အိပ္ေနတဲ့ ေအာက္ခ်င္းငွက္ကို ေလးဂြႏွင့္ ပစ္သတ္သူကို ဖမ္းဆီး

0
126

Zawgyi

အိပ္ေနတဲ့ ေအာက္ခ်င္းငွက္ကို ေလးဂြႏွင့္ ပစ္သတ္သူကို ဖမ္းဆီး

မေကြးတိုင္း ေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ သစ္ေတာ ဦးစီးဌာန ေတာင္ေပၚဘိနယ္၊ ဂုတ္ႀကီးစာသင္ေက်ာင္းေရွ႕၊ စိန္ပန္းပင္ ေပၚတြင္ အိပ္ေနေသာ ေအာက္ခ်င္းငွက္ အထီး ၁ ေကာင္ အား မတ္လ ၂၈ ရက္ေန႔ ညပိုင္းက ေလးဂြႏွင့္ ပစ္ခတ္သူကို ပူေပါင္း အဖြဲ႕မွ ဖမ္းဆီး ခဲ့သည္။

ေအာက္ခ်င္းငွက္ကို ေလးဂြျဖင့္ ပစ္သတ္ သူမွာ အမ္းၿမိဳ႕၊ ေလယာဥ္ကြင္း ရပ္ ေနထိုင္သူ အသက္ ၃၇ ႏွစ္ ရွိ ဦးဝင္းေမာင္ ယာဥ္အမွတ္ 6L xxxx NISSAN-UD ၆ ဘီး ယာဥ္ေမာင္း ျဖစ္ေၾကာင္း သိရသည္။

ေအာက္ခ်င္းငွက္ မ်ားအား ဖမ္းဆီးျခင္း ပစ္ခတ္ သတ္ျဖတ္ျခင္း မ်ားကို ေတာ႐ိုင္း တိရစာၦန္ ကာကြယ္ေရး ဥပေဒျဖင့္ တားျမစ္ ထား၍ ငဖဲၿမိဳ႕ သစ္ေတာ ဦးစီဌာန ေတာအုပ္မွ အမႈဖြင့္ တိုင္းၾကားခဲ့ သျဖင့္ ဦးဝင္းေမာင္၊ အမ္းၿမိဳ႕၊ ေလယာဥ္ကြင္းရပ္ ေနထိုင္သူအား ပဒါန္း နယ္ေျမ ရဲစခန္း၌ (ပ) ၉၀/၂၀၁၉၊ ဇီဝမ်ိဳးစုံ မ်ိဳးကြဲႏွင့္ သဘာဝ ထိန္းသိမ္းေရး နယ္ေျမမ်ား ကာကြယ္ ေစာင့္ေရွာက္ျခင္း ဆိုင္ရာ ဥပေဒ ၄၁ က ျဖင့္ အမႈဖြင့္ အေရးယူ ထားေၾကာင္း သိရသည္ ။

မ်ိဳးလႈိင္ဝင္း (ငဖဲ)
credit News Watch

Unicode

အိပ်နေတဲ့ အောက်ချင်းငှက်ကို လေးဂွနှင့် ပစ်သတ်သူကို ဖမ်းဆီး

မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ်၊ သစ်တော ဦးစီးဌာန တောင်ပေါ်ဘိနယ်၊ ဂုတ်ကြီးစာသင်ကျောင်းရှေ့၊ စိန်ပန်းပင် ပေါ်တွင် အိပ်နေသော အောက်ချင်းငှက် အထီး ၁ ကောင် အား မတ်လ ၂၈ ရက်နေ့ ညပိုင်းက လေးဂွနှင့် ပစ်ခတ်သူကို ပူပေါင်း အဖွဲ့မှ ဖမ်းဆီး ခဲ့သည်။

အောက်ချင်းငှက်ကို လေးဂွဖြင့် ပစ်သတ် သူမှာ အမ်းမြို့၊ လေယာဉ်ကွင်း ရပ် နေထိုင်သူ အသက် ၃၇ နှစ် ရှိ ဦးဝင်းမောင် ယာဉ်အမှတ် 6L xxxx NISSAN-UD ၆ ဘီး ယာဉ်မောင်း ဖြစ်ကြောင်း သိရသည်။

အောက်ချင်းငှက် များအား ဖမ်းဆီးခြင်း ပစ်ခတ် သတ်ဖြတ်ခြင်း များကို တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး ဥပဒေဖြင့် တားမြစ် ထား၍ ငဖဲမြို့ သစ်တော ဦးစီဌာန တောအုပ်မှ အမှုဖွင့် တိုင်းကြားခဲ့ သဖြင့် ဦးဝင်းမောင်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ် နေထိုင်သူအား ပဒါန်း နယ်မြေ ရဲစခန်း၌ (ပ) ၉၀/၂၀၁၉၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေ ၄၁ က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည် ။

မျိုးလှိုင်ဝင်း (ငဖဲ)
credit News Watch