မိတ္ကတ္မပါတဲ့ ဇနီးရဲ႕မ်က္ႏွာကိုျမင္ပီး ခင္ပြန္းက ဟန္းနီးမြန္းအျပန္မွာ ကြာရွင္းခြင့္ေတာင္း

0
6852

(Zawgyi)

အာဖရိကန္သား အမ်ိဳးသား တစ္ဦးဟာ ခင္ပြန္းသည္ အမ်ိဳးသမီးကုိ လက္ထပ္ ၿပီးတဲ့ေနာက္ ဟန္းနီးမြန္း ခရီးစဥ္ အျပန္မွာပဲ ကြာရွင္းခြင့္ ေတာင္းခံခဲ့ပါတယ္။

အေၾကာင္းကေတာ့ ဇနီးသည္ ျဖစ္လာခဲ့တဲ့ အမ်ိဳးသမီးကုိ မိတ္ကပ္ မပါပဲ သဘာဝ မ်က္ႏွာကို အတုိင္းသား ျမင္ေတြ႔ သြားခဲ့ရလုိ႔ ဆိုပါသတဲ့။ ပံုပန္းသ႑ာန္ ဆိုးရြားလြန္းတဲ့ ရုပ္ရည္ေၾကာင့္ ဇနီးေလာင္းကုိ ဆက္လက္ ေပါင္းသင္း ခ်င္တဲ့စိတ္ မရွိေတာ့ဘူး လုိ႔လည္း ေျပာထားပါတယ္။

အသက္ ၄၀ႏွစ္ အရြယ္ ရွိတဲ့ အမ်ိဳးသားဟာ အသက္ ၃၅ႏွစ္ အရြယ္  ဇနီးသည္ကုိ ကြာရွင္းခြင့္ ေတာင္းခံခဲ့ၿပီးေတာ့ သူမဟာ အလွကုန္ ပစၥည္းေတြ အမ်ားအျပားကုိ အသံုးျပဳ ထားၿပီး မ်က္ႏွာ အလွအပ ဖန္တီး ျပင္ဆင္ ထားခဲ့တာေၾကာင့္ မူလ ဆိုးရြား လြန္းတဲ့ ရုပ္ရည္ကုိ ဖံုးကြယ္ကာ လိမ္လည္ လက္ထပ္ခဲ့တာ ျဖစ္ေၾကာင္း ထြက္ဆုိ ထားပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ လူမႈကြန္ရက္ စာမ်က္ႏွာ ေပၚကေန တဆင့္ ေတြ႔ဆံု ခ်စ္ႀကိဳက္ခဲ့ၾကတာ ျဖစ္ၿပီးေတာ့ သံုးလေလာက္ အၾကာမွာ လက္ထပ္ ခဲ့ၾကတာ ျဖစ္တယ္ လုိ႔ သိရပါတယ္။

ႏွစ္ဦးသား ေတြ႔ဆံုခ်ိန္နဲ႔ လက္ထပ္ခ်ိန္ေတြတုန္းက ဇနီးသည္ ျဖစ္သူမွာ အလွကုန္ ပစၥည္းေတြ အလြန္အကၽြံ သံုးစြဲထားကာ မူလ ရုပ္ရည္ကုိ ဖံုးကြယ္ၿပီး အလွပဆံုး ျပင္ဆင္ ထားခဲ့တာ ျဖစ္တယ္ လုိ႔ ဆုိပါတယ္။

အိမ္ေထာင္က်ၿပီး ခ်ိန္မွာေတာ့ ဇနီးသည္ရဲ႕ မိတ္ကပ္ မျပင္ မဆင္ပဲ သာမန္ ရုပ္ရည္မွာ လက္ခံဖုိ႔ ခက္ခဲတဲ့ အေၾကာင္းအရင္း ျဖစ္ေနခဲ့တာ ျဖစ္တယ္လုိ႔ ကြာရွင္းခြင့္ ေတာင္းခံတဲ့ ခင္ပြန္းသည္ အမ်ိဳးသားက ထြက္ဆုိ ထားပါတယ္။

ဒီအတြက္ေၾကာင့္ ကြာရွင္း ခံခဲ့ရတဲ့ အမ်ိဳးသမီးရဲ႕ အတုိင္ပင္ခံ ေဒါက္တာ မုိလာပုိ ကေတာ့ သူမရဲ႕ စိတ္ပုိင္းဆုိင္ရာ နာက်င္ခံစားမႈ ေဝဒနာ အတြက္ ခံစားမႈ သက္သာေအာင္ ေျဖေလွ်ာ့ ေပးမႈေတြ လုပ္ေဆာင္ ေပးေနရတယ္လုိ႔ သိရပါတယ္။

ဒီအမ်ိဳးသမီးဟာ လက္ထပ္ပြဲ မက်င္းပမီွမွာ အလွအပ ခြဲစိပ္ ျပဳ ျပင္မႈေတြ ကုိလည္း လုပ္ ေဆာင္ ခဲ့ ပါ ေသး တယ္။

ေမ

(Unicode)

အာဖရိကန်သား အမျိုးသား တစ်ဦးဟာ ခင်ပွန်းသည် အမျိုးသမီးကို လက်ထပ် ပြီးတဲ့နောက် ဟန်းနီးမွန်း ခရီးစဉ် အပြန်မှာပဲ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

အကြောင်းကတော့ ဇနီးသည် ဖြစ်လာခဲ့တဲ့ အမျိုးသမီးကို မိတ်ကပ် မပါပဲ သဘာဝ မျက်နှာကို အတိုင်းသား မြင်တွေ့ သွားခဲ့ရလို့ ဆိုပါသတဲ့။ ပုံပန်းသဏ္ဍာန် ဆိုးရွားလွန်းတဲ့ ရုပ်ရည်ကြောင့် ဇနီးလောင်းကို ဆက်လက် ပေါင်းသင်း ချင်တဲ့စိတ် မရှိတော့ဘူး လို့လည်း ပြောထားပါတယ်။

အသက် ၄၀နှစ် အရွယ် ရှိတဲ့ အမျိုးသားဟာ အသက် ၃၅နှစ် အရွယ်  ဇနီးသည်ကို ကွာရှင်းခွင့် တောင်းခံခဲ့ပြီးတော့ သူမဟာ အလှကုန် ပစ္စည်းတွေ အများအပြားကို အသုံးပြု ထားပြီး မျက်နှာ အလှအပ ဖန်တီး ပြင်ဆင် ထားခဲ့တာကြောင့် မူလ ဆိုးရွား လွန်းတဲ့ ရုပ်ရည်ကို ဖုံးကွယ်ကာ လိမ်လည် လက်ထပ်ခဲ့တာ ဖြစ်ကြောင်း ထွက်ဆို ထားပါတယ်။

သူတို့နှစ်ယောက်ဟာ လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ တဆင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပြီးတော့ သုံးလလောက် အကြာမှာ လက်ထပ် ခဲ့ကြတာ ဖြစ်တယ် လို့ သိရပါတယ်။

နှစ်ဦးသား တွေ့ဆုံချိန်နဲ့ လက်ထပ်ချိန်တွေတုန်းက ဇနီးသည် ဖြစ်သူမှာ အလှကုန် ပစ္စည်းတွေ အလွန်အကျွံ သုံးစွဲထားကာ မူလ ရုပ်ရည်ကို ဖုံးကွယ်ပြီး အလှပဆုံး ပြင်ဆင် ထားခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

အိမ်ထောင်ကျပြီး ချိန်မှာတော့ ဇနီးသည်ရဲ့ မိတ်ကပ် မပြင် မဆင်ပဲ သာမန် ရုပ်ရည်မှာ လက်ခံဖို့ ခက်ခဲတဲ့ အကြောင်းအရင်း ဖြစ်နေခဲ့တာ ဖြစ်တယ်လို့ ကွာရှင်းခွင့် တောင်းခံတဲ့ ခင်ပွန်းသည် အမျိုးသားက ထွက်ဆို ထားပါတယ်။

ဒီအတွက်ကြောင့် ကွာရှင်း ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ အတိုင်ပင်ခံ ဒေါက်တာ မိုလာပို ကတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှု ဝေဒနာ အတွက် ခံစားမှု သက်သာအောင် ဖြေလျှော့ ပေးမှုတွေ လုပ်ဆောင် ပေးနေရတယ်လို့ သိရပါတယ်။

ဒီအမျိုးသမီးဟာ လက်ထပ်ပွဲ မကျင်းပမှီမှာ အလှအပ ခွဲစိပ် ပြု ပြင်မှုတွေ ကိုလည်း လုပ် ဆောင် ခဲ့ ပါ သေး တယ်။

မေ

LEAVE A REPLY

Please enter your comment!
Please enter your name here