ႏႈတ္ခမ္းနီမေလးေတြ ေႂကြက်သြားေအာင္ အိမ္ေနရင္း ပုံစံေလးနဲ႔ ဟင္းခ်က္ေနတဲ့ ညိမ္းေသာ္

0
125

Zawgyi

ႏႈတ္ခမ္းနီမေလးေတြ ေႂကြက်သြားေအာင္ အိမ္ေနရင္း ပုံစံေလးနဲ႔ ဟင္းခ်က္ေနတဲ့ ညိမ္းေသာ္

ေမာ္ဒယ္ေလာကမွာ ေအာင္ျမင္မႈေတြကို မ်ားစြာ ပိုင္ဆိုင္ရရွိထားတဲ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ ညိမ္းေသာ္ ကေတာ့ အႏုပညာ ေလာကမွာ အရည္အခ်င္း ရွိတဲ့ သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ ျဖစ္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့ တက္သစ္စ လူငယ္ေလး တစ္ဦး ျဖစ္ပါတယ္။

ပရိသတ္ေတြသိၾကတဲ့ အတိုင္း ခ်စ္စရာ ေကာင္းတဲ့ မိန္းကေလးေတြ အႀကိဳက္ ေတြ႕ေစမယ့္ ႐ုပ္ရည္ကို ပိုင္ဆိုင္ ထားတဲ့ အျပင္ သေဘာေကာင္းၿပီး ေဖာ္ေ႐ႊသူ တစ္ေယာက္ ျဖစ္တာေၾကာင့္ မိန္းကေလးပရိသတ္ေတြက သည္းသည္းလႈပ္ သေဘာက် ေနရတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။

လက္ရွိမွာ ဆိုရင္ ႐ုပ္ရွင္ ဇာတ္လမ္းတြဲေတြ ေၾကာ္ျငာ ႐ိုက္ကူးမႈေတြကို ႀကိဳးစား လုပ္ကိုင္ ေနတဲ့ ညိမ္းေသာ္ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္ ။ တက္သစ္စ အႏုပညာရွင္ တေယာက္ ျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အခ်ိန္တို အတြင္းမွာ သိမ္းပိုက္ထားသူ ျဖစ္တာေၾကာင့္ ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚကို ခဏအတြင္း ေရာက္ရွိ ခဲ့တာ ျဖစ္ပါတယ္ ။

စမတ္က်ၿပီး သေဘာေကာင္းတဲ့ ေကာင္ေလး အျဖစ္ သိၾကတဲ့ ညိမ္းေသာ္က ႏႈတ္ခမ္းနီမေလးေတြကို အသည္းယား ေလာက္ေစမယ့္ ေန႔စဥ္ အႏုပညာ လႈပ္ရွားမႈ ပုံရိပ္ေတြ ကိုလည္း အၿမဲျမင္ေတြ႕ေနၾက ျဖစ္ပါတယ္။

ယခုလည္း အိမ္မွာေနရင္း ေတာ္႐ုံ ေယာက်ာ္းေလးေတြ ဝါသနာ မပါတဲ့ ဟင္းခ်က္တဲ့ အလုပ္ကို ကိုယ္တိုင္ လုပ္ရင္း အိမ္မွာ အနားယူေနတဲ့ ညိမ္းေသာ္ ပုံရိပ္ေလးေတြ ကလည္း ညိမ္းေသာ္ရဲ႕ အခ်စ္ေတာ္ ပရိသတ္မေလးေတြ အတြက္ေတာ့ ရင္ခုန္ ခ်င္စရာ ျမင္ကြင္း တခုပဲ ျဖစ္ပါတယ္။ အိမ္ေနရင္းပုံစံေလးနဲ႔ စကားေျပာေကာင္းတဲ့ ညိမ္းေသာ္ရဲ႕ ဟင္းခ်က္ေနတဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ေတြ အတြက္ ျပန္လည္ ေဝမွ်ေပးလိုက္ ပါတယ္။

myanmarload

Unicode

နှုတ်ခမ်းနီမလေးတွေ ကြွေကျသွားအောင် အိမ်နေရင်း ပုံစံလေးနဲ့ ဟင်းချက်နေတဲ့ ညိမ်းသော်

မော်ဒယ်လောကမှာ အောင်မြင်မှုတွေကို များစွာ ပိုင်ဆိုင်ရရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ညိမ်းသော် ကတော့ အနုပညာ လောကမှာ အရည်အချင်း ရှိတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားနေတဲ့ တက်သစ်စ လူငယ်လေး တစ်ဦး ဖြစ်ပါတယ်။

ပရိသတ်တွေသိကြတဲ့ အတိုင်း ချစ်စရာ ကောင်းတဲ့ မိန်းကလေးတွေ အကြိုက် တွေ့စေမယ့် ရုပ်ရည်ကို ပိုင်ဆိုင် ထားတဲ့ အပြင် သဘောကောင်းပြီး ဖော်ရွှေသူ တစ်ယောက် ဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေက သည်းသည်းလှုပ် သဘောကျ နေရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာ ဆိုရင် ရုပ်ရှင် ဇာတ်လမ်းတွဲတွေ ကြော်ငြာ ရိုက်ကူးမှုတွေကို ကြိုးစား လုပ်ကိုင် နေတဲ့ ညိမ်းသော်ကို မြင်တွေ့ရမှာဖြစ်ပါတယ် ။ တက်သစ်စ အနုပညာရှင် တယောက် ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်တို အတွင်းမှာ သိမ်းပိုက်ထားသူ ဖြစ်တာကြောင့် အောင်မြင်မှု လမ်းကြောင်းပေါ်ကို ခဏအတွင်း ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ် ။

စမတ်ကျပြီး သဘောကောင်းတဲ့ ကောင်လေး အဖြစ် သိကြတဲ့ ညိမ်းသော်က နှုတ်ခမ်းနီမလေးတွေကို အသည်းယား လောက်စေမယ့် နေ့စဉ် အနုပညာ လှုပ်ရှားမှု ပုံရိပ်တွေ ကိုလည်း အမြဲမြင်တွေ့နေကြ ဖြစ်ပါတယ်။

ယခုလည်း အိမ်မှာနေရင်း တော်ရုံ ယောကျာ်းလေးတွေ ဝါသနာ မပါတဲ့ ဟင်းချက်တဲ့ အလုပ်ကို ကိုယ်တိုင် လုပ်ရင်း အိမ်မှာ အနားယူနေတဲ့ ညိမ်းသော် ပုံရိပ်လေးတွေ ကလည်း ညိမ်းသော်ရဲ့ အချစ်တော် ပရိသတ်မလေးတွေ အတွက်တော့ ရင်ခုန် ချင်စရာ မြင်ကွင်း တခုပဲ ဖြစ်ပါတယ်။ အိမ်နေရင်းပုံစံလေးနဲ့ စကားပြောကောင်းတဲ့ ညိမ်းသော်ရဲ့ ဟင်းချက်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ပြန်လည် ဝေမျှပေးလိုက် ပါတယ်။

myanmarload