ဘဝကံၾကမၼာဆိုးကို ရင္ဆိုင္ရင္း မိဘကို လုပ္ေႂကြးေနေသာ သနားစရာ ေကာင္မေလး

0
700

(Zawgyi)

ဘဝကံၾကမၼာဆိုးကို ရင္ဆိုင္ရင္း မိဘကို လုပ္ေႂကြးေနေသာ သနားစရာ ေကာင္မေလး

ဒီကေလးမေလး အတိတ္က ကံၾကမၼာဝဋ္ေႂကြးပါတယ္လို႔ ဆိုရမွာပါပဲ အရမ္းဆင္းရဲတဲ့ မိသားစုေလးမွာ အႀကီးဆုံးသမီးေလးျဖစ္လာၿပီးေတာ့ သူ႔ေအာက္မွာ ေမာင္ညီမအငယ္ေလးေတြ ၃ ေယာက္ ရွိပါေသးတယ္ဆင္းရဲေပမယ့္ မိဘေမာင္ႏွမေတြနဲ႔အတူ ငယ္ဘဝေလးကေတာ့ ေပ်ာ္စရာေကာင္းခဲ့တာအမွန္ပါပဲ။

အရြယ္ေလးေရာက္လာေတာ့ မိဘေတြကို ကူညီတဲ့အေနနဲ႔ တဖက္တလမ္းက ထီလက္မွတ္ေတြကို လမ္းေပၚမွာ ေနရာအႏွံ့ေလၽွာက္ေရာင္းပါတယ္။

သူမ အသက္ ၁၈ ႏွစ္အရြယ္ အပ်ိဳႀကီးဖားဖား ျဖစ္လာတဲ့ အခ်ိန္မွာေတာ့ မေမၽွာ္လင့္တဲ့ ကံၾကမၼာဆိုးက သူ႔ဆီကို ေရာက္လာခဲ့ပါတယ္ ဘာျဖစ္မွန္းမသိပဲ ေကာင္မေလးရဲ့ ဗိုက္ဟာ တစ္ျဖည္းျဖည္းနဲ႔ တစ္ေန႔တျခား ႀကီးလာပါတယ္ ဒါကိုမဖုံးနိုင္မဖိနိုင္ေတာ့လို႔ လူေတြျမင္သြားတဲ့အခါ ပတ္ဝန္းက်င္က ေကာင္မေလး မိုက္လိုက္တာ ငယ္ငယ္ေလးနဲ႔ ကိုယ္ဝန္ရွိေနတယ္လို႔ စြပ္စြဲၾကသလို မိဘေတြခမ်ာလည္း ရင္က်ိဳးရတာေပါ့။

ဒါေပမယ့္ သူမကေတာ့ ဘာျဖစ္မွန္းကို မသိပါဘူး ကိုယ္ဝန္မဟုတ္တာေတာ့ ေသခ်ာတယ္လို႔ အႀကိမ္ႀကိမ္ ရွင္းျပမွ မိဘေတြက ေဆး႐ုံေခၚၿပီးသြားျပခဲ့ပါတယ္။ အဲဒီအခါက်မွ အျဖစ္မွန္ေပၚလာခဲ့ပါတယ္။

ေကာင္မေလးရဲ့ ဗိုက္ဟာ ေရဖ်ဥ္းစြဲသလို ပုံသ႑န္ရွိၿပီး ေသြးဥေတြထဲမွာ ေရအိတ္ေတြရွိေနတယ္လို႔ ဆရာဝန္ေတြက အေျဖထုတ္နိုင္ခဲ့ပါတယ္။ သူမဟာ ဗိုက္တင္မကပဲ လက္ေတြကပါ ေဖာေယာင္ျပည့္ေဖာင္းေနပါတယ္။

လက္ေတြက ေယာင္လိုက္လာေပမယ့္ ေျခေထာက္ေတြက ေသးက်ဳံ႕သြားပါတယ္ ဒီေဝဒနာကို ကုသဖို႔စရိတ္ဆိုတာ သူ႔ရဲ့မိသားစု စီးပြားေရးအေျခအေနနဲ႔ အိမ္မက္ေတာင္ မမက္နိုင္ပါဘူး လက္ရွိအေျခအေနမွာေတာ့ အခုလို ပူေဖာင္းေနတဲ့ ဗိုက္ႀကီးနဲ႔ အရင္လိုပဲ တစ္ေနရာကေန တစ္ေနရာသြားၿပီး မိသားစု စားဝတ္ေနေရးအတြက္ ထီလက္မွတ္ေတြ လိုက္လံေရာင္းခ်ေနရဆဲျဖစ္ပါတယ္။

ဒီအေၾကာင္းကို အြန္လိုင္းေပၚမွာ ဓါတ္ပုံေတြနဲ႔တကြ ေဖာ္ျပတဲ့အခါ ျပန္လည္ေဝမၽွသူေတြ စိတ္မေကာင္းျဖစ္ၾကသူေတြ မ်ားစြာရွိၾကၿပီး ေကာင္မေလးကို ကူညီကယ္တင္နိုင္မယ့္ အလွူရွင္ ေပၚလာပါေစလို႔ ဆုေတာင္းေပးလၽွက္ရွိပါတယ္။

Credit – popolay

(Unicode)

ဘဝကံကြမ္မာဆိုးကို ရင်ဆိုင်ရင်း မိဘကို လုပ်ကြွေးနေသော သနားစရာ ကောင်မလေး

ဒီကလေးမလေး အတိတ်က ကံကြမ္မာဝဋ်ကြွေးပါတယ်လို့ ဆိုရမှာပါပဲ အရမ်းဆင်းရဲတဲ့ မိသားစုလေးမှာ အကြီးဆုံးသမီးလေးဖြစ်လာပြီးတော့ သူ့အောက်မှာ မောင်ညီမအငယ်လေးတွေ ၃ ယောက် ရှိပါသေးတယ်ဆင်းရဲပေမယ့် မိဘမောင်နှမတွေနဲ့အတူ ငယ်ဘဝလေးကတော့ ပျော်စရာကောင်းခဲ့တာအမှန်ပါပဲ။

အရွယ်လေးရောက်လာတော့ မိဘတွေကို ကူညီတဲ့အနေနဲ့ တဖက်တလမ်းက ထီလက်မှတ်တွေကို လမ်းပေါ်မှာ နေရာအနှံ့လျှောက်ရောင်းပါတယ်။

သူမ အသက် ၁၈ နှစ်အရွယ် အပျိုကြီးဖားဖား ဖြစ်လာတဲ့ အချိန်မှာတော့ မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက သူ့ဆီကို ရောက်လာခဲ့ပါတယ် ဘာဖြစ်မှန်းမသိပဲ ကောင်မလေးရဲ့ ဗိုက်ဟာ တစ်ဖြည်းဖြည်းနဲ့ တစ်နေ့တခြား ကြီးလာပါတယ် ဒါကိုမဖုံးနိုင်မဖိနိုင်တော့လို့ လူတွေမြင်သွားတဲ့အခါ ပတ်ဝန်းကျင်က ကောင်မလေး မိုက်လိုက်တာ ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရှိနေတယ်လို့ စွပ်စွဲကြသလို မိဘတွေခမျာလည်း ရင်ကျိုးရတာပေါ့။

ဒါပေမယ့် သူမကတော့ ဘာဖြစ်မှန်းကို မသိပါဘူး ကိုယ်ဝန်မဟုတ်တာတော့ သေချာတယ်လို့ အကြိမ်ကြိမ် ရှင်းပြမှ မိဘတွေက ဆေးရုံခေါ်ပြီးသွားပြခဲ့ပါတယ်။ အဲဒီအခါကျမှ အဖြစ်မှန်ပေါ်လာခဲ့ပါတယ်။

ကောင်မလေးရဲ့ ဗိုက်ဟာ ရေဖျဉ်းစွဲသလို ပုံသဏ္ဍန်ရှိပြီး သွေးဥတွေထဲမှာ ရေအိတ်တွေရှိနေတယ်လို့ ဆရာဝန်တွေက အဖြေထုတ်နိုင်ခဲ့ပါတယ်။ သူမဟာ ဗိုက်တင်မကပဲ လက်တွေကပါ ဖောယောင်ပြည့်ဖောင်းနေပါတယ်။

လက်တွေက ယောင်လိုက်လာပေမယ့် ခြေထောက်တွေက သေးကျုံ့သွားပါတယ် ဒီဝေဒနာကို ကုသဖို့စရိတ်ဆိုတာ သူ့ရဲ့မိသားစု စီးပွားရေးအခြေအနေနဲ့ အိမ်မက်တောင် မမက်နိုင်ပါဘူး လက်ရှိအခြေအနေမှာတော့ အခုလို ပူဖောင်းနေတဲ့ ဗိုက်ကြီးနဲ့ အရင်လိုပဲ တစ်နေရာကနေ တစ်နေရာသွားပြီး မိသားစု စားဝတ်နေရေးအတွက် ထီလက်မှတ်တွေ လိုက်လံရောင်းချနေရဆဲဖြစ်ပါတယ်။

ဒီအကြောင်းကို အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြတဲ့အခါ ပြန်လည်ဝေမျှသူတွေ စိတ်မကောင်းဖြစ်ကြသူတွေ များစွာရှိကြပြီး ကောင်မလေးကို ကူညီကယ်တင်နိုင်မယ့် အလှူရှင် ပေါ်လာပါစေလို့ ဆုတောင်းပေးလျှက်ရှိပါတယ်။

Credit – popolay

LEAVE A REPLY

Please enter your comment!
Please enter your name here