
0
136

Zawgyi





ရုပ်သံ ကြည့်ရှုရန်

myanmarload

Unicode

ဝါသနာကို စွန့်လွှတ်ခဲ့ရပြီး မွေးရပ်မြေမှာ ပျော်ရွှင်နေတဲ့ ကျော်မင်းဦးရဲ့ ဗီဒီယိုဖိုင်လေး

ယူ ၂၀ ကမ္ဘာဖလား ဝင်ခွင့် ရအောင် ကွင်းလယ်ကနေ အကောင်းဆုံး ခြေစွမ်းတွေနဲ့ တိုက်စစ်ကို ပံ့ပို့ပေး နိုင်တဲ့ ကစားသမားလေး ဆိုတာနဲ့ ကျော်မင်းဦးကို ပြေးမြင်မိ မှာပါ။ ယူ ၂၀ ကမ္ဘာဖလား ပြိုင်ပွဲမှာလည်း မလျော့သော လုံ့လတွေနဲ့ အသင်း အတွက် ကြိုးစားခဲ့တဲ့ ကစားသမားလေး တယောက် ဖြစ်ပါတယ် ။ ရန်ကုန် ယူနိုက်တက် အသင်းမှာလည်း ချန်ပီယံ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်နိုင် ခဲ့တာ ဖြစ်ပါတယ်။

ကျော်မင်းဦးရဲ့ ဒူးဒဏ်ရာဟာ ကာလရှည် ကုသ ထားရတာပဲ ဖြစ်ပြီး ယင်းဒဏ်ရာ ကြောင့်ပင် အနား ယူရန် ဆုံးဖြတ်ခဲ့ တာပဲ ဖြစ်ပါတယ် ။ ကျော်မင်းဦးဟာ ဘန်ကောက်မြို့တွင် သူ့ရဲ့ ဒူးဒဏ်ရာကို ပြီးခဲ့တဲ့ နှစ် အတွင်းက ကုသခဲ့ခြင်း ဖြစ်ပြီး Police Tero အသင်းတွင် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ တာပဲ ဖြစ်ပါတယ်။

သူအနားယူတာနဲ့ ပက်သက်ပြီး ပရိသတ်များ ကလည်း စိတ်မကောင်းများစွာ ဖြစ်ခဲ့ရ တာပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးဟာ လက်ရှိ မှာတော့ သူ့မိဘများ ရှိရာ မွေးရပ်မြေမှာပဲ နေထိုင်ပြီး ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေ တာပဲ ဖြစ်ပါတယ်။ လည်ကတုံး လေးနဲ့ သန့်ပြန့်နေတဲ့ ကျော်မင်းဦးရဲ့ ဗီဒီယို ဖိုင်လေးကို တင်ဆက် ပေးလိုက်ရ ပါတယ်နော် ။

ရုပ်သံ ကြည့်ရှုရန်

myanmarload