသမီးေတြကိုလည္း စိတ္နဲ႔ေတာင္ မျပစ္မွားခဲ့ဘူး သမီး ။ * ကိုယ့္ခင္ပြန္းကို ယံုၾကည္မႈ စည္းနဲ႔ ခ်ည္ထားတတ္ရတယ္ သမီး * ။

သမီး ဆယ္ေက်ာ္သက္ တုန္းက အခ်စ္ဝတၳဳေတြ ဖတ္ခဲ့တယ္ေနာ္။ စိတ္ကူးယဥ္ ဆန္ဆန္ ရုပ္ရွင္ဇာတ္ကား ေလးေတြလည္း သမီး ၾကည့္တယ္ေနာ္။ ေမ့လိုက္ေတာ့ သမီး။ သမီးရဲ႕ အိမ္ေထာင္ေရး လမ္းက ဒီဇာတ္လမ္းေတြ ထဲကလို ေျဖာင့္ျဖဴးေနမယ္လို႔ မေမ်ွာ္လင့္နဲ႔။ * ဘဝ ဆိုတာ စိတ္ကူးယဥ္ဝတၳဳ တစ္ပုဒ္ မဟုတ္ဘူး သမီး * ။

အေဖ ေနာက္ဆံုး ေျပာခ်င္တာ ကေတာ့ … အေဖတို႔ သမီးကို ဘယ္လို ႀကီးျပင္းေအာင္ ေမြးခဲ့ရလဲ ဆိုတာ သမီး မွတ္မိလား … ?

အေဖတို႔ လက္ထပ္ၿပီးေတာ့ အေဖလည္း အလုပ္ လုပ္တယ္။ သမီးအေမလည္း အလုပ္ လုပ္ရတယ္။ သမီးအေမက အခ်ိန္ပိုင္း အလုပ္ပါ ထပ္လုပ္ေတာ့ အိမ္ကို ည ၈ နာရီမွ ျပန္ေရာက္တယ္။ ဒါေပမယ့္ သမီးအေမက အေဖ့ကို ညစာျပင္ဆင္ေပးဖို႔ ဘယ္ေတာ့မွ မပ်က္ကြက္ ခဲ့ဘူး သမီး ။ သမီးေၾကာင့္လည္း သမီးခင္ပြန္းရဲ႕ မနက္စာ ၊ ညစာေတြ မပ်က္ကြက္ပါ ေစနဲ႔ ။ * ကိုယ့္တာဝန္ ကိုယ္ယူတတ္ရမယ္ သမီး * ။

ေဖေဖ့ သမီးေလး ဇနီးေကာင္းတစ္ေယာက္ ပီသပါေစကြယ္။
သမီးခ်စ္တဲ့

ေဖေဖ

အေဖ့စာကို ဖတ္ၿပီးခ်ိန္မွာေတာ့ ကြၽန္မရဲ႕ လက္ထပ္ပြဲမွာ အေဖ မရွိနိုင္ေတာ့ ေပမယ့္ ကြၽန္မ ဝမ္းမနည္းေတာ့ပါဘူး။ ကြၽန္မ ဘဝအတြက္ အေဖ ေရးေပးခဲ့တဲ့ စာေလးက ကြၽန္မေဘးနားမွာ အေဖ အၿမဲ ေနေပးၿပီး သတိေပး ဆံုးမေန သလိုပါပဲ အေဖရယ္ … ။

***

” ျမေရ … ဟိုမွာ ၾကည့္လိုက္ပါအံုးကြာ ”

မဂၤလာပြဲ ႀကြေရာက္ အားေပးသူမ်ားကို လႈိက္လႈိက္ လွဲလွဲ နႈတ္ဆက္ေနသည့္ မိခင္ နွစ္ဦး … ။
ကြၽန္မတို႔ အေဖေတြသာ ရွိခဲ့မယ္ဆိုရင္ … ။

***

” ေမာင္ .. ျမကို လက္ထပ္ခဲ့ ၿပီးၿပီ ။ ျမက ေမာင့္လက္တြဲေဖာ္ ျဖစ္သြားၿပီ ။ ေမာင္တို႔ ဘဝသစ္ကို အတူတူ ေလ်ွာက္လွမ္းဖို႔ နွစ္ေယာက္စလံုးရဲ႕ လက္ေတြ ေပ်ာ့ေပ်ာ့ ေျပာင္းေျပာင္း ရွိေနရမယ္ေနာ္ … ျမ ”

ကြၽန္မ ေမာင့္ကို ၿပံဳးျပလိုက္ ပါသည္ ။ တၿပိဳင္နက္ တည္းမွာပင္ ေဖေဖ့စာေလး ကိုလည္း ေမာင့္လက္ထဲ ထည့္လိုက္ ပါေတာ့သည္ ။

***

ဘဝသတစ္ခုရဲ႕ စာမ်က္နွာ – ၁ စဖြင့္သည့္ေန႔ …

” ေမာင္ေရ … ညေန အလုပ္က ျပန္လာရင္ ဒီစာ႐ြက္ေလး ပလတ္စတစ္ ေလာင္းခဲ့ပါေနာ္ ”

* ေဖေဖ့မွာတမ္း *

AyeMoah

(Unicode)

သမီးလေးအတွက်

” သမီး … ရော့ … ”

” ဘာလဲ အမေ ”

” ညည်း အဖေ ပေးခဲ့တဲ့ စာ
… သူ့သမီးလေး အိမ်ထောင် ပြုဖြစ်မယ် ဆိုရင်
မင်္ဂလာ မဆောင်ခင် ညမှာ ဒီစာလေး ပေးခဲ့ဖို့ အမေ့ကို မှာသွားတယ် ”

” အော် … အဖေရှိရင် သိပ်ကောင်းမှာ ပဲနော် ”

ကျွန်မ စကားကြောင့် နှုတ်ဆိတ်သွားသည့် အမေ့ကို သတိထားလိုက် မိပါသည် ။
အဝေး တနေရာကို ငေးကြည့်နေသည့် အမေ … ။
ကျွန်မလည်း အလိုက်တသိပင် အမေ့နားက ထွက်လာခဲ့ ပါသည် ။

မနက်ဖြန် ‘ မောင် ‘ နဲ့ လက်ထပ်ရတော့မည် ။ ကျွန်မ စိတ်ထဲမှာ ကြည်နူးမှု တစ်ဝက် ၊ ကြောက်စိတ် တစ်ဝက်နဲ့ အိပ်မရသောကြောင့် အဖေ့စာကို ဖွင့်ဖတ်လိုက် ပါသည် ။

***
သမီးရေ …

မနက်ဖြန် ဆိုရင် သမီး ချစ်တဲ့သူကို သမီး လက်ထပ်ရတော့မယ် နော် … ။ အဖေ့ကို လွမ်းမနေ ပါနဲ့ သမီး ။ မနက်ဖြန်က စပြီး သမီးဘဝကို အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ သမီးမှာ တာဝန် ရှိသွားပြီကွဲ့ ။ ကိုယ်ချစ်တဲ့ လူတယောက်နဲ့ ဘဝတခု တည်ဆောက်တော့မယ့် သမီးကို အဖေ မှာစရာတွေ ရှိတယ် သမီး ။

သမီး စာမေးပွဲ အောင်တဲ့နေ့က အဖေ့ဆီက မုန့်ဖိုးတောင်းတာ သမီး မှတ်မိလား … ? အဖေ သမီးကို ၂ သောင်း ပေးခဲ့တယ်လေ ။ သမီးကတော့ ထင်မှာပေါ့ … အဖေ ပေးတာလို့။ အဲ့ဒါ သမီးအမေက သမီးကို ပေးဖို့ အဖေ့ကို ကြိုပေးထား တာပဲ ။

အဲ့ဒီအချိန်တုန်းက အဖေ အလုပ် နားထားရတဲ့ အချိန်လေ … သမီးအမေက သူစုထားတဲ့ အိမ်သုံးစရိတ် ထဲက သမီးလေး မုန့်ဖိုး တောင်းရင် အဖေ ပေးနိုင်အောင် အဖေ့အိတ်ထဲမှာ ကြိုထည့် ပေးထားတာ ပေါ့ကွယ် … ။

သမီး အိမ်ထောင်ကျပြီ ။ သမီးခင်ပွန်းလည်း တခါတလေ အလုပ် အဆင်မပြေချိန် ၊ ငွေကြေး ပြတ်တဲ့ အချိန်တွေ ရှိလိမ့်မယ် သမီး ။ သူ စိတ်ရှုတ်နေ လိမ့်မယ်။ သူ့စိတ်ထဲမှာ သူအဆင် မပြေချိန် သူ့ဇနီးက သူ့ကို အထင်သေး တန်ဖိုး မထားမှာ အရမ်းကြောက်တယ် ။ * အဲ့လို အချိန်မျိုးမှာ သူ့နောက်မှာ ရပ်ပြီး သူ့ကို အားပေး နေရမယ့် သူက သူ့ဇနီးဖြစ်တဲ့ သမီးပဲ ကွဲ့ * ။

* သမီးခင်ပွန်းကို သမီး သူ့ကို ချစ်တယ် ဆိုတာ ပြနိုင်တဲ့ နည်းက သူ့ကို လေးစား တန်ဖိုးထားပေးခြင်းပဲ * ။ သမီးတို့ စကားများ ရန်ဖြစ်နိုင်တယ်။ သဘောထား ကွဲ ငြင်းခုံ နိုင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သမီး သူ့ကို လေးစားမှု ရှိတယ် ဆိုတာ သူသိစေ ရမယ် သမီး ။

အဖေ သမီးအမေကို အော်ခဲ့တဲ့နေ့ကို သမီး မှတ်မိသေးလား … ? သမီးအမေ ဘာလုပ်ခဲ့လဲ … ? သူ တိတ်တိတ် နေခဲ့တယ်နော် ။ သမီးအမေ အဖေ့ကို အော်ခဲ့တဲ့နေ့ ကိုရော မှတ်မိလား … ? အဖေ ဘာလုပ်ခဲ့လဲ … ? အဖေ နှုတ်ဆိတ်နေခဲ့တယ်လေ ။

သမီး … တခါတလေ သမီးခင်ပွန်း စိတ်ဆိုး ဒေါသထွက်တဲ့ အခါမှာ သမီး နှုတ်ဆိတ်နေ ရမယ် ။ * လူတစ်ယောက် ပူလောင်နေချိန် မှာ နောက်တစ်ယောက်က အေးနေမှ ရမယ် သမီး * ။ နှစ်ယောက်စလုံးသာ တပြိုင်တည်း အော်နေကြမယ် ဆိုရင် အိမ်ထောင်ရေးမှာ ပြဿနာတွေ ကြီးပြီ ပေါ့ကွယ်။

* နောက်တခုက သမီးခင်ပွန်း ကြိုက်တတ်တဲ့ အရာတွေကို မှတ်ထားရမယ် * ။ သူပြောမှ လုပ်ပေးရတာမျိုးမဟုတ်ဘဲ သမီးက သူ့အတွက် အဆင်သင့် ပြင်ဆင် ပေးထားရမယ် သမီး ။

တခါတုန်းက အဖေ့ ငယ်သူငယ်ချင်း အမျိုးသမီး တစ်ယောက်နဲ့ အဖေ မုန့်အတူ စားခဲ့ဖူးတယ် ။ မတွေ့တာကြာတော့ စကားပြောရင်းနဲ့ ပေါ့ကွာ ။ အမှန်တော့ အဲ့ဒီအမျိုးသမီးက အဖေ့ ငယ်ချစ်ဦးပေါ့ ။ ဈေးသွားရင်း ဆိုင်ရှေ့က ဖြတ်လျှောက်သွားတဲ့ သမီးအမေလည်း အဖေတို့ကို မြင်သွားတယ် ။ သမီးသာဆို ဘာလုပ်မလဲ … ? သမီးအမေက ဆိုင်ထဲ ခဏဝင်လာပြီး အဖေတို့ကို လာနှုတ်ဆက်တယ် ။ ပြီးတော့ သူတယောက်တည်း ဈေးဆက်သွားတယ် ။

ညနေ အဖေ အိမ်ပြန်ရောက် တော့လည်း သူဘာမှ မပြောဘူး ။ ပုံမှန်အတိုင်း ညစာပြင်ပေး ၊ ထမင်းအတူစားကြရင်း စကားစမြည် ပြောကြပေါ့။ မနက်က ကိစ္စကို တစ်ခွန်းမှ မဟခဲ့ဘူး သမီး။ အဖေ ထင်ထားတာက မိန်းမတို့ ထုံးစံအတိုင်း သူ အဖေ့ကို ပြဿနာ ရှာတော့မယ် ထင်ခဲ့တာ … ။

အဲ့ဒီအချိန်က စပြီး … အဖေ ဘယ်သူနဲ့ ဘာလုပ်လုပ် ဘယ်အမျိုးသမီးနဲ့ ဘာပြောပြော သမီးအမေ့ကို အကုန် ပြောပြခဲ့တယ်။ သူစိမ်းအမျိုးသမီးတွေကိုလည်း စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး သမီး ။ * ကိုယ့်ခင်ပွန်းကို ယုံကြည်မှု စည်းနဲ့ ချည်ထားတတ်ရတယ် သမီး * ။

သမီး ဆယ်ကျော်သက် တုန်းက အချစ်ဝတ္ထုတွေ ဖတ်ခဲ့တယ်နော်။ စိတ်ကူးယဉ် ဆန်ဆန် ရုပ်ရှင်ဇာတ်ကား လေးတွေလည်း သမီး ကြည့်တယ်နော်။ မေ့လိုက်တော့ သမီး။ သမီးရဲ့ အိမ်ထောင်ရေး လမ်းက ဒီဇာတ်လမ်းတွေ ထဲကလို ဖြောင့်ဖြူးနေမယ်လို့ မမျှော်လင့်နဲ့။ * ဘဝ ဆိုတာ စိတ်ကူးယဉ်ဝတ္ထု တစ်ပုဒ် မဟုတ်ဘူး သမီး * ။

အဖေ နောက်ဆုံး ပြောချင်တာ ကတော့ … အဖေတို့ သမီးကို ဘယ်လို ကြီးပြင်းအောင် မွေးခဲ့ရလဲ ဆိုတာ သမီး မှတ်မိလား … ?

အဖေတို့ လက်ထပ်ပြီးတော့ အဖေလည်း အလုပ် လုပ်တယ်။ သမီးအမေလည်း အလုပ် လုပ်ရတယ်။ သမီးအမေက အချိန်ပိုင်း အလုပ်ပါ ထပ်လုပ်တော့ အိမ်ကို ည ၈ နာရီမှ ပြန်ရောက်တယ်။ ဒါပေမယ့် သမီးအမေက အဖေ့ကို ညစာပြင်ဆင်ပေးဖို့ ဘယ်တော့မှ မပျက်ကွက် ခဲ့ဘူး သမီး ။ သမီးကြောင့်လည်း သမီးခင်ပွန်းရဲ့ မနက်စာ ၊ ညစာတွေ မပျက်ကွက်ပါ စေနဲ့ ။ * ကိုယ့်တာဝန် ကိုယ်ယူတတ်ရမယ် သမီး * ။

ဖေဖေ့ သမီးလေး ဇနီးကောင်းတစ်ယောက် ပီသပါစေကွယ်။
သမီးချစ်တဲ့

ဖေဖေ

အဖေ့စာကို ဖတ်ပြီးချိန်မှာတော့ ကျွန်မရဲ့ လက်ထပ်ပွဲမှာ အဖေ မရှိနိုင်တော့ ပေမယ့် ကျွန်မ ဝမ်းမနည်းတော့ပါဘူး။ ကျွန်မ ဘဝအတွက် အဖေ ရေးပေးခဲ့တဲ့ စာလေးက ကျွန်မဘေးနားမှာ အဖေ အမြဲ နေပေးပြီး သတိပေး ဆုံးမနေ သလိုပါပဲ အဖေရယ် … ။

***

” မြရေ … ဟိုမှာ ကြည့်လိုက်ပါအုံးကွာ ”

မင်္ဂလာပွဲ ကြွရောက် အားပေးသူများကို လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်နေသည့် မိခင် နှစ်ဦး … ။
ကျွန်မတို့ အဖေတွေသာ ရှိခဲ့မယ်ဆိုရင် … ။

***

” မောင် .. မြကို လက်ထပ်ခဲ့ ပြီးပြီ ။ မြက မောင့်လက်တွဲဖော် ဖြစ်သွားပြီ ။ မောင်တို့ ဘဝသစ်ကို အတူတူ လျှောက်လှမ်းဖို့ နှစ်ယောက်စလုံးရဲ့ လက်တွေ ပျော့ပျော့ ပြောင်းပြောင်း ရှိနေရမယ်နော် … မြ ”

ကျွန်မ မောင့်ကို ပြုံးပြလိုက် ပါသည် ။ တပြိုင်နက် တည်းမှာပင် ဖေဖေ့စာလေး ကိုလည်း မောင့်လက်ထဲ ထည့်လိုက် ပါတော့သည် ။

***

ဘဝသတစ်ခုရဲ့ စာမျက်နှာ – ၁ စဖွင့်သည့်နေ့ …

” မောင်ရေ … ညနေ အလုပ်က ပြန်လာရင် ဒီစာရွက်လေး ပလတ်စတစ် လောင်းခဲ့ပါနော် ”

* ဖေဖေ့မှာတမ်း *

AyeMoah

LEAVE A REPLY

Please enter your comment!
Please enter your name here