
0
5631

(Zawgyi)








Source – Ya Min Oo

(Unicode)

အချစ်စစ်ကို ရှာတွေ့သွားကြောင်း ရေးသားလိုက်တဲ့ ပန်ကိတ်ဒါဒါ

ပန်ကိတ်ဒါဒါ တယောက် နာမည်ကြီး အဆိုတော် ဖြစ်တဲ့ ရွှေထူး နဲ့ လမ်းခွဲပီ နောက်ပိုင်းမှာ သူမရဲ့ ကွဲကြေခဲ့ရတဲ့ နှလုံးသားတစ်ခုကို ပရိသတ်တွေက ပြန်လည် ကောင်းမွန်စေချင် ခဲ့ကြပါတယ်။

လမ်းခွဲခဲ့ပြီးနောက်မှာ လှသထက် ပိုလှလာတဲ့ ပန်ကိတ်တယောက် ဒီကနေ့မှာ အချစ်သစ်ကို ရှာဖွေတွေ့ရှိ သွားကြောင်း လူမှု ကွန်ရက်ပေါ်မှာ ရေးသားလိုက်ပါတယ်။

ပန်ကိတ် က “ အသံလေး မကောင်းရင် ပိုဂရုစိုက် ပေးတယ်.. မျက်နှာလေး ညှိုးလို့ မျက်ရည် မကျခင် ရယ်မောစေတဲ့အရာတွေ ဖန်တီးပေးတယ်… ဒီကြားထဲ ဗဟုသုတ ရစေတဲ့ အကြောင်းတွေ သူ့မှာ ပြောပြရတာ အမော….

လမ်းပျောက်ချင်သလို ဖြစ်လာတိုင်း လမ်းပြပေးနိုင်တဲ့ အတွေးအခေါ်… မလဲကျခင် တွဲထူပေးတတ်တဲ့ အရည်အချင်း… ကိုယ့်လမ်းကိုယ် လျှောက်စေကြတာချင်း အတူတူတောင် နောက်လှည့်ကြည့်တိုင်း သူက မားမားမတ်မတ်…

လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုတဲ့ နှလုံးသား.. အချစ်အကြောင်းတွေ ထိုင်ပြောနေမှ ချစ်တာ မဟုတ်ဘူး.. ဘေဘီ ဆိုပြီး လက်တွေ့တွေ ဖန်တီးပြတတ်တာလေးတွေ တကယ် မြတ်နိုးမှု အပြည့်နဲ့..

အချစ်ကို ခံစားစေမိတော့ တချို့လူတွေ ထိုင်ပြီးပဲ ပြောနေတဲ့ အချစ် ဆိုတာကြီး တောင် နားမဝင်တော့ဘူး..” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

Source – Ya Min Oo

LEAVE A REPLY

Please enter your comment!
Please enter your name here