​ေရတံခြန္​မွာ ဓာတ္ပံုရိုက္ရင္း ေျခေခ်ာ္ျပဳတ္က်မႈ ႏွစ္ဦးလံုး ေသဆံုးသြားရွာတဲ့ ရုပ္သံထြက္ေပၚလာ

0
2878

(Zawgyi)

​ေရတံခြန္​မွာ ဓာတ္ပံုရိုက္ရင္း ေျခေခ်ာ္ျပဳတ္က်မႈ ႏွစ္ဦးလံုး ေသဆံုးသြားရွာတဲ့ ရုပ္သံထြက္ေပၚလာ

ေတာေနာ္​​ေရတံခြန္​ အထက္ပိုင္း အျမင့္ေပ(200) ခန္႔မွျပဳတ္က်၍ အသက္ (19) ႏွစ္အ႐ြယ္ မိန္းခေလး (2) ဦး ေသဆုံးျခင္း သတင္းအျပည့္အစုံ

ထိုင္း ျမန္မာနယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္း တစ္ခုျဖစ္ေသာ ကရင္ျပည္နယ္ ျမဝတီ- ေကာ့ကရိတ္အာရွလမ္းမႀကီးအနီးမွ ေကာ့ကရိတ္ၿမိဳ႕ဘက္ျခမ္းရွိ ေတာေနာ္ေရတံခြန္တြင္ ​ယေန႔(27-1-2019)ရက္ေန႔ နံနက္​ (11:30)အခ်ိန္ခန႔္က အသက္(၁၉)ႏွစ္ အ႐ြယ္ မိန္းခေလး(2) ဦး ေတာေနာ္ေရတံခြန္အထက္ပိုင္း အျမင္​့ေပ (200)ခန႔္ မွ ေအာက္သို႔ ျပဳတ္​က်ရာ (1)ဦးမွာ အခင္​းျဖစ္​ပြားရာ ေနရာတြင္ ​ေသဆုံးခဲ့ၿပီး က်န္​ (1)ဦးကို ျမဝတီ​ခ႐ိုင္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ​ေသဆုံးသြားခဲ့တယ္​လို႔ သိရပါတယ္​။

ျဖစ္စဥ္မွာ…2019 ဇန္နဝါရီ 27ရက္ေန႔ နံနက္(11:10) အခ်ိန္ခန႔္က ျမဝတီဘက္မွ ေကာ့ကရိတ္ဘက္သို႔ ပ႐ိုေဘာက္ယာဥ္ အမွတ္.GG×××× အျဖဴေရာင္ယာဥ္ျဖင့္ ေတာေနာ္ေရတံခြန္တြင္ ေရကူးရန္ထြက္လာေသာ မစုျမတ္ေဝ(19)ႏွစ္ ဖလူးေက်း႐ြာ ျမဝတီၿမိဳ႕နယ္ေနသူ ႏွင့္ မမ်ိဳးနႏၵာေက်ာ္(19)ႏွစ္ ႐ြာမေက်း႐ြာ ဒိုက္ဦးၿမိဳ႕နယ္ ပဲခူးတိုင္းေဒသႀကီး ေနသူတို႔သည္ သူငယ္ခ်င္း(8)ဦးတို႔ႏွင့္အတူ ေရတံခြန္တြင္ ေရကူးေနရာမွ….

ေတာေနာ္ေရတံခြန္၏ အေပၚဆုံးထိပ္သို႔ တက္ေရာက္သြားၿပီး သူငယ္ခ်င္းႏွစ္ဦး ဓာတ္ပုံ႐ိုက္ေနစဥ္ မမ်ိဳးနႏၵာေက်ာ္မွာ ေျခေခ်ာ္သြားကာ ေရတံခြန္၏ေအာက္ဘက္ ေပ(200)ခန႔္ရွိ ေရကန္အတြင္းသို႔ျပဳတ္က်မည္ကို စိုးရိမ္သျဖင့္ မစုျမတ္ေဝ မွ လွမ္းဆြဲရာ ႏွစ္ဦးစလုံး ျပဳတ္က်သြားၿပီး ေရတံခြန္ေက်ာက္နံရံမ်ားႏွင့္တိုက္မိကာ

မစုျမတ္ေဝမွာ ယာဘက္ဂ်ိဳေစာင္းေပါက္ၿပဲ ဝဲဘက္နဖူး ေပါက္ၿပဲ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ေသာေၾကာင့္ အခင္​းျဖစ္​ပြားရာ ​ေတာ​ေနာ္​​ေရတံခြန္မွ ၎၏ Dead Body ကို ​ေကာ့ကရိတ္​ၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံ ရင္​ခြဲ႐ုံသို႔ ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ ပို႔​ေဆာင္​​ေပးခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္

မမ်ိဳးနႏၵာေက်ာ္(၁၉)ႏွစ္တြင္ ယာဘက္ျခမ္းေမး႐ိုးက်ိဳး ဦးေခါင္းေနာက္ေစ့ေက် ယာဘက္မ်က္ခုံး ေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ျမဝတီခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးခဲ့သည္ဟု သိရသည္။

အဆိုပါ ေသဆုံးခဲ့သည့္ အသက္(19)ႏွစ္အ႐ြယ္ မိန္းခေလး(2)ဦး မွာ ထိုင္းႏိုင္ငံ မဲ့ေဆာက္ၿမိဳ႕ရွိ ေတာ့ပ္ေဖာင္းအထည္ခ်ဳပ္စက္႐ုံမွ တနဂၤေႏြေန႔ စက္​႐ုံပိတ္​ရက္​မွာ အလည္​လာၾကတဲ့ စက္​႐ုံအလုပ္​သမ​မ်ား ျဖစ္ေၾကာင္း သိရၿပီး ထိုသို႔ေသဆုံးမႈႏွင့္ပတ္သက္၍ ေကာ့ကရိတ္ၿမိဳ႕ မရဲစခန္းမွ ေသမႈေသခင္းအမွတ္. 1/2019 ႏွင့္ 2/2019တို႔ျဖင့္ စစ္ေဆးလွ်က္ ရွိေၾကာင္း သိရသည္။

ရုပ္သံ

ေနေနာ္(ျမဝတီ)

(Unicode)

ရေတံခွန်မှာ ဓာတ်ပုံရိုက်ရင်း ခြေချော်ပြုတ်ကျမှု နှစ်ဦးလုံး သေဆုံးသွားရှာတဲ့ ရုပ်သံထွက်ပေါ်လာ

တောနော်ရေတံခွန် အထက်ပိုင်း အမြင့်ပေ(200) ခန့်မှပြုတ်ကျ၍ အသက် (19) နှစ်အရွယ် မိန်းခလေး (2) ဦး သေဆုံးခြင်း သတင်းအပြည့်အစုံ

ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးအနီးမှ ကော့ကရိတ်မြို့ဘက်ခြမ်းရှိ တောနော်ရေတံခွန်တွင် ယနေ့(27-1-2019)ရက်နေ့ နံနက် (11:30)အချိန်ခန့်က အသက်(၁၉)နှစ် အရွယ် မိန်းခလေး(2) ဦး တောနော်ရေတံခွန်အထက်ပိုင်း အမြင့်ပေ (200)ခန့် မှ အောက်သို့ ပြုတ်ကျရာ (1)ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ကျန် (1)ဦးကို မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ…2019 ဇန်နဝါရီ 27ရက်နေ့ နံနက်(11:10) အချိန်ခန့်က မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ပရိုဘောက်ယာဉ် အမှတ်.GG×××× အဖြူရောင်ယာဉ်ဖြင့် တောနော်ရေတံခွန်တွင် ရေကူးရန်ထွက်လာသော မစုမြတ်ဝေ(19)နှစ် ဖလူးကျေးရွာ မြဝတီမြို့နယ်နေသူ နှင့် မမျိုးနန္ဒာကျော်(19)နှစ် ရွာမကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းဒေသကြီး နေသူတို့သည် သူငယ်ချင်း(8)ဦးတို့နှင့်အတူ ရေတံခွန်တွင် ရေကူးနေရာမှ….

တောနော်ရေတံခွန်၏ အပေါ်ဆုံးထိပ်သို့ တက်ရောက်သွားပြီး သူငယ်ချင်းနှစ်ဦး ဓာတ်ပုံရိုက်နေစဉ် မမျိုးနန္ဒာကျော်မှာ ခြေချော်သွားကာ ရေတံခွန်၏အောက်ဘက် ပေ(200)ခန့်ရှိ ရေကန်အတွင်းသို့ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် မစုမြတ်ဝေ မှ လှမ်းဆွဲရာ နှစ်ဦးစလုံး ပြုတ်ကျသွားပြီး ရေတံခွန်ကျောက်နံရံများနှင့်တိုက်မိကာ

မစုမြတ်ဝေမှာ ယာဘက်ဂျိုစောင်းပေါက်ပြဲ ဝဲဘက်နဖူး ပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် အခင်းဖြစ်ပွားရာ တောနော်ရေတံခွန်မှ ၎င်း၏ Dead Body ကို ကော့ကရိတ်မြို့နယ်ပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်

မမျိုးနန္ဒာကျော်(၁၉)နှစ်တွင် ယာဘက်ခြမ်းမေးရိုးကျိုး ဦးခေါင်းနောက်စေ့ကျေ ယာဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ သေဆုံးခဲ့သည့် အသက်(19)နှစ်အရွယ် မိန်းခလေး(2)ဦး မှာ ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ရှိ တော့ပ်ဖောင်းအထည်ချုပ်စက်ရုံမှ တနင်္ဂနွေနေ့ စက်ရုံပိတ်ရက်မှာ အလည်လာကြတဲ့ စက်ရုံအလုပ်သမများ ဖြစ်ကြောင်း သိရပြီး ထိုသို့သေဆုံးမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့ မရဲစခန်းမှ သေမှုသေခင်းအမှတ်. 1/2019 နှင့် 2/2019တို့ဖြင့် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

နေနော်(မြဝတီ)