ကာယကံရွင္ေတြေတာင္မသိပဲ အမ်ိဳးသမီးေတြကို သေႏၶတည္ေစခဲ့တဲ့ ဆရာဝန္

0
78

Zawgyi

ကာယကံရွင္ေတြေတာင္မသိပဲ အမ်ိဳးသမီးေတြကို သေႏၶတည္ေစခဲ့တဲ့ ဆရာဝန္

အၿငိမ္းစား မ်ိဳးဗီဇသေႏၶ ဆရာဝန္ တေယာက္ဟာ အမ်ိဳးသမီး ဒါဇင္ေပါင္း မ်ားစြာကို ကာယကံရွင္ေတြ ကိုယ္တိုင္ေတာင္ မသိလိုက္ပဲ ၄င္းရဲ႕ သုတ္ပိုးနဲ႔ သေႏၶ တည္ေစခဲ့ေၾကာင္း သိရပါတယ္ ။ ေဒၚနယ္ကလိုင္း အမည္ရတဲ့ ၄င္းဆရာဝန္ဟာ အနည္းဆံုး ကေလး ၄၈ ေယာက္ တို႔ရဲ႕ ဖခင္ျဖစ္မယ္ လို႔ လတ္တေလာ အတည္ျပဳထား ပါတယ္ ။ ေဒၚနယ္ကလိုင္းဟာ အသက္ ၈၀ ရွိေနၿပီ ျဖစ္ၿပီး သူေထာင္ထဲ ေရာက္ၿပီး ၁၆ လ ၾကာမွ သူ႔သုတ္ပိုးနဲ႔ ေမြးထားတဲ့ ကေလးေတြဟာ သူတို႔ရဲ႕ ဘဝ အမွန္ကို သိလာၾက တာပါ။

အင္ဒီယားနား ပိုးလစ္စ္ေန ဟီသာဝုက္ဆိုသူ အမ်ိဳးသမီးက အတၱလႏိၱတ္ သတင္းဌာကို အခုလို ေျပာျပပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လမွာ လူစိမ္း တဦးဟာ သူမ အိမ္ကို သူမနဲ႔ ေမာင္ႏွမ ေတာ္စပ္ပါတယ္ ဆိုၿပီး ေရာက္လာေၾကာင္း ေျပာပါတယ္ ။ ဒါနဲ႔ ဟီသာဟာ မိခင္ျဖစ္သူကို ေမးတဲ့ အခါ မိခင္ျဖစ္သူကလည္း မစိုးရိမ္ဖို႔ ေျပာျပတဲ့ အတြက္ ေမ့ေမ့ ေပ်ာက္ေပ်ာက္ပဲ ေနခဲ့ပါတယ္ ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ သူမဆီကို သူမနဲ႔ ေမာင္ႏွမ ေတာ္စပ္ပါတယ္ ဆိုၿပီး ေရာက္ေရာက္ လာသူေတြ မ်ားလာတာေၾကာင့္ DNA စစ္ေဆးမႈေတြ အဆင့္ဆင့္ ျပဳလုပ္ရာက အခုလို အမႈမွန္ ေပၚလာရတာပါ။

ေဒၚနယ္ကလိုင္းဟာ ေဆးခန္းဆီ လာၾကတဲ့ စံုတြဲေတြကို ဆရာဝန္ေတြနဲ႔ ေဆးေက်ာင္းသားေတြ ဆီက သုတ္ပိုး ယူေပးမယ္ ဆိုၿပီး လိမ္ညာခဲ့တာ ျဖစ္ပါတယ္။ သူ႔ေဆးခန္းဆီ လာျပတဲ့ လူနာေတြထဲမွာ အလွဴရွင္ဆီက သုတ္ပိုးကို ၃ ၾကိမ္သာ အသံုးျပဳ ထားၿပီး က်န္တာေတြ ကိုေတာ့ သူ႔သုတ္ပိုး ကိုပဲ အသံုးျပဳၿပီး အမ်ိဳးသမီးေတြကို သေႏၶတည္ေစ ခဲ့တာ ျဖစ္ပါတယ္။

ေဒၚနယ္ကလိုင္းဟာ ၂၀၀၉ ခုႏွစ္မွာ ဆရာဝန္ဘဝက အၿငိမ္းစား ယူခဲ့ပါတယ္။ ကနဦးပိုင္း ရဲေတြစစ္ေဆးတဲ့အခါ သူက သူ႔ကို စြပ္စြဲတဲ့ အမႈေတြဟာ အမ်ိဳးသမီးေတြက သူ႔ကို အသေရ ဖ်က္ခ်င္ တာပါဆိုၿပီး ျငင္းဆိုခဲ့ ပါေသးတယ္ ။ သူဟာ ၁၉၇၀ နဲ႔ ၁၉၈၀ ခုႏွစ္မ်ားဆီက ျပဳလုပ္ခဲ့တဲ့ သုတ္ပိုး လိမ္ညာမႈနဲ႔ ပတ္သက္လို႔ တစံုတရာ ေျဖရွင္းခ်က္လည္း မျပဳလုပ္ခဲ့ ပါဘူး။ အခုအခါ မွာေတာ့ ေဖာ္ျပပါ ခုႏွစ္ေတြဆီမွာ အနည္းဆံုး အမ်ိဳးသမီးဦးေရ ၅၀ ကို သူ႔သုတ္ပိုးနဲ႔ ကိုယ္ဝန္ တည္ေစခဲ့ေၾကာင္း ဝန္ခံ လိုက္ၿပီျဖစ္ပါတယ္။

DNA စစ္ေဆးခ်က္ေတြ အရ ေဒၚနယ္ကလိုင္းဟာ အနည္းဆံုးကေလး ၄၈ ဦး တို႔ရဲ႕ ဖခင္ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းထားၿပီး လက္ေတြ႔မွာ ဒီထက္ မ်ားႏုိင္တယ္ လို႔လည္း သံုးသပ္ထားၾက ပါတယ္။ ေဒါက္တာ ေဒၚနယ္ကလိုင္း ကုိေတာ့ လိမ္ညာမႈနဲ႔ အမႈတြဲတခုစီ အတြက္ ေထာင္ ၃ ႏွစ္ အထက္ အထိ ခ်မွတ္ႏိုင္ေျခ ရွိတယ္လို႔ သိရပါတယ္ ။

လင္းလင္း , ShweMom
Ref: thesun , theatlantic

Unicode

ကာယကံရှင်တွေတောင်မသိပဲ အမျိုးသမီးတွေကို သန္ဓေတည်စေခဲ့တဲ့ ဆရာဝန်

အငြိမ်းစား မျိုးဗီဇသန္ဓေ ဆရာဝန် တယောက်ဟာ အမျိုးသမီး ဒါဇင်ပေါင်း များစွာကို ကာယကံရှင်တွေ ကိုယ်တိုင်တောင် မသိလိုက်ပဲ ၎င်းရဲ့ သုတ်ပိုးနဲ့ သန္ဓေ တည်စေခဲ့ကြောင်း သိရပါတယ် ။ ဒေါ်နယ်ကလိုင်း အမည်ရတဲ့ ၎င်းဆရာဝန်ဟာ အနည်းဆုံး ကလေး ၄၈ ယောက် တို့ရဲ့ ဖခင်ဖြစ်မယ် လို့ လတ်တလော အတည်ပြုထား ပါတယ် ။ ဒေါ်နယ်ကလိုင်းဟာ အသက် ၈၀ ရှိနေပြီ ဖြစ်ပြီး သူထောင်ထဲ ရောက်ပြီး ၁၆ လ ကြာမှ သူ့သုတ်ပိုးနဲ့ မွေးထားတဲ့ ကလေးတွေဟာ သူတို့ရဲ့ ဘဝ အမှန်ကို သိလာကြ တာပါ။

အင်ဒီယားနား ပိုးလစ်စ်နေ ဟီသာဝုက်ဆိုသူ အမျိုးသမီးက အတ္တလန္တိတ် သတင်းဌာကို အခုလို ပြောပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ လူစိမ်း တဦးဟာ သူမ အိမ်ကို သူမနဲ့ မောင်နှမ တော်စပ်ပါတယ် ဆိုပြီး ရောက်လာကြောင်း ပြောပါတယ် ။ ဒါနဲ့ ဟီသာဟာ မိခင်ဖြစ်သူကို မေးတဲ့ အခါ မိခင်ဖြစ်သူကလည်း မစိုးရိမ်ဖို့ ပြောပြတဲ့ အတွက် မေ့မေ့ ပျောက်ပျောက်ပဲ နေခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ သူမဆီကို သူမနဲ့ မောင်နှမ တော်စပ်ပါတယ် ဆိုပြီး ရောက်ရောက် လာသူတွေ များလာတာကြောင့် DNA စစ်ဆေးမှုတွေ အဆင့်ဆင့် ပြုလုပ်ရာက အခုလို အမှုမှန် ပေါ်လာရတာပါ။

ဒေါ်နယ်ကလိုင်းဟာ ဆေးခန်းဆီ လာကြတဲ့ စုံတွဲတွေကို ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေ ဆီက သုတ်ပိုး ယူပေးမယ် ဆိုပြီး လိမ်ညာခဲ့တာ ဖြစ်ပါတယ်။ သူ့ဆေးခန်းဆီ လာပြတဲ့ လူနာတွေထဲမှာ အလှူရှင်ဆီက သုတ်ပိုးကို ၃ ကြိမ်သာ အသုံးပြု ထားပြီး ကျန်တာတွေ ကိုတော့ သူ့သုတ်ပိုး ကိုပဲ အသုံးပြုပြီး အမျိုးသမီးတွေကို သန္ဓေတည်စေ ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ကလိုင်းဟာ ၂၀၀၉ ခုနှစ်မှာ ဆရာဝန်ဘဝက အငြိမ်းစား ယူခဲ့ပါတယ်။ ကနဦးပိုင်း ရဲတွေစစ်ဆေးတဲ့အခါ သူက သူ့ကို စွပ်စွဲတဲ့ အမှုတွေဟာ အမျိုးသမီးတွေက သူ့ကို အသရေ ဖျက်ချင် တာပါဆိုပြီး ငြင်းဆိုခဲ့ ပါသေးတယ် ။ သူဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များဆီက ပြုလုပ်ခဲ့တဲ့ သုတ်ပိုး လိမ်ညာမှုနဲ့ ပတ်သက်လို့ တစုံတရာ ဖြေရှင်းချက်လည်း မပြုလုပ်ခဲ့ ပါဘူး။ အခုအခါ မှာတော့ ဖော်ပြပါ ခုနှစ်တွေဆီမှာ အနည်းဆုံး အမျိုးသမီးဦးရေ ၅၀ ကို သူ့သုတ်ပိုးနဲ့ ကိုယ်ဝန် တည်စေခဲ့ကြောင်း ဝန်ခံ လိုက်ပြီဖြစ်ပါတယ်။

DNA စစ်ဆေးချက်တွေ အရ ဒေါ်နယ်ကလိုင်းဟာ အနည်းဆုံးကလေး ၄၈ ဦး တို့ရဲ့ ဖခင်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပြီး လက်တွေ့မှာ ဒီထက် များနိုင်တယ် လို့လည်း သုံးသပ်ထားကြ ပါတယ်။ ဒေါက်တာ ဒေါ်နယ်ကလိုင်း ကိုတော့ လိမ်ညာမှုနဲ့ အမှုတွဲတခုစီ အတွက် ထောင် ၃ နှစ် အထက် အထိ ချမှတ်နိုင်ခြေ ရှိတယ်လို့ သိရပါတယ် ။

လင်းလင်း , ShweMom
Ref: thesun , theatlantic