၁၀၄ ႏွစ္ ဖြားဖြားရဲ႕ ထူးဆန္းတဲ့ဆႏၵကို ဝိုင္းျဖည့္ဆည္းေပးခဲ့ၾကတဲ့ ရဲေတြ

0
109

Zawgyi

၁၀၄ ႏွစ္ ဖြားဖြားရဲ႕ ထူးဆန္းတဲ့ဆႏၵကို ဝိုင္းျဖည့္ဆည္းေပးခဲ့ၾကတဲ့ ရဲေတြ

Anne Brokenbrow ဆိုတာကေတာ့ အဂၤလန္ႏုိင္ငံ၊ ဘရစၥတုိၿမိဳ႕ရိွ Stokeleigh သက္ႀကီးေဂဟာမွာ ေနထုိင္လ်က္ ရိွၾကတဲ့ အဖိုးအဖြားေတြ ထဲက တစ္ဦးပါ။ အသက္ ၁၀၄ ႏွစ္ ရိွၿပီျဖစ္တဲ့ အဖြား Anne ရဲ႕ ဆႏၵတခုကို ဝုိင္းျဖည့္ဆည္း ေပးခဲ့ၾကရတဲ့ ျဖစ္ရပ္ေလး ကေတာ့ အြန္လုိင္း ေပၚမွာ သေဘာက်စရာေလးအေနနဲ႔ ပ်ံ႔သြားခဲ့ ပါတယ္။

သက္ႀကီး ေဂဟာမွာ ေနထုိင္ၾကတဲ့ အဖိုးအဖြားေတြ အတြက္ ‘wishing washing line’ ဆိုတဲ့ လုိရာဆႏၵေဖာ္ျပေစတဲ့ အစီအစဥ္ေလး တခုကို လုပ္ခဲ့ၾက ပါတယ္။ ၿပီးရင္ အဖိုးအဖြားတို႔ ေရးထားတဲ့ ဆႏၵအေၾကာင္း စာရြက္ေလးေတြကို ရပ္ကြက္ထဲက စတုိးဆိုင္ေတြ အနားမွာ ကပ္ထားၿပီး ျဖတ္သြားျဖတ္လာလူေတြ ေတြ႔လို႔ မိမိျဖည့္ဆည္းေပးႏုိင္တာ ရိွရင္ ေဂဟာကို ဆက္သြယ္ႏုိင္ ၾကတဲ့ အစီအစဥ္ပါ။

အဖိုးအဖြားတို႔ရဲ႕ ဆႏၵေတြထဲမွာ ဆိုရင္ အဲဗစ္ပရက္စေလကို ေတြ႔ခ်င္တာ မ်ိဳးေတြလို မျဖစ္ႏုိင္တာေတြေရာ ျဖစ္ႏုိင္တာေတြပါ ပါဝင္ၿပီး အဖြား Anne ရဲ႕ ဆႏၵကေတာ့ အားလံုးကို အံ့အားသင့္သြားေစ ခဲ့ပါတယ္။ သူမဟာ အဖမ္းခံခ်င္တာ ပါတဲ့ေလ။ သူမရဲ႕ စာရြက္ထဲမွာ ေတြ႔ရတာကေတာ့ “အဖြားရဲ႕ဆႏၵကေတာ့ အဖမ္းခံရဖို႔ပါ။ အသက္က ၁၀၄ ႏွစ္ေတာင္ ရိွၿပီ၊ ဥပေဒနဲ႔ တစ္ခါမွ မၿငိစြန္းဖူးဘူး” ဆိုၿပီး ျဖစ္ပါတယ္။

အဖြားရဲ႕ ဆႏၵအတြက္ သက္ဆုိင္ရာ ရဲစခန္းဆီ အီးေမးလ္ တေစာင္ ေရာက္လာခဲ့ၿပီး ရဲေတြကလည္း ဒီထူးဆန္းလြန္းတဲ့ ကမ္းလွမ္းခ်က္ကို အံ့အားသင့္စြာပဲ လက္ခံခဲ့ ၾကပါတယ္။ ရဲအမႈထမ္း ၂ ေယာက္ျဖစ္တဲ့ Stephen Harding နဲ႔ Kelly Foyle တို႔က သက္ႀကီးေဂဟာကို ေရာက္လာခဲ့ၾကၿပီး အဖြား Anne ကို ညင္သာစြာ လက္ထိပ္ ခပ္ကာ ရဲကားေပၚ ေမာင္းတင္ေပးသြား ၾကရပါတယ္။ သတိေမ့ေရာဂါလည္း ရိွတဲ့ အဖြားဟာ အစပိုင္းမွာေတာ့ သူ႔ေတာင္းဆိုခ်က္ေၾကာင့္ ရဲေတြ ေရာက္လာမွန္း ေမ့ေနခဲ့ပါေသးတယ္။

“အရမ္း ေပ်ာ္စရာေကာင္းတဲ့ ေန႔ေလး တေန႔ ျဖစ္ခဲ့ပါတယ္။ စိတ္ဝင္စားစရာ ပါပဲ။ တစ္ခါမွာ ဒီလိုမျဖစ္ဖူးဘူးေလ။ ရာဇဝတ္သားျဖစ္ရတဲ့ ခံစားခ်က္က ဘယ္လိုလဲ ဆိုရင္ေတာ့ အျပဳအမူ အေျပာအဆုိေတြကို ပိုသတိထားခဲ့ ရတာေပါ့။ အရာရိွ ၂ ေယာက္လံုး ကလည္း အဖြားအေပၚ ေကာင္းခဲ့ၾကပါတယ္” လို႔ Anne က သူ႔အေတြ႔အႀကံဳကို ျပန္ေဝမွ်ခဲ့ ပါတယ္။ အဖြားရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးခဲ့ ၾကသူတုိင္းကလည္း ထပ္တူၾကည္ႏူး ဝမ္းသာေနခဲ့ ၾကပါတယ္။

အဖြား Anne ကေတာ့ အတြင္းေရးမွဴးေဟာင္း တစ္ေယာက္ျဖစ္ ခဲ့ပါတယ္။ အသက္ႀကီး ေရာဂါျဖစ္တဲ့ သတိေမ့ ေရာဂါကို ခံစားေနရၿပီး သက္ႀကီးေဂဟာမွာ ေနထုိင္ေနတာ ၁၀ လ ရိွၿပီ ျဖစ္ပါတယ္။ ေျမးေတြ အားလံုးလည္း က်န္းမာၾကၿပီး သူမ ဆီ ပံုမွန္လည္း လာၾကည့္ တတ္ ၾကတယ္လို႔ Anne က ေျပာျပခဲ့ပါတယ္။

SM
Ref: Dailymail

Unicode

၁၀၄ နှစ် ဖွားဖွားရဲ့ ထူးဆန်းတဲ့ဆန္ဒကို ဝိုင်းဖြည့်ဆည်းပေးခဲ့ကြတဲ့ ရဲတွေ

Anne Brokenbrow ဆိုတာကတော့ အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုမြို့ရှိ Stokeleigh သက်ကြီးဂေဟာမှာ နေထိုင်လျက် ရှိကြတဲ့ အဖိုးအဖွားတွေ ထဲက တစ်ဦးပါ။ အသက် ၁၀၄ နှစ် ရှိပြီဖြစ်တဲ့ အဖွား Anne ရဲ့ ဆန္ဒတခုကို ဝိုင်းဖြည့်ဆည်း ပေးခဲ့ကြရတဲ့ ဖြစ်ရပ်လေး ကတော့ အွန်လိုင်း ပေါ်မှာ သဘောကျစရာလေးအနေနဲ့ ပျံ့သွားခဲ့ ပါတယ်။

သက်ကြီး ဂေဟာမှာ နေထိုင်ကြတဲ့ အဖိုးအဖွားတွေ အတွက် ‘wishing washing line’ ဆိုတဲ့ လိုရာဆန္ဒဖော်ပြစေတဲ့ အစီအစဉ်လေး တခုကို လုပ်ခဲ့ကြ ပါတယ်။ ပြီးရင် အဖိုးအဖွားတို့ ရေးထားတဲ့ ဆန္ဒအကြောင်း စာရွက်လေးတွေကို ရပ်ကွက်ထဲက စတိုးဆိုင်တွေ အနားမှာ ကပ်ထားပြီး ဖြတ်သွားဖြတ်လာလူတွေ တွေ့လို့ မိမိဖြည့်ဆည်းပေးနိုင်တာ ရှိရင် ဂေဟာကို ဆက်သွယ်နိုင် ကြတဲ့ အစီအစဉ်ပါ။

အဖိုးအဖွားတို့ရဲ့ ဆန္ဒတွေထဲမှာ ဆိုရင် အဲဗစ်ပရက်စလေကို တွေ့ချင်တာ မျိုးတွေလို မဖြစ်နိုင်တာတွေရော ဖြစ်နိုင်တာတွေပါ ပါဝင်ပြီး အဖွား Anne ရဲ့ ဆန္ဒကတော့ အားလုံးကို အံ့အားသင့်သွားစေ ခဲ့ပါတယ်။ သူမဟာ အဖမ်းခံချင်တာ ပါတဲ့လေ။ သူမရဲ့ စာရွက်ထဲမှာ တွေ့ရတာကတော့ “အဖွားရဲ့ဆန္ဒကတော့ အဖမ်းခံရဖို့ပါ။ အသက်က ၁၀၄ နှစ်တောင် ရှိပြီ၊ ဥပဒေနဲ့ တစ်ခါမှ မငြိစွန်းဖူးဘူး” ဆိုပြီး ဖြစ်ပါတယ်။

အဖွားရဲ့ ဆန္ဒအတွက် သက်ဆိုင်ရာ ရဲစခန်းဆီ အီးမေးလ် တစောင် ရောက်လာခဲ့ပြီး ရဲတွေကလည်း ဒီထူးဆန်းလွန်းတဲ့ ကမ်းလှမ်းချက်ကို အံ့အားသင့်စွာပဲ လက်ခံခဲ့ ကြပါတယ်။ ရဲအမှုထမ်း ၂ ယောက်ဖြစ်တဲ့ Stephen Harding နဲ့ Kelly Foyle တို့က သက်ကြီးဂေဟာကို ရောက်လာခဲ့ကြပြီး အဖွား Anne ကို ညင်သာစွာ လက်ထိပ် ခပ်ကာ ရဲကားပေါ် မောင်းတင်ပေးသွား ကြရပါတယ်။ သတိမေ့ရောဂါလည်း ရှိတဲ့ အဖွားဟာ အစပိုင်းမှာတော့ သူ့တောင်းဆိုချက်ကြောင့် ရဲတွေ ရောက်လာမှန်း မေ့နေခဲ့ပါသေးတယ်။

“အရမ်း ပျော်စရာကောင်းတဲ့ နေ့လေး တနေ့ ဖြစ်ခဲ့ပါတယ်။ စိတ်ဝင်စားစရာ ပါပဲ။ တစ်ခါမှာ ဒီလိုမဖြစ်ဖူးဘူးလေ။ ရာဇဝတ်သားဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုလဲ ဆိုရင်တော့ အပြုအမူ အပြောအဆိုတွေကို ပိုသတိထားခဲ့ ရတာပေါ့။ အရာရှိ ၂ ယောက်လုံး ကလည်း အဖွားအပေါ် ကောင်းခဲ့ကြပါတယ်” လို့ Anne က သူ့အတွေ့အကြုံကို ပြန်ဝေမျှခဲ့ ပါတယ်။ အဖွားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ ကြသူတိုင်းကလည်း ထပ်တူကြည်နူး ဝမ်းသာနေခဲ့ ကြပါတယ်။

အဖွား Anne ကတော့ အတွင်းရေးမှူးဟောင်း တစ်ယောက်ဖြစ် ခဲ့ပါတယ်။ အသက်ကြီး ရောဂါဖြစ်တဲ့ သတိမေ့ ရောဂါကို ခံစားနေရပြီး သက်ကြီးဂေဟာမှာ နေထိုင်နေတာ ၁၀ လ ရှိပြီ ဖြစ်ပါတယ်။ မြေးတွေ အားလုံးလည်း ကျန်းမာကြပြီး သူမ ဆီ ပုံမှန်လည်း လာကြည့် တတ် ကြတယ်လို့ Anne က ပြောပြခဲ့ပါတယ်။

SM
Ref: Dailymail