
0
105

Zawgyi




၅။ ရန်အောင်ကျော်


၎။ မောင်မောင်လွင်


၃။ သန်းပိုင်


၂။ ဆန်းဆက်နိုင်


၁။ ကျော်မင်းဦး


HYA momolay
credit momolay

Unicode

နံမယ်ကြီး ရုပ်ရှင်မင်းသားတွေ လက်မြှောက် အရှုံးပေးရမယ့် မြန်မာနိုင်ငံက ရုပ်အဖြောင့်ဆုံး ဘောလုံးသမား ၅ ယောက်

မြန်မာနိုင်ငံမှာ နာမည်ကြီး အကယ်ဒမီ ရုပ်ရှင်မင်းသား မော်ဒယ်လ်တွေနဲ့ တန်းတူ လူကြိုက်များ ကျော်ကြားတာ ကတော့ ဘောလုံးသမားတွေပဲ ဖြစ်ပါတယ် ။ တချို့ပရိသတ် တွေဟာ အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေထက် ပိုပြီး ဘောလုံးသမားတွေကို သဘောကျ အားပေးကြတဲ့ အချက် ကတော့ အားကစားဘက်မှာ သူမတူအောင် ထူးချွန်ကြရုံ သာမက ရုပ်ရည် ရူပကာပိုင်း မှာလည်း တောင့်တင်းကြံ့ခိုင်တဲ့ Body Structure တွေနဲ့အတူ မင်းသား ရှုံးလောက်အောင် ချောမောကြတဲ့ ရုပ်ရည်သွင်ပြင်တွေ ပိုင်ဆိုင်ထားတာကြောင့်ပါပဲ။

အားကစားချစ်သူ ပရိသတ်တွေ အတွက် မင်းသားတွေ ထိုင်ငိုရ လောက်အောင် ချောကြတဲ့ မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား ၅ ယောက်ကို ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ရ ပါတယ်။

၅။ ရန်အောင်ကျော်

ရန်ကုန်ယူနိုက်တက် အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ ရန်အောင်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမား စာရင်းရဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေ ပါတယ်။

၄။ မောင်မောင်လွင်

မြန်မာ့လက်ရွေးစင် အသင်းမှာ တိုက်စစ်မှူး အောင်သူပြီးရင် ကစားပုံ အကောင်းဆုံးနဲ့ အလိမ် အခေါက်စွမ်းရည် မြင့်မားလှတဲ့ တောင်ပံ ကစားသမား မောင်မောင်လွင်ဟာ အသားအနည်းငယ် ညိုပေမယ့် ကြည့်ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ တယောက်ပါ။

၃။ သန်းပိုင်

တချိန်က ယူ – ၁၉ အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင် ဟာလည်း မြန်မာနိုင်ငံရဲ့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမား စာရင်းရဲ့ နံပါတ်၃ နေရာမှာ ရပ်တည်နေ ပါတယ်။

၂။ ဆန်းဆက်နိုင်

မြန်မာ့ယူ -၂၃ အသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ဂိုးသမားလေး ဆန်းဆက်နိုင်ဟာ အရပ်အမောင်း မြင့်မား လှပြီး ပျိုမေတို့ နှစ်သက်ကြမယ့် ရုပ်ရည်မျိုးကို ပိုင်ဆိုင် ထားသူ တယောက် ဖြစ်ပါတယ်။

၁။ ကျော်မင်းဦး

လက်ရှိ အချိန်မှာတော့ ဒဏ်ရာကြောင့် ဘောလုံးလောက ကနေ အနားယူသွားပြီ ဖြစ်တဲ့ အသက် ၂၃ နှစ် အရွယ် ကွင်းလယ် ကစားသမား ကျော်မင်းဦးဟာ မော်ဒယ်လ် တဦး အဖြစ်တောင် အသက်မွေးဝမ်းကျောင်း ပြုလုပ်လို့ ရတဲ့ ရုပ်ရည်မျိုးရှိကာ မြန်မာနိုင်ငံ မှာတော့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမား တဦးပဲ ဖြစ်ပါတယ်။

HYA momolay
credit momolay