2019 နှစ်အတွက် ဆရာမင်းသုခ၏ ရာသီခွင်အလိုက် (1) နှစ်စာ ဟောစာတမ်း
0
10634
(Zawgyi)
(Unicode)
2019 နှစ်အတွက် ရာသီခွင်အလိုက် (1) နှစ်စာ ဟောစာတမ်း.
မိတ်ဆွေအားလုံးအတွက် တစ်နှစ်စာ ရာသီခွင်အလိုက် ဟောစာတမ်းလေး တင်ပေးလိုက်ပါတယ် ခင်များ…
မိတ်ဆွေများရဲ့ ဘဝအခက်အခဲ ကောင်းကျိုး ဆိုးကျိုးများကို သေချာသိရှိနိုင်စေရန်အတွက် ဆရာမင်းသုခကိုယ်တိုင် ရေးသားပြုစုပေး လိုက်ပါတယ်။ သင်တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် like and share လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါ။
မိႆရာသီ(Aries)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
မိဿရာသီ(Aries)
မတ် (၂၁) မှ ဧပြီ (၂၀) အတွင်း မွေးဖွားသူများ
ဒီနှစ်မှာ လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားသူများ စတင်သင့်ပြီး အစစအရာရာ အောင်မြင်နိုင်ပါလိမ့်မယ်။ စာချုပ်စာတမ်း ကိစ္စများ၊ အိမ်ခြံမြေ လက်မှတ်ရေးထိုးခြင်း ကိစ္စများလည်း ပြုလုပ်ရတတ်ပါတယ်။ နေအိမ်နေရာထိုင်ခင်း အသစ်၊ လုပ်ငန်းနေရာအသစ်ပြောင်းရွှေ့ရကိန်းလည်း ရှိနေပါတယ်။ အိမ်တွင်းရေး သာယာနေပြီး သားသမီးကြောင့်လည်း ဂုဏ်တက်ရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရှိပြီး သူတွေအနေနဲ့ နှစ်ဖက် မိဘ စကားပြောကြောင်းလမ်း ရတတ်ပါတယ်။ ချစ်သူ မရှိသေးသူတွေအနေနဲ့လည်း ချစ်သူ ရလာတတ်တဲ့ နှစ်ပါပဲ။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်ပါတယ်။အတွင်းရောဂါနဲ့ ပက်သက်ပြီး ဂရုစိုက်ပေးရပါမည်။လေထိုး၊ လေအောင့်၊ လေနာ ဗိုက်ဝေဒနာနဲ့ ပက်သက်ပြီး ဖြစ်တက်ပါသည်။
ယတြာ – မွေးနေ့မှာ အိမ်အနီးရှိ ဘုရားသို့သွားပြီး ရွှေသင်္ကန်း ကပ်လှူပေးပါ။
ဆရာမင်းသုခ
09440243656(viber)
ၿပိႆရာသီ(Taurus)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
ပြိဿရာသီ(Taurus)
ဧပြီ (၂၁) မှ မေ (၂၁) အတွင်းမွေးဖွားသူများ
ဝေးကွာနေသူတွေနဲ့ ပြန်လည် ဆုံဆည်းနိုင်မယ့် ကာလဖြစ်ပြီး အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါလိမ့်မယ်။ လုပ်ငန်း အပြောင်းအလဲကြားကပဲ တိုးတက်မှုတွေ ရရှိလာနိုင်ပြီး လူမျိုးခြား ကူညီမစမှု ရရှိပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းစပ်တူလုပ်ခြင်းဖြင့် အောင်မြင်မှု ရရှိပါလိမ့်မယ်။ အချစ်ရေးမှာ အသည်းနှလုံးထက် ဦးနှောက်ကိုဦးစားပေးရွေးချယ် ဆုံးဖြတ်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။ နီးစပ်မှုပေါ် မူတည်ပြီးလည်း အိမ်ထောင်ကျကိန်း ရှိနေပါတယ်။ ကံကောင်းနေပေမယ့် ဝီရိယစိုက်ထုတ်မှု အားနည်းတာကြောင့် ပညာရေး၊ လုပ်ငန်းခွင် ရာထူးတိုးတက်မှုပိုင်းမှာ နှောင့်နှေးနေ တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆုတ်အအေးပတ်တာ၊ သွားနဲ့ပတ်သက်တဲ့ ရောဂါမျိုး ဖြစ်ပွားတတ်ပါတယ်။
ယတြာ – ကလေးငယ်တစ်ဦးအား ဘယာကြော် ဝယ်ကျွေးလိုက်ပါ။
ဆရာမင်းသုခ
09440243656(viber)
မေထုန်ရာသီ(Gemini)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
မေထုန်ရာသီ(Gemini)
မေ (၂၂) မှ ဇွန်(၂၁) အတွင်းမွေးဖွားသူများ
စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ အောက်လက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။ အိမ်ပြင်ရခြင်းမျိုးရှိပြီး အိမ်အသစ်သော်လည်းကောင်း ဝင်တတ်ပါတယ်။ ပုံမှန်ငွေဝင်နေပေမယ့် ငွေကုန်တဲ့နှုန်းကတော့ ဝင်တဲ့နှုန်းထက်များနေမယ့် ကာလပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ငွေကုန်ကြေးကျ များနေပါလိမ့်မယ်။ အစာအိမ် ဝမ်းဗိုက် ဒုက္ခပေးတတ်ပါတယ်။ အိမ်တွင် သက်ကြီးရွယ်အို ဘိုးဘွားများရှိပါက ကျန်းမာရေး ဂရုစိုက်ပေးပါ။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းရှိပြီး ရာထူးတိုးကိန်းလည်း ရှိနေပါတယ်။ အချစ်ရေးပိုင်းမှာတော့ ကြားလူနှောင့်ယှက်လို့ ဝေးကွာရတတ်ပါတယ်။ အိမ်ထောင်သည်တွေ အနေနဲ့လည်း စိတ်ဝမ်းကွဲပြီး ကတောက်ကဆ ဖြစ်ပွားတတ်ပါတယ်။
ယတြာ – အိမ်ရှိ ဘုရားတွင် သစ္စာပန်း ကပ်လှူပေးပါ။
ဆရာမင်းသုခ
09440243656(viber)
ကရကဋ္ရာသီ(Cancer)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
ကရကဋျရာသီ(Cancer)
ဇွန် (၂၂) မှ ဇူလိုင် (၂၂) အတွင်းမွေးဖွားသူများ
လုပ်သလောက် နာမည် မရဖြစ်နေမယ့် ကာလပါပဲ။ ဒီနှစ်အတွင်း လုပ်သမျှ ကိစ္စရပ်တွေ အားလုံး အလွဲလွဲအချော်ချော်ဖြစ်နေပါလိမ့်မယ်။ လုပ်ငန်းစပ်တူလုပ်ခြင်းမျိုးတွေကိုလည်း ရှောင်ကြဉ်သင့်တဲ့ နေ့ရက်ပါပဲ။ ကိုယ်တိုင်မလုပ်ဘဲ သူတစ်ပါးကို တဆင့် ခိုင်းစေထားတဲ့ ကိစ္စတွေမှာလည်း သစ္စာဖောက်မှုခံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အာမခံပေးတာမျိုးရှောင်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေးမှာလည်း သူတပါးကြားဝင်ရောက်မိလို့ အထင်လွဲခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနဲ့ ခါးအောက်ပိုင်း ထိခိုက်မိတတ်ပါတယ်။
ယတြာ – ဘုရားစင် ရှင်းပေးပြီး ပန်းအဝါရောင် (၃)ပွင့်၊ အမွှေးတိုင် (၃)တိုင်၊ ထောပတ်ဆီမီးခွက် (၃)ခွက် ပူဇော်ပေးပါ။
ဆရာမင်းသုခ
09440243656(viber)
သိဟ္ရာသီ(Leo)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
သိဟျရာသီ(Leo)
ဇူလိုင် (၂၃) မှ သြဂုတ် (၂၃) အတွင်းမွေးဖွားသူများ
လူမျိုးခြား၊ ဘာသာခြားနဲ့ ဖက်စပ် လုပ်ကိုင်တာကနေ အောင်မြင်မှု ရရှိပါလိမ့်မယ်။ အိမ်ထောင် မရှိသူများ အိမ်ထောင်ကျကိန်းရှိပြီး အချစ်ရေးမှာ အထူးကံကောင်းနေပါတယ်။ သွားလေရာ ရောက်လေရာမှာ လူတိုင်းက မိမိအပေါ် လိုလားမှု ရှိနေပါလိမ့်မယ်။ အပြောင်းအလဲ၊ ယှဉ်ပြိုင်မှုတွေကြားကနေပဲ တိုးတက်အောင်မြင် ပါလိမ့်မယ်။ အခက်အခဲ အနည်းငယ် ရှိပေမယ့် ကျော်လွှားနိုင်မှာလည်း ဖြစ်ပါတယ်။ ခြံ၊ ကား၊ အိမ် အသစ်ဝင်ကိန်းရှိပြီး အိမ်ပြောင်းရကိန်းလည်း ရှိနေပါတယ်။ ဒီနေ့ရက်မှာ စိတ်ပျံ့လွင့်လွယ်ပြီး အချစ်ရေးမှာ နစ်မျောနေတာကြောင့် ပညာရေးပိုင်း အားနည်းတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆုတ်ရောဂါ ဖြစ်ပွားတတ်ပါတယ်။
ယတြာ – လမ်းတွင်တွေ့သော သက်ကြီးရွယ်အို တစ်ဦးအား တတ်နိုင်သမျှ လှူဒါန်းပေးပါ။
ဆရာမင်းသုခ
09440243656(viber)
ကန္ရာသီ(Virgo)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
ကန်ရာသီ(Virgo)
သြဂုတ် (၂၄) မှ စက်တင်ဘာ (၂၂) အတွင်းမွေးဖွားသူများ
မနာလို ပြိုင်ဆိုင်မှုများ ကြုံရကိန်း ရှိနေပြီး လုပ်ငန်းခွင်မှာလည်း အနှောင့်အယှက်ပေးသူတွေ ကြုံရပါလိမ့်မယ်။ ရပ်တန့်ထားတဲ့ ကိစ္စတွေပြန်လည် အကောင်အထည်ပေါ်လာမယ့် နေ့ရက်ဖြစ်ပြီး လုပ်ငန်းသစ် စတင်ဖို့ ကောင်းမွန်တဲ့ နှစ်လို့လည်း ဆိုရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ တွဲဖက်လုပ်ကိုင်သူများ သတိထားသင့်ပြီး ဒီနေ့မှာ အလုပ်ပြောင်း၊ အိမ်ပြောင်းတာမျိုးတွေ မလုပ်သင့်သေးပါဘူး။ ဘေးစကားတွေကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာဖြစ်နိုင်လို့ သတိပြုရမယ့် နေ့ရက်ပါပဲ။ အတတ်ပညာ တစ်ခုခု တိုးချဲ့သင်ယူရကိန်းရှိပြီး နိုင်ငံခြား ခရီးစဉ် သွားရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဒုက္ခပေးတတ်ပါတယ်။
ယတြာ – အိမ်ရှိ ဘုရားတွင် ကျောက်ကျော ကပ်လှူပေးပါ။
ဆရာမင်းသုခ
09440243656(viber)
တူရာသီ(Libra)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
တူရာသီ(Libra)
စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) အတွင်းမွေးဖွားသူများ
လုပ်ငန်းကိစ္စ စပ်တူ လုပ်ကိုင်မှုတွေ ကနေ အကျိုးအမြတ် ရရှိနိုင်ပါလိမ့်မယ်။ ထီပေါက်ကိန်း ရှိပြီး အိမ်အနီးအနားမှာ နာရေးရှိရင် ထီပြေးထိုးလိုက်ပါ။ ကုန်သည်ပွဲစားများ အလုပ်အကိုင်ကောင်းနေမယ့် နေ့ရက်ဖြစ်ပြီး အိမ်ခြံမြေ အိုးသစ်အိမ်သစ် ဝင်ကိန်းရှိနေပါတယ်။ ကြားကနေ အာမခံရတဲ့ လုပ်ငန်း ကိစ္စရပ်တွေကိုတော့ တတ်နိုင်သမျှရှောင်ရှားလိုက်ပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ အောင်မြင်မှုကြောင့်ဂုဏ်တက်မယ့် ကာလပါပဲ။ သားသမီးတွေကြောင့်လည်း စိတ်ချမ်းမြေ့ရမယ့် အချိန်ပါပဲ။ ပျိုရွယ်သူတွေအနေနဲ့ ချစ်သူဝိုင်းဝိုင်းလည် နေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောအားနည်းတတ်ပါတယ်။
ယတြာ – အိမ်ရှိ ဘုရားတွင် ထန်းလျက်ကပ်လှူပေးပါ။
ဆရာမင်းသုခ
09440243656(viber)
ဗြိစ္ဆာရာသီ(Scorpio)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
ဗွိစ်ဆာရာသီ(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာ (၂၂) အတွင်းမွေးဖွားသူများ
လုပ်ငန်း ကိစ္စရပ်တွေမှာ အတူလက်တွဲ လုပ်ဆောင်သူက မကောင်းကြံမှုကြောင့် ပျက်စီးနိုင်ပါတယ်။ ဒီနှစ်မှာ ဘယ်သူ့ကိုမှ မယုံတာက အကောင်းဆုံးပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေး ဆူပူနေမယ့် အချိန်ဖြစ်ပြီး အချစ်ရေးမှာလည်း ချစ်သူနဲ့ တကျက်ကျက်ဖြစ်နေပါလိမ့်မယ်။ နေရာထိုင်ခင်း အပြောင်းအလဲ ရှိနေပြီး ပြောင်းရွှေ့ရတဲ့ အိမ်သစ်မှာ အပူသည်သော်လည်းကောင်း ရှိနေနိုင်ပါတယ်။ အိမ်ကို ရပ်ဝေးက ဧည့်သည် ရောက်လာရင်တော့ သတင်းစကားကောင်း ပါလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲတာမျိုး ဖြစ်ပွားတတ်ပါတယ်။
ယတြာ – ဘုရားပန်း ရောင်စုံ (၂၇) ပွင့် ကပ်လှူပေးပါ။
ဆရာမင်းသုခ
09440243656(viber)
ဓနုရာသီ(Sagittarius)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
ဓနုရာသီ(Sagittarius)
နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁) အတွင်းမွေးဖွားသူများ
ဒီနှစ်မှာ အရင်ရက်တွေက ကြန့်ကြာနေခဲ့တဲ့ ကိစ္စတွေ အကုန်လုံး အောင်မြင်ပြီးမြောက် ပါလိမ့်မယ်။ အောက်လက်ငယ်သားတွေရဲ့ အကူအညီ ဒါမှမဟုတ် လုပ်ငန်းရှင်အထက်အရာရှိရဲ့ အကူူအညီနဲ့ ရာထူးတိုးတက်ခြင်း၊ လုပ်ငန်းကိစ္စတွေ အောင်မြင်ခြင်းမျိုး ရှိနေနိုင်ပါတယ်။ ငွေအများအပြား ဝင်ကိန်းလည်း ရှိနေပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာနေပြီး ချစ်သူမရှိသေးသူတွေလည်း ချစ်သူရလာတတ်ပါတယ်။ ပညာရေး ကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။
ယတြာ – အိမ်ရှိ ကြီးကဲသူတစ်ဦးအား သစ်သီးဖြင့် ကန်တော့လိုက်ပါ။
ဆရာမင်းသုခ
09440243656(viber)
မကာရရာသီ(Capricorn)
ဆရာမင်းသုခ
09440243656(viber)
(Unicode)
မကာရရာသီ(Capricorn)
ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီ (၂၀) အတွင်းမွေးဖွားသူများ
ဒီနှစ်မှာ လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားရင် ခဏရပ် ထားလိုက်ပါဦး။ စပ်တူရှယ်ယာ လုပ်ငန်းတွေကြောင့်လည်း ငွေကြေးဆုံးရှုံးရတတ်ပါတယ်။ မိဘသို့မဟုတ် ကြီးကဲသူ တစ်ဦးဦးနဲ့ ရန်အကြီးအကျယ် ဖြစ်တတ်ပြီး အိမ်ပေါ်ကနေ ဆင်းရတဲ့အထိ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ စိတ်မထိန်းနိုင်မှုကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူရှိနေပေမယ့် တစ်ခြားသူ တစ်ဦးကို စိတ်ညွတ်နေတတ်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
ယတြာ – အိမ်ရှိ ဘုရားတွင် သစ်ခွပန်း ကပ်လှူပေးပါ။
ဆရာမင်းသုခ
09440243656(viber)
ကုမ္ရာသီ (Aquarius)
ဇန်န၀ါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) အတွင်းမွေးဖွားသူများ
လုပ်ငန်းမှာ အကြီးအကဲတွေရဲ့ အထောက်အပံ့ ရရှိပြီး ရာထူးတိုး၊ နေရာပြောင်း ကြုံရနိုင်ပါတယ်။ ၀င်ငွေရပေါက်ရလမ်းများနေမယ့် ကာလဖြစ်ပြီး မိသားစုရဲ့ အကူအညီလည်း ရရှိနေပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင် အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိ နိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန် တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့ ကျောက်ကပ်ရောဂါ သတိပြုသင့်ပါတယ်။
ယတြာ – ဘုရားတွင် နေပူခံကျောက်ပြား၊ ကြွေပြား လှူဒါန်းပေးပါ။
ဆရာမင်းသုခ
09440243656(viber)
(Unicode)
ကုမ်ရာသီ (Aquarius)
ဇန်န၀ါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) အတွင်းမွေးဖွားသူများ
လုပ်ငန်းမှာ အကြီးအကဲတွေရဲ့ အထောက်အပံ့ ရရှိပြီး ရာထူးတိုး၊ နေရာပြောင်း ကြုံရနိုင်ပါတယ်။ ၀င်ငွေရပေါက်ရလမ်းများနေမယ့် ကာလဖြစ်ပြီး မိသားစုရဲ့ အကူအညီလည်း ရရှိနေပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေနေပြီး ပျိုရွယ်သူတွေ စန်းပွင့်နေပါတယ်။ တစ်ဦးထက်ပိုတဲ့ ချစ်သူတွေ ပေါ်ပေါက်လာတတ်ပြီး ဖူးစာရှင် အစစ်အမှန်ကိုလည်း ရွေးချယ်တွေ့ရှိ နိုင်ပါလိမ့်မယ်။ ပညာရေးကောင်းမွန် တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ ကျန်းမာရေးကတော့ ကျောက်ကပ်ရောဂါ သတိပြုသင့်ပါတယ်။
ယတြာ – ဘုရားတွင် နေပူခံကျောက်ပြား၊ ကြွေပြား လှူဒါန်းပေးပါ။
ဆရာမင်းသုခ
09440243656(viber)
မိန်ရာသီ (Pisces)
ယတြာ – ခိုစာကျွေးပေးပါ။
ဆရာမင်းသုခ
09440243656(viber)
(Unicode)
မိန်ရာသီ (Pisces)
ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀) အတွင်းမွေးဖွားသူများ
ဒီနှစ်မှာ ကိုယ့်အပေါ် ယှဉ်ပြိုင်လိုသူတွေ ပေါများနေပြီး နောက်ကျောဓားနဲ့ ထိုးမယ့်သူတွေလည်း များပြားနေ ပါလိမ့်မယ်။ အိမ်တွင်းရေး အရှုတ်အရှင်းတွေကိုလည်း တွေ့ကြုံရမယ့် အချိန်ဖြစ်ပြီး မိသားစုထဲက အငယ်ဆုံးသူတစ်ဦးရဲ့ အိမ်ထောင်ရေး ကိစ္စ စီစဉ်ပေးရတတ်ပါတယ်။ ငွေဝင်သလောက် ထွက်နေမယ့် ကာလဖြစ်ပြီး အစုစပ်လုပ်ငန်းနဲ့ လျှပ်စစ် ပစ္စည်းဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူများ ကောင်းမွန်နေပါလိမ့်မယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေးသာယာနေပြီး အိမ်ထောင်ဖက်နဲ့ အတူ ခရီးထွက်ရကိန်းရှိနေပါတယ်။ အချစ်ရေးမှာတော့ စန်းပွင့်နေမယ့် နေ့ရက်ပါပဲ။ ပညာရေးပိုင်းမှာ ကြီးကဲသူတစ်ဦးရဲ့ အထောက်အပံ့နဲ့ လုပ်ငန်းရာထူး အဆင့်တိုးတက်နိုင်စေမယ့် သင်တန်းတွေ တက်ရောက်ရကိန်း ရှိပါတယ်။ ကျန်းမာရေးအနေနဲ့ အပူရှပ်တတ်ပါတယ်။
ယတြာ – ခိုစာကျွေးပေးပါ။
ဆရာမင်းသုခ
09440243656(viber)
=====================
နက္ခတ္တဗေဒ ပညာရှင်
မန္တလေးမြို့
09-440243656
၇၃လမ်း/၃၄-၃၅လမ်းကြား။
နက္ခတ္တဗေဒ ပညာရှင်
ဗေဒင် နှင့် လက္ခဏာ ဆရာမင်းသုခ
မန္တလေးမြို့09-440243656
၇၃လမ်း/၃၄-၃၅လမ်းကြား။
LEAVE A REPLY
Please enter your comment!
Please enter your name here