ယုန္ကေလး ေပးတဲ့ သင္ခန္းစာ

0
2257

(Zawgyi)

ယုန္ကေလး ေပးတဲ့ သင္ခန္းစာ

တခါက …

မိန္းမ အလြန္ေၾကာက္ရတဲ့ ယုန္ပစ္မုဆိုး တေယာက္ ႐ွိတယ္ ။ မုဆိုးရဲ႕ မိန္းမက သူ႔ေယာက်္ားကို မယံုဘူး။ ရလာတဲ့ ယုန္အေရအတြက္ကို တိတိ က်က် သိႏိုင္ဖို႔ မိုးလင္းၿပီ ဆိုရင္ ယုန္ပစ္ ထြက္ဖို႔ ျမား ဆယ္စင္း ၊ ထန္းလ်က္ ဆယ္လံုး ၊ ယုန္ေကာက္ဖို႔ အမဲလိုက္ေခြး တေကာင္ ျပင္ေပးထားေလ့ ႐ွိတယ္ ။

ဆိုလိုတာက မုဆိုးက လက္ အရမ္းေျဖာင့္တဲ့သူ ျဖစ္လို႔ ျမားတစင္း ဆိုရင္ ယုန္တေကာင္ မွန္လိမ့္မယ္ ။ အမဲလိုက္ေခြးကို သြားေကာက္ ခိုင္းၿပီး ဆုအျဖစ္ ထန္းလ်က္ တလံုး ေကြၽးရမယ္ ။ ျမားဆယ္စင္း၊ ထန္းလ်က္ ဆယ္လံုးဆိုရင္ ယုန္ဆယ္ေကာင္ေပါ့ ။

ဒီလိုနဲ႔ …

တစ္ေန႔မွာ ယုန္ပစ္ ထြက္လာၾကတယ္ ။ ျမားကိုးစင္း ၊ ယုန္ကိုးေကာင္ အထိကေတာ့ အဆင္ေျပေနတယ္ ။ ေနာက္ဆံုး ဆယ္စင္းေျမာက္ ျမားကို ပစ္လိုက္တဲ့ အခါ ယုန္ကို မွန္သြားတာ ေတြ႕လိုက္တယ္ ။ အမဲလိုက္ေခြးကလည္း ခ်က္ခ်င္း ယုန္ေနာက္ လိုက္သြားတယ္ ။

ဒါေပမယ့္ အၾကာႀကီးေနမွ ေခြးဟာ ေမာပန္းၿပီး ယုန္မပါဘဲ ျပန္ေရာက္ လာတယ္ ။ မုဆိုးက စိတ္ကလည္း ဆိုး၊ မိန္းမကိုလည္း ေၾကာက္ရေတာ့ ေခြး အသံုးမက်ေၾကာင္း ျပန္ေျပာျပႏိုင္ဖို႔ သက္ေသ အျဖစ္ က်န္တဲ့ ထန္းလ်က္ခဲ တစ္လံုးကို ေခြးကို မေကြၽးေတာ့ဘဲ ျပန္သိမ္းဖို႔ လုပ္တယ္ ။

ေခြးကလည္း သခင့္ အမူအရာကိုၾကည့္ၿပီး –

” မရက္စက္ပါနဲ႔ သခင္ရယ္ ။ က်ဳပ္လည္း အဲဒီ့ယုန္ရဲ႕ ေနာက္ကို ေျပးႏိုင္ သေလာက္ ေျပးၿပီး လိုက္ခဲ့တာပါပဲ ။ စာနာပါ။ ညႇာတာပါ။ က်ဳပ္အျပစ္လို႔ တစ္ဘက္သတ္ႀကီး မဆံုးျဖတ္ပါနဲ႔ ” လို႔ စိတ္ထဲကေန စကားေတြ ေျပာေနသတဲ့။
.
.
ျမားခ်က္ထိၿပီး ဒဏ္ရာရသြားတဲ့ ယုန္အေၾကာင္း ကိုလည္း ေျပာရဦးမယ္။

ဒဏ္ရာရ ယုန္ကေလးလည္း ေမာႀကီး ပန္းႀကီးနဲ႔ မိသားစု သူငယ္ခ်င္းေတြဆီ ျပန္ေရာက္သြားတယ္ ။ တျခား ယုန္ကေလးေတြ ကလည္း ” ျမားခ်က္က အေရျပားကို ႐ွပ္ထိ သြားလို႔ ေတာ္ေသးတာေပါ့၊ မေသေကာင္း မေပ်ာက္ေကာင္းပဲ ” စသျဖင့္ ဝိုင္းဝန္းအားေပးၿပီး ယုန္ကေလးကို အေျပးသန္တဲ့ ေခြးလက္က ဘယ္လိုလြတ္လာတာလဲ လို႔ ေမးၾကတယ္။

ေျပးလာလို႔ ေရာက္လာတာေပါ့ လို႔ ဒဏ္ရာရ ယုန္ကေလးက ျပန္ေျဖတယ္ ။ က်န္တဲ့ယုန္ေတြ ကလည္း ေျပးတိုင္း မေရာက္တဲ့ အေၾကာင္း၊ ေျပးရင္းနဲ႔ ေခြးပါးစပ္ ေရာက္သြားၾကရတာ မ်ားေၾကာင္း ျပန္ျငင္းၾကတယ္ ။ ယုန္ကေလးက သူငယ္ခ်င္းေတြကို ၾကည့္ၿပီး ေျပာျပတယ္။

” ဒီလိုကြ။ ေခြးက လိုက္ေျပး ေျပးတယ္။ ငါက ထြက္ေျပး ေျပးတယ္ ။ ေျပးတာခ်င္းေတာ့ တူတယ္။ ေျပးပံုခ်င္း မတူဘူးကြ ”

က်န္တဲ့ယုန္ေတြက နားမလည္ၾကလို႔ ယုန္ကေလးက ထပ္႐ွင္းျပတယ္ ။

“ ဒီလို သူငယ္ခ်င္းတို႔ရ .. ။ ေခြးက ေျပးႏိုင္သေလာက္ ေျပးခဲ့တယ္ ။ ငါက သူ႔လို ေျပးႏိုင္သေလာက္ပဲ ေျပးခဲ့တာ မဟုတ္ဘူးကြ ။ အသားကုန္ ေျပးခဲ့တာ´´

” ဟင္ .. ဘယ္လို ”

” ေအး .. ဟုတ္တယ္ ။ ငါက အစြမ္းကုန္ ေျပးခဲ့တာ။ ငါသာ ေျပးႏိုင္ သေလာက္ပဲ ေျပးခဲ့ရင္ ဒီခ်ိန္ဆို တျခားယုန္ေတြလို ရြာလယ္ေစ်းမွာ အေရာင္း ခံေနရေလာက္ၿပီကြ ”

နားေထာင္ေနၾကတဲ့ ယုန္အားလံုးက ဒဏ္ရာရ ယုန္ေလးရဲ႕ ဒႆနကို ၾကားရတဲ့အခါ အံ့ၾသသြား ၾကတယ္။ ယုန္ကေလးက တစ္လံုးခ်င္း ဆက္ေျပာတယ္ ။

” ဟုတ္တယ္ေလ … ။ ေျပးႏိုင္သေလာက္သာ ေျပးခဲ့တဲ့ ငါတို႔ရဲ႕ ျမားခ်က္သင့္ ယုန္ေတြ အားလံုး ေသဆံုးခဲ့ၿပီးၿပီ ။ ငါကေတာ့ သူမ်ားလို အေသ မခံႏိုင္ဘူး။ ေျပးႏိုင္သေလာက္သာ ေျပးတဲ့ ေခြးနဲ႔ အသားကုန္ေျပးတဲ့ ငါ … ။ အစြမ္းကုန္ ေျပးခဲ့လို႔ ငါ လြတ္ေျမာက္လာရတာ ။ ဒါေၾကာင့္ ေခြးနဲ႔ငါ ေျပးပံုခ်င္း၊ ေျပးနည္းခ်င္း မတူဘူးလို႔ေျပာတာ ။

မင္းတို႔လည္း တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အဲဒီမုဆိုးရဲ႕ ျမားခ်က္ ထိလို႔မ်ား ေျပးႏိုင္သေလာက္သာ ေျပးၾကမယ္ ဆိုရင္ ေသဆံုးၾကရဦး မွာပဲ။ လြတ္ေျမာက္ဖို႔ အတြက္၊ ႐ွင္သန္ဖို႔ အတြက္၊ ေအာင္ျမင္ဖို႔အတြက္ အသားကုန္ ေျပး၊ အစြမ္းကုန္ ေျပး … ”

ဒီပံုျပင္မွာ ဒဏ္ရာရေနတဲ့ ယုန္ေလးက အ႐ႈံးတရား တို႔ရဲ႕ နိမိတ္ပံုပါ ။ လူအမ်ားစုဟာ ဒဏ္ရာကို အေၾကာင္းျပဳ ၿပီး ေျပးႏိုင္သေလာက္ သာ ေျပးခဲ့ၾကတယ္။ ေနာက္ဆံုး အမဲလိုက္ေခြးရဲ႕ အစြယ္ေအာက္မွာ အသက္ ဆံုးပါးခဲ့ၾက ပါတယ္ ။

ကိုယ္ကိုယ္တိုင္လည္း ေျပးႏိုင္သေလာက္ပဲ ေျပးမိေနတယ္ ဆိုတာကို သတိမျပဳမိၾကပါဘူး။ တခ်ိဳ႕မ်ားဆိုရင္ စိတ္ဒဏ္ရာေလး နည္းနည္း ရလိုက္တာနဲ႔ အိပ္ရာထဲေတာင္ ေခြေခါက္ လဲသြားတတ္ၾကတာပါ။

ဘဝမွာ ၾကံဳေတြ႔ရတဲ့ ဒုကၡေတြ ဆိုတာ ျမားခ်က္ေတြပါ။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ တစ္ေနရာရာမွာ အဲဒီ့ျမားခ်က္ေတြရဲ႕ ပစ္ခြင္းမႈ ဒဏ္ကို လူတိုင္း ခံၾကရ စျမဲပါ ။

ေအာင္ျမင္မႈကို ပိုင္ဆိုင္ခ်င္ရင္ ရလာတဲ့ ဒဏ္ရာကို ယိုးမယ္ မဖြဲ႔သင့္ ပါဘူး။ ဒဏ္ရာနဲ႔ အခက္အခဲ ဆိုတာ ေအာင္ျမင္မႈ အတြက္ အခြင့္အေရးေတြပဲ ျဖစ္ပါတယ္။ ဘဝမွာ ဒဏ္ရာေတြ ဘယ္ေလာက္ပဲ ရထားပါေစ ေမ်ွာ္လင့္ခ်က္ကို မစြန္႔လႊတ္သေရြ႔ ေအာင္ျမင္မႈကို ပိုင္ဆိုင္ႏိုင္ခြင့္ ႐ွိေနဆဲပါ ။

ျပဆိုခဲ့တဲ့ ပံုျပင္မွာ ဒဏ္ရာရ ယုန္သူငယ္ဟာ အသက္ ႐ွင္သန္ခြင့္ ဆိုတဲ့ ေမ်ွာ္လင့္ခ်က္ကို မစြန္႔လႊတ္ဘဲ မိမိ လုပ္ႏိုင္တာကို လုပ္ႏိုင္ သေလာက္တင္ မဟုတ္ဘဲ အစြမ္းကုန္ လုပ္ခဲ့တဲ့ အတြက္ အသက္႐ွင္သန္မႈ ဆိုတဲ့ ေအာင္ျမင္ျခင္းကို ရႏိုင္ခဲ့တာပါ ။

** အခက္အခဲ ဆိုတာ အသိဉာဏ္ ႀကီးသူေတြ အဖို႔ ယာယီ အတားအဆီးသာ ျဖစ္ပါတယ္။

** ႐ွင္သန္ျခင္း ဆိုတာ ေမ်ွာ္လင့္ျခင္းရဲ႕ ေနာက္ထပ္ အဓိပၸါယ္ တစ္ခု ျဖစ္ပါတယ္ ။

** ေအာင္ျမင္ျခင္း ဆိုတာလည္း အစြမ္းကုန္ ႀကိဳးစားျခင္းရဲ႕ ရလဒ္ပဲ ျဖစ္ပါတယ္ ။

– လူေတြရဲ႕ဘဝမွာ ၾကံဳေတြ႔လာရတဲ့ အခက္အခဲေတြ ဆိုတာ မုဆိုးနဲ႔ တူတယ္။ ျမားခ်က္နဲ႔ တူတယ္။ အမဲလိုက္ေခြးနဲ႔ တူတယ္။

– ေအာင္ျမင္မႈနဲ႔ လြဲေခ်ာ္ေနေသး လို႔ စိတ္ဓာတ္ က်ေနသူေတြက ျမားမွန္တဲ့ ယုန္ကေလးေတြ နဲ႔ တူတယ္။ သူတို႔ေနာက္ မွာလည္း ေလာကဓံ ဆိုတဲ့ အမဲလိုက္ေခြးက အၿပီး ကိုက္ဝါးမ်ိဳပစ္ဖို႔ တေကာက္ေကာက္လိုက္လို႔ ..။

– မိမိတို႔က အစြမ္းကုန္ မဟုတ္ဘဲ ေျပးႏိုင္သေလာက္ပဲ ေျပးရင္ေတာ့ ဟင္းတစ္ခြက္ပဲ ျဖစ္သြားပါလိမ့္မယ္ ။

ဒါေၾကာင့္ …

႐ွင္သန္ျခင္းမ်ားကို ပိုင္ဆိုင္ႏိုင္ဖို႔ …
ေအာင္ျမင္ျခင္းမ်ားကို ရယူႏိုင္ဖို႔ …
ေမ်ွာ္မွန္းခဲ့တဲ့ ပန္းတိုင္ကို ေရာက္႐ွိႏိုင္ဖို႔ …

ေျပး … ေျပး … အစြမ္းကုန္ ေျပး … ။

KyalSin

(Unicode)

ယုန်ကလေး ပေးတဲ့ သင်ခန်းစာ

တခါက …

မိန်းမ အလွန်ကြောက်ရတဲ့ ယုန်ပစ်မုဆိုး တယောက် ရှိတယ် ။ မုဆိုးရဲ့ မိန်းမက သူ့ယောကျ်ားကို မယုံဘူး။ ရလာတဲ့ ယုန်အရေအတွက်ကို တိတိ ကျကျ သိနိုင်ဖို့ မိုးလင်းပြီ ဆိုရင် ယုန်ပစ် ထွက်ဖို့ မြား ဆယ်စင်း ၊ ထန်းလျက် ဆယ်လုံး ၊ ယုန်ကောက်ဖို့ အမဲလိုက်ခွေး တကောင် ပြင်ပေးထားလေ့ ရှိတယ် ။

ဆိုလိုတာက မုဆိုးက လက် အရမ်းဖြောင့်တဲ့သူ ဖြစ်လို့ မြားတစင်း ဆိုရင် ယုန်တကောင် မှန်လိမ့်မယ် ။ အမဲလိုက်ခွေးကို သွားကောက် ခိုင်းပြီး ဆုအဖြစ် ထန်းလျက် တလုံး ကျွေးရမယ် ။ မြားဆယ်စင်း၊ ထန်းလျက် ဆယ်လုံးဆိုရင် ယုန်ဆယ်ကောင်ပေါ့ ။

ဒီလိုနဲ့ …

တစ်နေ့မှာ ယုန်ပစ် ထွက်လာကြတယ် ။ မြားကိုးစင်း ၊ ယုန်ကိုးကောင် အထိကတော့ အဆင်ပြေနေတယ် ။ နောက်ဆုံး ဆယ်စင်းမြောက် မြားကို ပစ်လိုက်တဲ့ အခါ ယုန်ကို မှန်သွားတာ တွေ့လိုက်တယ် ။ အမဲလိုက်ခွေးကလည်း ချက်ချင်း ယုန်နောက် လိုက်သွားတယ် ။

ဒါပေမယ့် အကြာကြီးနေမှ ခွေးဟာ မောပန်းပြီး ယုန်မပါဘဲ ပြန်ရောက် လာတယ် ။ မုဆိုးက စိတ်ကလည်း ဆိုး၊ မိန်းမကိုလည်း ကြောက်ရတော့ ခွေး အသုံးမကျကြောင်း ပြန်ပြောပြနိုင်ဖို့ သက်သေ အဖြစ် ကျန်တဲ့ ထန်းလျက်ခဲ တစ်လုံးကို ခွေးကို မကျွေးတော့ဘဲ ပြန်သိမ်းဖို့ လုပ်တယ် ။

ခွေးကလည်း သခင့် အမူအရာကိုကြည့်ပြီး –

” မရက်စက်ပါနဲ့ သခင်ရယ် ။ ကျုပ်လည်း အဲဒီ့ယုန်ရဲ့ နောက်ကို ပြေးနိုင် သလောက် ပြေးပြီး လိုက်ခဲ့တာပါပဲ ။ စာနာပါ။ ညှာတာပါ။ ကျုပ်အပြစ်လို့ တစ်ဘက်သတ်ကြီး မဆုံးဖြတ်ပါနဲ့ ” လို့ စိတ်ထဲကနေ စကားတွေ ပြောနေသတဲ့။
.
.
မြားချက်ထိပြီး ဒဏ်ရာရသွားတဲ့ ယုန်အကြောင်း ကိုလည်း ပြောရဦးမယ်။

ဒဏ်ရာရ ယုန်ကလေးလည်း မောကြီး ပန်းကြီးနဲ့ မိသားစု သူငယ်ချင်းတွေဆီ ပြန်ရောက်သွားတယ် ။ တခြား ယုန်ကလေးတွေ ကလည်း ” မြားချက်က အရေပြားကို ရှပ်ထိ သွားလို့ တော်သေးတာပေါ့၊ မသေကောင်း မပျောက်ကောင်းပဲ ” စသဖြင့် ဝိုင်းဝန်းအားပေးပြီး ယုန်ကလေးကို အပြေးသန်တဲ့ ခွေးလက်က ဘယ်လိုလွတ်လာတာလဲ လို့ မေးကြတယ်။

ပြေးလာလို့ ရောက်လာတာပေါ့ လို့ ဒဏ်ရာရ ယုန်ကလေးက ပြန်ဖြေတယ် ။ ကျန်တဲ့ယုန်တွေ ကလည်း ပြေးတိုင်း မရောက်တဲ့ အကြောင်း၊ ပြေးရင်းနဲ့ ခွေးပါးစပ် ရောက်သွားကြရတာ များကြောင်း ပြန်ငြင်းကြတယ် ။ ယုန်ကလေးက သူငယ်ချင်းတွေကို ကြည့်ပြီး ပြောပြတယ်။

” ဒီလိုကွ။ ခွေးက လိုက်ပြေး ပြေးတယ်။ ငါက ထွက်ပြေး ပြေးတယ် ။ ပြေးတာချင်းတော့ တူတယ်။ ပြေးပုံချင်း မတူဘူးကွ ”

ကျန်တဲ့ယုန်တွေက နားမလည်ကြလို့ ယုန်ကလေးက ထပ်ရှင်းပြတယ် ။

“ ဒီလို သူငယ်ချင်းတို့ရ .. ။ ခွေးက ပြေးနိုင်သလောက် ပြေးခဲ့တယ် ။ ငါက သူ့လို ပြေးနိုင်သလောက်ပဲ ပြေးခဲ့တာ မဟုတ်ဘူးကွ ။ အသားကုန် ပြေးခဲ့တာ´´

” ဟင် .. ဘယ်လို ”

” အေး .. ဟုတ်တယ် ။ ငါက အစွမ်းကုန် ပြေးခဲ့တာ။ ငါသာ ပြေးနိုင် သလောက်ပဲ ပြေးခဲ့ရင် ဒီချိန်ဆို တခြားယုန်တွေလို ရွာလယ်ဈေးမှာ အရောင်း ခံနေရလောက်ပြီကွ ”

နားထောင်နေကြတဲ့ ယုန်အားလုံးက ဒဏ်ရာရ ယုန်လေးရဲ့ ဒဿနကို ကြားရတဲ့အခါ အံ့သြသွား ကြတယ်။ ယုန်ကလေးက တစ်လုံးချင်း ဆက်ပြောတယ် ။

” ဟုတ်တယ်လေ … ။ ပြေးနိုင်သလောက်သာ ပြေးခဲ့တဲ့ ငါတို့ရဲ့ မြားချက်သင့် ယုန်တွေ အားလုံး သေဆုံးခဲ့ပြီးပြီ ။ ငါကတော့ သူများလို အသေ မခံနိုင်ဘူး။ ပြေးနိုင်သလောက်သာ ပြေးတဲ့ ခွေးနဲ့ အသားကုန်ပြေးတဲ့ ငါ … ။ အစွမ်းကုန် ပြေးခဲ့လို့ ငါ လွတ်မြောက်လာရတာ ။ ဒါကြောင့် ခွေးနဲ့ငါ ပြေးပုံချင်း၊ ပြေးနည်းချင်း မတူဘူးလို့ပြောတာ ။

မင်းတို့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီမုဆိုးရဲ့ မြားချက် ထိလို့များ ပြေးနိုင်သလောက်သာ ပြေးကြမယ် ဆိုရင် သေဆုံးကြရဦး မှာပဲ။ လွတ်မြောက်ဖို့ အတွက်၊ ရှင်သန်ဖို့ အတွက်၊ အောင်မြင်ဖို့အတွက် အသားကုန် ပြေး၊ အစွမ်းကုန် ပြေး … ”

ဒီပုံပြင်မှာ ဒဏ်ရာရနေတဲ့ ယုန်လေးက အရှုံးတရား တို့ရဲ့ နိမိတ်ပုံပါ ။ လူအများစုဟာ ဒဏ်ရာကို အကြောင်းပြု ပြီး ပြေးနိုင်သလောက် သာ ပြေးခဲ့ကြတယ်။ နောက်ဆုံး အမဲလိုက်ခွေးရဲ့ အစွယ်အောက်မှာ အသက် ဆုံးပါးခဲ့ကြ ပါတယ် ။

ကိုယ်ကိုယ်တိုင်လည်း ပြေးနိုင်သလောက်ပဲ ပြေးမိနေတယ် ဆိုတာကို သတိမပြုမိကြပါဘူး။ တချို့များဆိုရင် စိတ်ဒဏ်ရာလေး နည်းနည်း ရလိုက်တာနဲ့ အိပ်ရာထဲတောင် ခွေခေါက် လဲသွားတတ်ကြတာပါ။

ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေ ဆိုတာ မြားချက်တွေပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အဲဒီ့မြားချက်တွေရဲ့ ပစ်ခွင်းမှု ဒဏ်ကို လူတိုင်း ခံကြရ စမြဲပါ ။

အောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် ရလာတဲ့ ဒဏ်ရာကို ယိုးမယ် မဖွဲ့သင့် ပါဘူး။ ဒဏ်ရာနဲ့ အခက်အခဲ ဆိုတာ အောင်မြင်မှု အတွက် အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒဏ်ရာတွေ ဘယ်လောက်ပဲ ရထားပါစေ မျှော်လင့်ချက်ကို မစွန့်လွှတ်သရွေ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခွင့် ရှိနေဆဲပါ ။

ပြဆိုခဲ့တဲ့ ပုံပြင်မှာ ဒဏ်ရာရ ယုန်သူငယ်ဟာ အသက် ရှင်သန်ခွင့် ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ မိမိ လုပ်နိုင်တာကို လုပ်နိုင် သလောက်တင် မဟုတ်ဘဲ အစွမ်းကုန် လုပ်ခဲ့တဲ့ အတွက် အသက်ရှင်သန်မှု ဆိုတဲ့ အောင်မြင်ခြင်းကို ရနိုင်ခဲ့တာပါ ။

** အခက်အခဲ ဆိုတာ အသိဉာဏ် ကြီးသူတွေ အဖို့ ယာယီ အတားအဆီးသာ ဖြစ်ပါတယ်။

** ရှင်သန်ခြင်း ဆိုတာ မျှော်လင့်ခြင်းရဲ့ နောက်ထပ် အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ် ။

** အောင်မြင်ခြင်း ဆိုတာလည်း အစွမ်းကုန် ကြိုးစားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ် ။

– လူတွေရဲ့ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေ ဆိုတာ မုဆိုးနဲ့ တူတယ်။ မြားချက်နဲ့ တူတယ်။ အမဲလိုက်ခွေးနဲ့ တူတယ်။

– အောင်မြင်မှုနဲ့ လွဲချော်နေသေး လို့ စိတ်ဓာတ် ကျနေသူတွေက မြားမှန်တဲ့ ယုန်ကလေးတွေ နဲ့ တူတယ်။ သူတို့နောက် မှာလည်း လောကဓံ ဆိုတဲ့ အမဲလိုက်ခွေးက အပြီး ကိုက်ဝါးမျိုပစ်ဖို့ တကောက်ကောက်လိုက်လို့ ..။

– မိမိတို့က အစွမ်းကုန် မဟုတ်ဘဲ ပြေးနိုင်သလောက်ပဲ ပြေးရင်တော့ ဟင်းတစ်ခွက်ပဲ ဖြစ်သွားပါလိမ့်မယ် ။

ဒါကြောင့် …

ရှင်သန်ခြင်းများကို ပိုင်ဆိုင်နိုင်ဖို့ …
အောင်မြင်ခြင်းများကို ရယူနိုင်ဖို့ …
မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ …

ပြေး … ပြေး … အစွမ်းကုန် ပြေး … ။

KyalSin

LEAVE A REPLY

Please enter your comment!
Please enter your name here