ခ်စ္သူထားေတာ့မယ္ဆိုရင္ ဒီလိုလူေတြကိုေရွာင္ပါ..

0
12435

(Zawgyi)

ဘဝအတြက္ သင္ ခ်စ္သူ ေရြးေတာ့မယ္ ဆိုရင္.. အလွအပ သိပ္ႀကိဳက္တဲ့ ခ်စ္သူမ်ိဳးကို ေရွာင္ပါ။

သူႀကိဳက္တာက မင္းရဲ႕ ေခ်ာေမာလွပမႈ ကိုပါ..

တစ္ေန႔မွာ မင္း အလွပ်က္သြားတဲ့ အခ်ိန္

တစ္ေန႔မွာ မင္း မျပင္မဆင္ မျခယ္သ ႏိုင္ေတာ့အခ်ိန္

သူ႔ အခ်စ္ေတြပါ လိုက္ပ်က္ပ်ယ္ သြားလိမ့္မယ္။

အဲ့အခ်ိန္ သူက တစ္ျခားေသာ အလွအပေတြဆီကို ကူးေျပာင္းၿပီး ေနာက္အလွအပ တစ္ခုကို ခံစားေနပါလိမ့္မယ္။

ခ်စ္သူ ထားေတာ့မယ္ ဆိုရင္………

တဏွာရာဂ (ခပ္ရိုင္းရိုင္း ဒဲ႔ေျပာရရင္ )

မင္းခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ မင္းရဲ႕ဖြံ႕ထြားမႈကို

တပ္မက္တဲ႔ မ်က္လံုးမ်ိဳးနဲ႔ ၾကည့္တတ္တဲ့ သူကိုေရွာင္..

တစ္ခ်ိန္ မင္းရဲ႕ခႏၶာကို အသည္းအသန္ ေတာင္းခံျပီး

တာဝန္မဲ့တဲ့ လုပ္ရပ္ေတြနဲ႔ မင္းကို ခ်န္ထားခဲ႔လိမ့္မယ္။

ခ်စ္သူ ထားေတာ့မယ္ ဆိုရင္

မင္းဆီ တစ္ခ်ိန္လံုး sms ပို႔ၿပီး

” ခ်စ္တယ္ အရမ္းခ်စ္တယ္ ” ဆိုတဲ႔စကားကို

ခဏခဏ ေျပာတတ္တဲ့ သူကိုေရွာင္ပါ။

ခ်စ္သူ စျဖစ္ကာစမို႔သာ ေျပာေနတာ

အခ်ိန္ေလး ၾကာလာတဲ႔အမွ် ” ခ်စ္တယ္ ” ဆိုတဲ႔စကားကို

မင္းကိုေျပာဖို႔ ဝန္ေလးေနသလို အခ်စ္ေတြလည္း ေလ်ာ့တိေလ်ာရဲ ျဖစ္လာလိမ့္မယ္။

ခ်စ္သူ ထားေတာ့မယ္ဆိုရင္…

အျပစ္တစ္ခုရွိ ဝန္မခံတတ္ပဲ လွည့္ပတ္ လိမ္လည္တတ္တဲ႔ ခ်စ္သူမ်ိဳးကို ေရွာင္ပါ။

မင္း ခြင့္လႊတ္ႏိုင္စရာမရွိတဲ႔ ကိစၥမ်ိဳးကိုေတာင္ လွလွပပ သူလိမ္ျပလိမ့္မယ္..

ခ်စ္ေနတုန္းမို႔ မင္း ခြင့္လႊတ္ေပမယ့္ တစ္ခ်ိန္ မင္းကိုထားၿပီး ေဖာက္ျပန္ ၿခံခုန္လိမ့္မယ္။

ခ်စ္သူ ထားေတာ့မယ္ ဆိုရင္…

ကိုယ္ခ်စ္တဲ့ ခ်စ္သူကို ဘယ္လို အေနအထားမ်ိဳးမွာပဲ ျဖစ္ျဖစ္

ပတ္ဝန္းက်င္ေရွ႕ လက္တြဲရဲတဲ႔ ခ်စ္သူမ်ိဳးကို ရွာပါ။

ကိုယ့္ လုပ္ရပ္အတြက္ တာဝန္ယူစိတ္ အျပည့္ရွိတဲ႔

ေယာက္်ားေကာင္းမ်ိဳးကို ရွာပါ။

ေလာကမွာ ေဖာက္ျပန္ဖို႔ရာ လြယ္ကူေပမယ့္

သစၥာ ရွိဖို႔ရာ အရမ္း ခက္ခဲပါတယ္…

အျပစ္ က်ဳးလြန္ဖို႔ရာ သိပ္လြယ္ကူေပမယ့္

ဝန္ခံတတ္ဖို႔ရာ အရမ္း ခက္ခဲပါတယ္…

” ခ်စ္တယ္ ” ဆိုတဲ့ စကား ႏႈတ္ဖ်ားေလးမွာ ေျပာဖို႔ရာ လြယ္ကူေပမယ့္

ေကာင္းတူဆိုးဖက္ လက္ထပ္ႏိုင္ဖို႔ရာ အရမ္း ခက္ခဲပါတယ္…

ေမတၱာျဖင့္…

သူသူဟိန္း

(Unicode)

ဘဝအတွက် သင် ချစ်သူ ရွေးတော့မယ် ဆိုရင်.. အလှအပ သိပ်ကြိုက်တဲ့ ချစ်သူမျိုးကို ရှောင်ပါ။

သူကြိုက်တာက မင်းရဲ့ ချောမောလှပမှု ကိုပါ..

တစ်နေ့မှာ မင်း အလှပျက်သွားတဲ့ အချိန်

တစ်နေ့မှာ မင်း မပြင်မဆင် မခြယ်သ နိုင်တော့အချိန်

သူ့ အချစ်တွေပါ လိုက်ပျက်ပျယ် သွားလိမ့်မယ်။

အဲ့အချိန် သူက တစ်ခြားသော အလှအပတွေဆီကို ကူးပြောင်းပြီး နောက်အလှအပ တစ်ခုကို ခံစားနေပါလိမ့်မယ်။

ချစ်သူ ထားတော့မယ် ဆိုရင်………

တဏှာရာဂ (ခပ်ရိုင်းရိုင်း ဒဲ့ပြောရရင် )

မင်းခန္ဓာကိုယ် အချိုးအစားနဲ့ မင်းရဲ့ဖွံ့ထွားမှုကို

တပ်မက်တဲ့ မျက်လုံးမျိုးနဲ့ ကြည့်တတ်တဲ့ သူကိုရှောင်..

တစ်ချိန် မင်းရဲ့ခန္ဓာကို အသည်းအသန် တောင်းခံပြီး

တာဝန်မဲ့တဲ့ လုပ်ရပ်တွေနဲ့ မင်းကို ချန်ထားခဲ့လိမ့်မယ်။

ချစ်သူ ထားတော့မယ် ဆိုရင်

မင်းဆီ တစ်ချိန်လုံး sms ပို့ပြီး

” ချစ်တယ် အရမ်းချစ်တယ် ” ဆိုတဲ့စကားကို

ခဏခဏ ပြောတတ်တဲ့ သူကိုရှောင်ပါ။

ချစ်သူ စဖြစ်ကာစမို့သာ ပြောနေတာ

အချိန်လေး ကြာလာတဲ့အမျှ ” ချစ်တယ် ” ဆိုတဲ့စကားကို

မင်းကိုပြောဖို့ ဝန်လေးနေသလို အချစ်တွေလည်း လျော့တိလျောရဲ ဖြစ်လာလိမ့်မယ်။

ချစ်သူ ထားတော့မယ်ဆိုရင်…

အပြစ်တစ်ခုရှိ ဝန်မခံတတ်ပဲ လှည့်ပတ် လိမ်လည်တတ်တဲ့ ချစ်သူမျိုးကို ရှောင်ပါ။

မင်း ခွင့်လွှတ်နိုင်စရာမရှိတဲ့ ကိစ္စမျိုးကိုတောင် လှလှပပ သူလိမ်ပြလိမ့်မယ်..

ချစ်နေတုန်းမို့ မင်း ခွင့်လွှတ်ပေမယ့် တစ်ချိန် မင်းကိုထားပြီး ဖောက်ပြန် ခြံခုန်လိမ့်မယ်။

ချစ်သူ ထားတော့မယ် ဆိုရင်…

ကိုယ်ချစ်တဲ့ ချစ်သူကို ဘယ်လို အနေအထားမျိုးမှာပဲ ဖြစ်ဖြစ်

ပတ်ဝန်းကျင်ရှေ့ လက်တွဲရဲတဲ့ ချစ်သူမျိုးကို ရှာပါ။

ကိုယ့် လုပ်ရပ်အတွက် တာဝန်ယူစိတ် အပြည့်ရှိတဲ့

ယောက်ျားကောင်းမျိုးကို ရှာပါ။

လောကမှာ ဖောက်ပြန်ဖို့ရာ လွယ်ကူပေမယ့်

သစ္စာ ရှိဖို့ရာ အရမ်း ခက်ခဲပါတယ်…

အပြစ် ကျုးလွန်ဖို့ရာ သိပ်လွယ်ကူပေမယ့်

ဝန်ခံတတ်ဖို့ရာ အရမ်း ခက်ခဲပါတယ်…

” ချစ်တယ် ” ဆိုတဲ့ စကား နှုတ်ဖျားလေးမှာ ပြောဖို့ရာ လွယ်ကူပေမယ့်

ကောင်းတူဆိုးဖက် လက်ထပ်နိုင်ဖို့ရာ အရမ်း ခက်ခဲပါတယ်…

မေတ္တာဖြင့်…

သူသူဟိန်း

LEAVE A REPLY

Please enter your comment!
Please enter your name here