တက္ကသိုလ် မှာ ဘယ်လိုချစ်သူမျိုးရွေးမလဲ..
0
1665
(Zawgyi)
စဉ်းစားပါ။
ပင်ပန်းမယ်နော့် ။
တစ်စွတ်ထိုး ဆန်တယ် ။
😁😁😁
ခဲတံ ( Min Khant )
(Unicode)
မိမိထက် အသက်ကြီးတဲ့ ( စီနီယာတွေ)ကို  ချစ်ကြည့် မလား။
နည်းနည်း တော့  စဉ်းစားပါ။
အသက်ကြီးတဲ့ (စီနီယာ) တွေကို ချစ်ရတာ တော့  သိပ်ပီး ခက်တယ် ။
အငယ် ဆိုပြီး ခေါက် ခေါက် ထားတတ် တယ်။
မျှော်လင့်ချက် တွေ သိပ်ပီး ပေးတယ် ။
ကြိုးရှည်ရှည် နဲ့ လှန်တတ်တယ် ။
နောက်ဆုံးတော့ ကိုယ့် ခံစားချက် တွေက အမြဲ လျစ်လျူရှု ခံရတယ်။
ရင့်ကျက် နေတဲ့ သူတို့ အတွေ့ အကြုံ တွေက နှလုံးသားကို  အစိမ်းလိုက် ဝါးစား သွားတတ်တယ် ။
စဉ်းစားပါ။
ကိုယ်နဲ့ ရွယ်တူ လေးတွေကို ချစ်ကြည့်မလား။
ပင်ပန်းမယ်နော့် ။
ကိုယ့်ကို ဘယ်အချိန်  ထားခဲ့ မှာလဲ ဆိုတဲ့စိတ်နဲ့  အမြဲတမ်း စိတ်ဆင်းရဲ နေရမယ်။ ။
သိလျက်နဲ့ လည်း မသိဟန် ဆောင်ပေး နေရမယ် ။
မြင်လျက် နဲ့လည်း  မမြင်ချင် ယောင် ဆောင် လျစ်လျူ ရှု ပေးနေ ရတယ် ။
အချစ်ကို ဘယ်တော့မှ တန်ဖိုး မထားတတ် ဘူး။ ရှေ့တင် တစ်မျိုးနဲ့ ကွယ်ရာ တစ်မျိုး လုပ်ကြလိမ့်မယ်။
နောက်ဆုံးတော့ ကိုယ့်ထက် သာတဲ့ သူတွေ့ပြီး ကိုယ့်ကို  ဟတ်ကော့ ကြီးနဲ့  ချန်ထား ခဲ့မယ် ။
အဲ့ဒီတော့ ကိုယ့်ထက် ငယ်တဲ့ (ဂျူနီယာလေး) တွေကို  ချစ်ဖို့ စဉ်းစား မလား။
အင်း. . . သေတောင် မစဉ်းစား နဲ့။
သူတို့ ကို ချစ်ရတာ သိပ် ရင်မော ရမယ် ။
အငယ်မို့ လို့ သည်းခံ နားလည် ပေးတာကို လဒူကြီး ဆိုပြီး အနိုင် ကျင့် ခံ ရမယ် ။
အလျော့ ပေးတော့ ပိုရောင့် တက်တယ်။
ချွဲ ချွဲ နွဲ့နွဲ့ တီ တီ တာ တာ စကားတွေ နဲ့ မူယာ မာယာ များတယ် ။
အသည်း ခွဲနည်း မျိုးစုံ  အကုန် ကျွမ်းတယ်။
တစ်စွတ်ထိုး ဆန်တယ် ။
စဉ်းစား ဆင်ခြင် နိုင်စွမ်း နည်းပါး လွန်းတယ်။
သူတို့ ဖြစ်ချင် တာပဲ သူတို့ သိတယ်။
” လူကြီးဖြစ်ပြီး  ကလေးကို  အလျော့ ပေးရမှာပေါ့  ” ဆိုတဲ့ စကား တစ်ခွန်း နဲ့ သူ ဆိုးသမျှ cover ယူသွားတယ်။
နောက်ဆုံး ကိုယ်ပဲ အသည်း ကွဲပြီး  ကျန်ခဲ့ မယ် ။
အဲ့တော့ ဘယ်သူ့မှ  မချစ်တာ အကောင်းဆုံး ပဲ ။
ကိုယ် တက်နေတဲ့ တက္ကသိုလ် သက်တမ်း လေးမှာ ဘော်ဒါတွေ နဲ့  အတန်း လစ်ပြီး ကမြင်းကြော ထ နေတာပဲ ကောင်းတယ်…
😁😁😁
ခဲတံ ( Min Khant )
LEAVE A REPLY
Please enter your comment!
Please enter your name here