အုပ္စိုးခန္႔ကို သစၥာေဖာက္တယ္္လို႔ ေဝဖန္မႈ ခံေနရတဲ့ ယြန္းယြန္း

0
149

Zawgyi

အုပ္စိုးခန္႔ကို သစၥာေဖာက္တယ္္လို႔ ေဝဖန္မႈ ခံေနရတဲ့ ယြန္းယြန္း

ယြန္းယြန္းနဲ႔ အုပ္စိုးခန္႔တို႔ ႏွစ္ေယာက္ဟာ ခ်စ္သူေတြ ျဖစ္ေနတယ္လုိ႔ ခဏ ခဏ အသံေတြ ထြက္လာၾကျပီး ႏွစ္ေယာက္စလံုး ကလည္း ဟိုကျငင္း ဒီကျငင္းနဲ႔ ၿပိဳင္တူေတြ ျငင္းခဲ့ၾကတာပါ။

အုပ္စိုးခန္႔က ယြန္းယြန္းနဲ႔ ပတ္သက္ျပီး အင္တာဗ်ဴးေတြ ေျဖရာမွာ တစ္ေနရာမွာ တစ္မ်ိဳး ေျဖခဲ့တာေတြလည္း ရွိတယ္လို႔ ဆိုရမွာပါ။ သတင္းဌာနတစ္ခုမွာ ယြန္းယြန္းကုိ မၾကိဳက္ပါဘူးလို႔ ေျဖျပီး သိပ္မၾကာခင္ ေနာက္တစ္ေနရာမွာ ယြန္းယြန္းကုိ သေဘာက်ပါတယ္ ဆိုတာမ်ိဳး ျပန္ေျဖခဲ့ တာမ်ိဳးေတြ လည္း ရွိပါတယ္။

ဒါ့အျပင္ သူတို႔ ႏွစ္ေယာက္ရဲ႕ Instagram story ေတြမွာ အက်ႌဆင္တူ ဝတ္ျပီး မသိမသာေလးေတြဓာတ္ပံုေလးေတြ တင္ထား တာတို႔ Monthsary ရက္စြဲေလးေတြ အျပန္အလွန္ တင္ထားၾကတာ တို႔လည္း ရွိခဲ့တာ ေၾကာင့္ ပရိသတ္ေတြက သူတို႔နွစ္ေယာက္ ခ်စ္သူေတြ ျဖစ္ေနျပီရယ္လုိ႔ တစ္ထစ္ခ် ယူဆထား ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

အုပ္စုိးခန္႔ဟာ ယြန္းယြန္းကုိ ေတာ္ေတာ္ေလး ခ်စ္ပံုရျပီး ယြန္းယြန္းနဲ႔ ပတ္သက္ျပီး အင္တာဗ်ဴး တစ္ခုမွာ “သူက sensitive ျဖစ္တတ္တဲ့သူ အားငယ္တတ္တဲ့သူ ဆိုေတာ့ ေဝဖန္တာေတြကုိ စိတ္ထဲမထားပါနဲ႔ လို႔ ေျပာခ်င္ပါတယ္ ” လို႔လည္း အားေပးသြား ခဲ့ဖူးျပီး “ သူကေတာ့ ကြၽန္ေတာ့္ထက္ အမ်ားႀကီး စီနီယာ ပုိက်တယ္ ။

သူကေတာ့ ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီ မင္းသမီး ေပါ့ေနာ္ အဲ့အတြက္ေၾကာင့္ မုိ႔လုိ႔ အမ်ားႀကီး သာပါတယ္ ကြၽန္ေတာ့္ထက္ ”လို႔ ေျဖသြားဖူးတာမို႔ ယြန္းယြန္းကုိ အရမ္းကုိ တန္ဖိုးထားတဲ့ ပံုလည္းေပၚလြင္ ပါတယ္။ ယြန္းယြန္း ကေတာ့ အုပ္စိုးခန္႔နဲ႔ ပတ္သက္လာရင္ ဘာမွ မဟုတ္ဘူး ဆိုတာကိုပဲ တြင္တြင္ ျငင္္းခဲ့သူပါ။

မၾကာခင္ ရက္ပုိင္း အတြင္းက အကယ္ဒမီပြဲ ဂယက္ေတြထျပီး Fb ေပၚမွာ ရုတ္ရုတ္ သဲသဲျဖစ္ေနၾကတဲ့အခ်ိန္မွာပဲ အုပ္စိုးခန္႔ အေကာင့္က Hack ခံလိုက္ရပါတယ္။ Hacker က ထံုးစံ အတုိင္း conversation ေတြကုိ ေလွ်ာက္ၾကည့္ျပီး ယြန္းယြန္းနဲ႔ စကားေတြေျပာတဲ့ screenshot ေတြကုိ public နဲ႔ တင္ထားခဲ့ ပါတယ္။ အဲဒီ screenshot ေတြေၾကာင့္လည္း ယြန္းယြန္းက အုပ္စိုးခန္႔ကုိ သစၥာေဖာက္ သူၾကီးလို႔ စြပ္စြဲ ခံေနရတာ ျဖစ္ပါတယ္ ။

ဟက္ကာက ယြန္းယြန္းကုိ အုပ္စုိးခန္႔ အေကာင့္ထဲ ကေန ရည္းစားစကား ေျပာေနျပီး ယြန္းယြန္းက သူ႔ကုိခ်စ္ရင္ ေယာက္်ား ပီပီ ႀကိဳးစားပါ လို႔ ျပန္ေျပာထားခဲ့ ပါတယ္ ။ တကယ္ ႀကိဳးစားမယ္ ဆိုရင္ အုပ္စိုးခန္႔ကုိ ထားခဲ့ျပီး သူ႔ဆီ လာမလားလို႔ ဟက္ကာက ေမးခဲ့ခ်ိန္ မွာေတာ့ အစ္ကုိ ဘယ္လိုစိတ္ ရွိလဲဆိုတာ ေပၚမွာလည္း မူတည္ေသးတယ္ လို႔ ေျပာပါတယ္။

အဲဒီေနာက္ ဟက္ကာက သူက အုပ္စိုးခန္႔ထက္ အမ်ားၾကီး သာရင္ သူ႔ဆီ လာမွာလား လို႔ ထပ္ေမးတာကုိ ယြန္းယြန္းက သာတာ မသာတာ ထက္ ေပ်ာ္ေအာင္ ထားေပးမွာလား ခ်စ္လား ဆိုတာပဲ စဥ္းစားတယ္လို႔ အလိမၼာနဲ႔ ေျဖထားပါတယ္။ ေနာက္ျပီး “ေမေမလည္း သေဘာက်ရင္ေပါ့ ” လို႔ ေမွ်ာ္လင့္ခ်က္ေပးတဲ့ စကားေတြ ထပ္ေလာင္း ေျပာၾကားထား ပါေသးတယ္။

အဲဒီလို အျပန္အလွန္ ေျပာျပီးခ်ိန္မွာ ဟက္ကာက အုပ္စိုးခန႔္ကုိ သနားသြားျပီး screenshot ေတြတင္လိုက္ခဲ့တာပါ။ ကိုယ့္ထက္ အမ်ားၾကီး သာတဲ့ အျခား တစ္ေယာက္ဆီ သြားဖို႔ အဆင္သင့္ျဖစ္ေနတဲ့ မိန္းကေလး တေယာက္ကို ခ်စ္တဲ့ အုုပ္စိုးခန္႔ကုိ သနားသြားတယ္လို႔ အဓိပၸါယ္ရတဲ့ စာေတြလည္းေရးထားခဲ့ ပါေသးတယ္။ ဒါေပမယ့္ conversation ထဲမွာ ယြန္းယြန္းက အုပ္စိုးခန္႔နဲ႔ သူနဲ႔ ခ်စ္သူေတြ ပါဆိုတာကို အတည္ျပဳတဲ့ စကား ဘာတစ္ခြန္းမွ ေျပာမသြားခဲ့ ပါဘူး။

႔ပရိသတ္ၾကီးေရာ မမရဲ႕ လွည့္စားတာ ခံရေတာ့မယ့္ အုပ္စုိးခန္႔ကုိ သနားမိလား။ ယြန္းယြန္းက အလိမၼာနဲ႔ပဲ ဒီစကားေတြ ေျပာလိုက္တာျဖစ္မလား။ တကယ္တမ္းသာ ခ်စ္သူေတြ ဆိုရင္ ယြန္းယြန္းနဲ႔ အုပ္စိုးခန္႔ကုိ သေဘာတူၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

Unicode

အုပ်စိုးခန့်ကို သစ္စာဖောက်တယ်လို့ ဝေဖန်မှု ခံနေရတဲ့ ယွန်းယွန်း

ယွန်းယွန်းနဲ့ အုပ်စိုးခန့်တို့ နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်နေတယ်လို့ ခဏ ခဏ အသံတွေ ထွက်လာကြပြီး နှစ်ယောက်စလုံး ကလည်း ဟိုကငြင်း ဒီကငြင်းနဲ့ ပြိုင်တူတွေ ငြင်းခဲ့ကြတာပါ။

အုပ်စိုးခန့်က ယွန်းယွန်းနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ ဖြေရာမှာ တစ်နေရာမှာ တစ်မျိုး ဖြေခဲ့တာတွေလည်း ရှိတယ်လို့ ဆိုရမှာပါ။ သတင်းဌာနတစ်ခုမှာ ယွန်းယွန်းကို မကြိုက်ပါဘူးလို့ ဖြေပြီး သိပ်မကြာခင် နောက်တစ်နေရာမှာ ယွန်းယွန်းကို သဘောကျပါတယ် ဆိုတာမျိုး ပြန်ဖြေခဲ့ တာမျိုးတွေ လည်း ရှိပါတယ်။

ဒါ့အပြင် သူတို့ နှစ်ယောက်ရဲ့ Instagram story တွေမှာ အင်္ကျီဆင်တူ ဝတ်ပြီး မသိမသာလေးတွေဓာတ်ပုံလေးတွေ တင်ထား တာတို့ Monthsary ရက်စွဲလေးတွေ အပြန်အလှန် တင်ထားကြတာ တို့လည်း ရှိခဲ့တာ ကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေပြီရယ်လို့ တစ်ထစ်ချ ယူဆထား ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အုပ်စိုးခန့်ဟာ ယွန်းယွန်းကို တော်တော်လေး ချစ်ပုံရပြီး ယွန်းယွန်းနဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ “သူက sensitive ဖြစ်တတ်တဲ့သူ အားငယ်တတ်တဲ့သူ ဆိုတော့ ဝေဖန်တာတွေကို စိတ်ထဲမထားပါနဲ့ လို့ ပြောချင်ပါတယ် ” လို့လည်း အားပေးသွား ခဲ့ဖူးပြီး “ သူကတော့ ကျွန်တော့်ထက် အများကြီး စီနီယာ ပိုကျတယ် ။

သူကတော့ ကလေးသရုပ်ဆောင် အကယ်ဒမီ မင်းသမီး ပေါ့နော် အဲ့အတွက်ကြောင့် မို့လို့ အများကြီး သာပါတယ် ကျွန်တော့်ထက် ”လို့ ဖြေသွားဖူးတာမို့ ယွန်းယွန်းကို အရမ်းကို တန်ဖိုးထားတဲ့ ပုံလည်းပေါ်လွင် ပါတယ်။ ယွန်းယွန်း ကတော့ အုပ်စိုးခန့်နဲ့ ပတ်သက်လာရင် ဘာမှ မဟုတ်ဘူး ဆိုတာကိုပဲ တွင်တွင် ငြင်းခဲ့သူပါ။

မကြာခင် ရက်ပိုင်း အတွင်းက အကယ်ဒမီပွဲ ဂယက်တွေထပြီး Fb ပေါ်မှာ ရုတ်ရုတ် သဲသဲဖြစ်နေကြတဲ့အချိန်မှာပဲ အုပ်စိုးခန့် အကောင့်က Hack ခံလိုက်ရပါတယ်။ Hacker က ထုံးစံ အတိုင်း conversation တွေကို လျှောက်ကြည့်ပြီး ယွန်းယွန်းနဲ့ စကားတွေပြောတဲ့ screenshot တွေကို public နဲ့ တင်ထားခဲ့ ပါတယ်။ အဲဒီ screenshot တွေကြောင့်လည်း ယွန်းယွန်းက အုပ်စိုးခန့်ကို သစ္စာဖောက် သူကြီးလို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ် ။

ဟက်ကာက ယွန်းယွန်းကို အုပ်စိုးခန့် အကောင့်ထဲ ကနေ ရည်းစားစကား ပြောနေပြီး ယွန်းယွန်းက သူ့ကိုချစ်ရင် ယောက်ျား ပီပီ ကြိုးစားပါ လို့ ပြန်ပြောထားခဲ့ ပါတယ် ။ တကယ် ကြိုးစားမယ် ဆိုရင် အုပ်စိုးခန့်ကို ထားခဲ့ပြီး သူ့ဆီ လာမလားလို့ ဟက်ကာက မေးခဲ့ချိန် မှာတော့ အစ်ကို ဘယ်လိုစိတ် ရှိလဲဆိုတာ ပေါ်မှာလည်း မူတည်သေးတယ် လို့ ပြောပါတယ်။

အဲဒီနောက် ဟက်ကာက သူက အုပ်စိုးခန့်ထက် အများကြီး သာရင် သူ့ဆီ လာမှာလား လို့ ထပ်မေးတာကို ယွန်းယွန်းက သာတာ မသာတာ ထက် ပျော်အောင် ထားပေးမှာလား ချစ်လား ဆိုတာပဲ စဉ်းစားတယ်လို့ အလိမ္မာနဲ့ ဖြေထားပါတယ်။ နောက်ပြီး “မေမေလည်း သဘောကျရင်ပေါ့ ” လို့ မျှော်လင့်ချက်ပေးတဲ့ စကားတွေ ထပ်လောင်း ပြောကြားထား ပါသေးတယ်။

အဲဒီလို အပြန်အလှန် ပြောပြီးချိန်မှာ ဟက်ကာက အုပ်စိုးခန့်ကို သနားသွားပြီး screenshot တွေတင်လိုက်ခဲ့တာပါ။ ကိုယ့်ထက် အများကြီး သာတဲ့ အခြား တစ်ယောက်ဆီ သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းကလေး တယောက်ကို ချစ်တဲ့ အုပ်စိုးခန့်ကို သနားသွားတယ်လို့ အဓိပ္ပါယ်ရတဲ့ စာတွေလည်းရေးထားခဲ့ ပါသေးတယ်။ ဒါပေမယ့် conversation ထဲမှာ ယွန်းယွန်းက အုပ်စိုးခန့်နဲ့ သူနဲ့ ချစ်သူတွေ ပါဆိုတာကို အတည်ပြုတဲ့ စကား ဘာတစ်ခွန်းမှ ပြောမသွားခဲ့ ပါဘူး။

့ပရိသတ်ကြီးရော မမရဲ့ လှည့်စားတာ ခံရတော့မယ့် အုပ်စိုးခန့်ကို သနားမိလား။ ယွန်းယွန်းက အလိမ္မာနဲ့ပဲ ဒီစကားတွေ ပြောလိုက်တာဖြစ်မလား။ တကယ်တမ်းသာ ချစ်သူတွေ ဆိုရင် ယွန်းယွန်းနဲ့ အုပ်စိုးခန့်ကို သဘောတူကြမှာလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say