0
104
Zawgyi
Unicode
အိမ်နီးချင်းရန်က ရှောင်ရန် အိမ်ပတ်ပတ်လည်ကို သစ်ပင်တွေနဲ့ အလှဆင် လိုက်တဲ့ Justin Beiber
Justin Bieber တယောက်ဟာ ဆိုရင်တော့ ခုချိန်မှာ မင်္ဂလာဆောင်ရမဲ့ ကိစ္စကို နောက်ဆုတ်ကာသူရဲ့ ကျန်းမာရေးနဲ့ သီချင်းတွေ အတွက်ပဲ အာရုံစိုက်နေ ပါတော့တယ်။ ပြီးခဲ့တဲ့ ရက် အပတ်တွေ မှာလဲ မိန်းမဖြစ်သူ Hailey Baldwin နဲ့ အတူ ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းခဲ့ ပါတယ်။ ပရိသတ်ကြီးလဲ JB ရဲ့ ခုလက်ရှိ အခြေအနေကို သိမယ်လို့ ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ ပျော်ရွှင်နေတယ်လို့ပဲ ထင်ရမှာပါ ။
ခုဆိုရင် သူဟာ တချိန်က အိမ်နီးနာချင်းတွေနဲ့ ပြဿနာ တက်ခဲ့လို့ ခုချိန်မှာ သူ့အိမ်ကို သစ်ပင်တွေနဲ့ ကာလိုက် ပါတယ် ။ သူ့ရဲ့ အိမ်ကို ကြက်ဥ မှားပေါက်မိတဲ့ ပြဿနာ ဖြစ်ခဲ့တာ ဖြစ်ပြီး အဲ့လို ထပ်မဖြစ်အောင် ပြုလုပ်တာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ပုံထဲမှာ တွေ့တဲ့ အတိုင်းပါပဲ သူရဲ့ အိမ်ကို ဘယ်လို လုပ်ပလိုက်လဲ ဆိုတာကို ။ ပတ်ပတ်လည်မှာ အကုန် အလှသစ်ပင်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ တကယ်တော့ သူ အဲ့လို လုပ်ရတာ ဟာ အိမ်နီးနားချင်တွေ ကနေ သူတို့ နှစ်ယောက် ပုန်းဖု့ိပဲ ဖြစ်ပါတယ် ။
သူတို့ ရှိ မရှိလဲ မသိရတာ့ သလို သူတို့လဲ အိမ်နီးနားချင်တွေနဲ့ ထပ် မပတ်သက်ချင် တော့လို့ပဲ ဖြစ်ပါတယ်။ တကယ့်ကို တက်လဲ တက်နိုင်လွန်း ပါပေတယ် JBရယ် ။ တခုခု အရေးနဲ့ အကြောင်းဆို ဘယ်လိုများ နေမလဲ မသိဘူးနော်။ ဘာပဲဖြစ်ဖြစ်ပါလေ ။ လူဆိုတာ ကိုယ်စိတ် ချမ်းသာဖို့ပဲ အရေးကြီးတာပါ ။ ခုဆိုရင်လဲ JB တယောက် စိတ်ချမ်းသာ မယ်လို့ ထင်ပါတယ် ။ သူရဲ့ သီချင်းတွေ ကိုလဲ အာရုံ စိုက်နေပြီ ဆိုတော့ စောင့်မျှော် ခံစားဖို့ပဲ လိုပါတော့တယ် ။
Source : Daily Mail Celebrity, Myanmarload