တာဝန္ခ်ိန္အတြင္ ရဲေမတဦးကို ကိုယ္ထိလက္ေရာက္ ေစာ္ကားသည္ ဆိုကာ ဒုရဲအုပ္ကေတာ္ဆိုသူႏွင့္ အေပါင္းအပါ ၂ ဦးကို အမႈဖြင့္

0
900

(Zawgyi)

တာဝန္ခ်ိန္အတြင္ ရဲေမတဦးကို ကိုယ္ထိလက္ေရာက္ ေစာ္ကားသည္ ဆိုကာ ဒုရဲအုပ္ကေတာ္ ဆိုသူႏွင့္ အေပါင္းအပါ ၂ ဦးကို အမႈဖြင့္

Pyi , Nov 26

ပဲခူးတိုင္း ၊ ျပည္ခ႐ိုင္ ၊ ျပည္ၿမိဳ႕နယ္႐ွိ ေ႐ွးေဟာင္း သမိုင္းဝင္ေလးဆူဓာတ္ေပ်ာ္ ျပည္ေရႊဆံေတာ္ဘုရားႀကီး၏ စြယ္ေတာ္တိုက္အတြင္း၌ ဖြင့္လွစ္အပူေဇာ္ခံထား႐ွိေသာ ဗုဒၶျမတ္စြယ္ေတာ္အား လာေရာက္ ဖူးေမွ်ာ္သည့္ ဒုရဲအုပ္တစ္ဦး၏ ဇနီးဆိုသူက တာဝန္က်ရဲေမကို ကိုယ္ထိလက္ေရာက္ ေစာ္ကားသည္ဆိုကာ အမႈဖြင့္လွစ္လိုက္ေၾကာင္း ျပည္ၿမိဳ႕မ ရဲစခန္းထံမွ သတင္းရရွိသည္။

ႏိုဝင္ဘာလ ၂၃ ရက္ေန႔ည ၈ နာရီခြဲအခ်ိန္ခန္႔က ေရႊဆံေတာ္ဘုရားႀကီး စြယ္ေတာ္တိုက္သို႔ လာေရာက္ဖူးေမ်ာ္ေသာ ေက်ာက္တံခါးၿမိဳ႕နယ္၊ ေတာကြၽဲအင္း နယ္ေျမရဲစခန္း၌ တာဝန္ထမ္းေဆာင္ေနသည့္ ရဲအုပ္သန္းေဌး၏ ဇနီး ေဒၚခင္ခင္ေဌး အပါေလးဦးအဖြဲ႕တြင္ ႏွစ္ဦးမွာ စကတ္အတို ဝတ္ဆင္ထားသျဖင့္ စကတ္အတိုျဖင့္ မဖူးေမ်ာ္ရန္ စြယ္ေတာ္တိုက္တာဝန္က် ရဲေမတစ္ဦးမွ လိုက္လံတားျမစ္ရာမွ ရဲေမအားတိုက္ခိုက္ခံရေၾကာင္းသိရသည္။

“ အမႈဖြင့္ တိုင္ၾကားတယ္ ဆိုတာေတာ့ ဟုတ္ပါတယ္ ။ ဒါေပမဲ့ ရဲေၾကးနန္းကိုေတာ့ အျပင္ထုတ္ခြင့္ မရွိပါဘူး ။ ဒီပုဒ္မေတြကို ေနျပည္ေတာ္ ျပည္ထဲေရးဌာနက တပ္ေပးတာပါ။ အေသးစိပ္ သိခ်င္ရင္ေတာ့ ေနျပည္ေတာ္ ရံုးခ်ဳပ္ကိုပဲ ဆက္သြယ္လိုက္ပါ ” ဟု ျပည္ၿမိဳ႕ အမွတ္ ၂ ၿမိဳ႕မရဲစခန္းမွဴးက ျပန္လည္ေျဖၾကားသည္။

စြယ္ေတာ္တိုက္အတြင္းတာဝန္က်ရဲေမမ်ားျဖစ္ေသာ ျပည္အမွတ္ ၂ရဲစခန္းမွ ရဲတပ္သား စုစႏၵာ ၊ ရဲတပ္သား ယုဇင္ဦးတို႔သည္ ေက်ာက္တံခါးၿမိဳ႕နယ္ ၊ ေတာကြၽဲအင္း နယ္ေျမရဲစခန္း၌ တာဝန္ထမ္းေဆာင္ေနသည့္ ရဲအုပ္သန္းေဌး၏ဇနီး ေဒၚခင္ခင္ေဌး အပါေလးဦးအဖြဲ႕႐ွိ ႏွစ္ဦးသည္ စကတ္အတိုျဖင့္ ဗုဒၶျမတ္စြယ္ေတာ္အား ဖူးေမ်ာ္ရန္ ေရာက္႐ွိလာသည့္ အတြက္ စကတ္အတုိ ဝတ္ဆင္လာပါက စြယ္ေတာ္တိုက္ အတြင္းသို႔ မဝင္ေရာက္ရန္ ဘုရားေဂါပကမွ စည္းကမ္းထုတ္ထားသျဖင့္ စြယ္ေတာ္တိုက္ထဲ မဝင္ေရာက္ရန္ တားျမစ္ခဲ့ေၾကာင္း သိရသည္ ။

ထိုသို႔တားျမစ္ၿပီးေနာက္ ဘုရား႐ွိ ပတ္ထမီငွါးသည့္ေနရာ၌ ပတ္ထမီ ငွါးရမ္းဝတ္ဆင္ၿပီးမွ လာရန္ သို႔မဟုတ္ တဘက္ ၊ အေပၚအက်ႌပတ္ၿပီး ဝတ္ဆင္ရန္ ေျဟဆိုခဲ့ရာ ေဒၚခင္ခင္ေဌးမွ တာဝန္က်ရဲေမ ယုဇင္ဦး၏ ရင္ဘတ္ကို တြန္းၿပီး ရန္ျပဳခဲ့သျဖင့္ စြယ္ေတာ္တိုက္အတြင္း ႐ုန္းရင္ဆန္ ခတ္ျဖစ္ပြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္ ။

ထို႔အျပင္ တာဝန္က်ရဲေမတစ္ဦးျဖစ္ေသာ စုစႏၵာမွာလည္း ေဒၚခင္ခင္ေဌးႏွင့္ အတူ ပါလာေသာသူမ်ား၏ ဝိုင္းဝန္းတိုက္ခိုက္ရန္ျပဳမႈကို ခံခဲ့ရေၾကာင္း သိရသည္။

ထို႔အျပင္ေဒၚခင္ခင္ေဌး အပါအဝင္ ေလးဦးအနက္ ႏွစ္ဦးသည္ စကတ္ျဖင့္ ဘုရားေပၚ စတက္လာစဥ္ ကတည္းက ဘုရားဝန္ထမ္းမ်ားမွ တားျမစ္ခဲ့ ၾကေသာ္လည္း ၎မွ “ တက္ေတာ့ဘာျဖစ္လဲ ” ဟု ဆိုကာ ေျဟဆို၍ တက္ေရာက္သြားခဲ့ျခင္း ျဖစ္ေၾကာင္း ေရႊဆံေတာ္ဘုရားမွ ဝန္ထမ္းတဦးက ေျဟၾကားသည္ ။

ယင္းျဖစ္စဥ္မွ ရဲေမစုစႏၵာတြင္ ဦးေခါင္း ဖူးေရာင္ နာက်င္ဒဏ္ရာ (ျပင္ ပလူနာ) အျဖစ္ ေဆးကုသမႈ ခံယူခဲ့ရေၾကာင္း ျပည္ၿမိဳ႕မရဲစခန္း အမႈ မွတ္တမ္းအရ သိရသည္ ။

ထို႔ျပင္ အထက္ပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ေသာ လုံးေထြး သတ္ပုတ္ေနသည့္ CCTV မွတ္တမ္း ဗီဒီယိုဖိုင္မ်ားလည္း လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ျပန္႔ႏွံ႔ခဲ့သည္ ။

အထက္ပါ ျဖစ္စဥ္မွ ေဒၚခင္ခင္ေဌးပါ ၃ ဦးအား တာဝန္ဝတၱရား ေဆာင္ရြက္ျခင္းမွ ဟန္႔တားရန္ လက္ေရာက္က်ဴးလြန္မႈ ပုဒ္မ ၃၅၃ ၊ နာက်င္ေစမႈ ပုဒ္မ ၃၃၂ ၊ ျပစ္မႈက်ဴးလြန္ရာတြင္ အားေပးကူညီမႈ ပုဒ္မ ၁၁၄ တို႔အရ (ပ)၁၅၆၂/၂၀၁၈ ျဖင့္အမႈဖြင့္ထားေၾကာင္း ျပည္ ၿမိဳ႕မရဲစခန္းထံမွ သိရသည္ ။

(Unicode)

တာဝန်ချိန်အတွင် ရဲမေတဦးကို ကိုယ်ထိလက်ရောက် စော်ကားသည် ဆိုကာ ဒုရဲအုပ်ကတော် ဆိုသူနှင့် အပေါင်းအပါ ၂ ဦးကို အမှုဖွင့်

Pyi , Nov 26

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင်လေးဆူဓာတ်ပျော် ပြည်ရွှေဆံတော်ဘုရားကြီး၏ စွယ်တော်တိုက်အတွင်း၌ ဖွင့်လှစ်အပူဇော်ခံထားရှိသော ဗုဒ္ဓမြတ်စွယ်တော်အား လာရောက် ဖူးမျှော်သည့် ဒုရဲအုပ်တစ်ဦး၏ ဇနီးဆိုသူက တာဝန်ကျရဲမေကို ကိုယ်ထိလက်ရောက် စော်ကားသည်ဆိုကာ အမှုဖွင့်လှစ်လိုက်ကြောင်း ပြည်မြို့မ ရဲစခန်းထံမှ သတင်းရရှိသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ည ၈ နာရီခွဲအချိန်ခန့်က ရွှေဆံတော်ဘုရားကြီး စွယ်တော်တိုက်သို့ လာရောက်ဖူးမျော်သော ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း နယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်သန်းဌေး၏ ဇနီး ဒေါ်ခင်ခင်ဌေး အပါလေးဦးအဖွဲ့တွင် နှစ်ဦးမှာ စကတ်အတို ဝတ်ဆင်ထားသဖြင့် စကတ်အတိုဖြင့် မဖူးမျော်ရန် စွယ်တော်တိုက်တာဝန်ကျ ရဲမေတစ်ဦးမှ လိုက်လံတားမြစ်ရာမှ ရဲမေအားတိုက်ခိုက်ခံရကြောင်းသိရသည်။

“ အမှုဖွင့် တိုင်ကြားတယ် ဆိုတာတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ ရဲကြေးနန်းကိုတော့ အပြင်ထုတ်ခွင့် မရှိပါဘူး ။ ဒီပုဒ်မတွေကို နေပြည်တော် ပြည်ထဲရေးဌာနက တပ်ပေးတာပါ။ အသေးစိပ် သိချင်ရင်တော့ နေပြည်တော် ရုံးချုပ်ကိုပဲ ဆက်သွယ်လိုက်ပါ ” ဟု ပြည်မြို့ အမှတ် ၂ မြို့မရဲစခန်းမှူးက ပြန်လည်ဖြေကြားသည်။

စွယ်တော်တိုက်အတွင်းတာဝန်ကျရဲမေများဖြစ်သော ပြည်အမှတ် ၂ရဲစခန်းမှ ရဲတပ်သား စုစန္ဒာ ၊ ရဲတပ်သား ယုဇင်ဦးတို့သည် ကျောက်တံခါးမြို့နယ် ၊ တောကျွဲအင်း နယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်သန်းဌေး၏ဇနီး ဒေါ်ခင်ခင်ဌေး အပါလေးဦးအဖွဲ့ရှိ နှစ်ဦးသည် စကတ်အတိုဖြင့် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမျော်ရန် ရောက်ရှိလာသည့် အတွက် စကတ်အတို ဝတ်ဆင်လာပါက စွယ်တော်တိုက် အတွင်းသို့ မဝင်ရောက်ရန် ဘုရားဂေါပကမှ စည်းကမ်းထုတ်ထားသဖြင့် စွယ်တော်တိုက်ထဲ မဝင်ရောက်ရန် တားမြစ်ခဲ့ကြောင်း သိရသည် ။

ထိုသို့တားမြစ်ပြီးနောက် ဘုရားရှိ ပတ်ထမီငှါးသည့်နေရာ၌ ပတ်ထမီ ငှါးရမ်းဝတ်ဆင်ပြီးမှ လာရန် သို့မဟုတ် တဘက် ၊ အပေါ်အင်္ကျီပတ်ပြီး ဝတ်ဆင်ရန် ဟြေဆိုခဲ့ရာ ဒေါ်ခင်ခင်ဌေးမှ တာဝန်ကျရဲမေ ယုဇင်ဦး၏ ရင်ဘတ်ကို တွန်းပြီး ရန်ပြုခဲ့သဖြင့် စွယ်တော်တိုက်အတွင်း ရုန်းရင်ဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည် ။

ထို့အပြင် တာဝန်ကျရဲမေတစ်ဦးဖြစ်သော စုစန္ဒာမှာလည်း ဒေါ်ခင်ခင်ဌေးနှင့် အတူ ပါလာသောသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ရန်ပြုမှုကို ခံခဲ့ရကြောင်း သိရသည်။

ထို့အပြင်ဒေါ်ခင်ခင်ဌေး အပါအဝင် လေးဦးအနက် နှစ်ဦးသည် စကတ်ဖြင့် ဘုရားပေါ် စတက်လာစဉ် ကတည်းက ဘုရားဝန်ထမ်းများမှ တားမြစ်ခဲ့ ကြသော်လည်း ၎င်းမှ “ တက်တော့ဘာဖြစ်လဲ ” ဟု ဆိုကာ ဟြေဆို၍ တက်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ရွှေဆံတော်ဘုရားမှ ဝန်ထမ်းတဦးက ဟြေကြားသည် ။

ယင်းဖြစ်စဉ်မှ ရဲမေစုစန္ဒာတွင် ဦးခေါင်း ဖူးရောင် နာကျင်ဒဏ်ရာ (ပြင် ပလူနာ) အဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း ပြည်မြို့မရဲစခန်း အမှု မှတ်တမ်းအရ သိရသည် ။

ထို့ပြင် အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်သော လုံးထွေး သတ်ပုတ်နေသည့် CCTV မှတ်တမ်း ဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည် ။

အထက်ပါ ဖြစ်စဉ်မှ ဒေါ်ခင်ခင်ဌေးပါ ၃ ဦးအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၃ ၊ နာကျင်စေမှု ပုဒ်မ ၃၃၂ ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့အရ (ပ)၁၅၆၂/၂၀၁၈ ဖြင့်အမှုဖွင့်ထားကြောင်း ပြည် မြို့မရဲစခန်းထံမှ သိရသည် ။

LEAVE A REPLY

Please enter your comment!
Please enter your name here