မႏၲေလးမွာ အသက္မျပည့္ေသးတဲ့ မိန္းကေလးကို အဓမၼျပဳက်င့္မႈျဖင့္ ရဲအလိုရွိေနသည့္ နယ္ထိန္းကို ဖမ္းမိၿပီ

0
646

(Zawgyi)

မႏၲေလးမွာ အသက္မျပည့္ေသးတဲ့ မိန္းကေလးကို အဓမၼျပဳက်င့္မႈျဖင့္ ရဲအလိုရွိေနသည့္ နယ္ထိန္းကို ဖမ္းမိၿပီ

မႏၲေလးတြင္ အသက္ ၁၅ ႏွစ္ အရြယ္ မိန္းကေလး တဦးကို အဓမၼျပဳက်င့္မႈျဖင့္ ရဲတပ္ဖြဲ႕က အလိုရွိေနသည့္ နယ္ထိန္း တဦးကို ဖမ္းဆီးလိုက္ၿပီ ျဖစ္ေၾကာင္း မႏၲေလးခရိုင္ ရဲတပ္ဖြဲ႕က ဧရာဝတီသို႔ အတည္ျပဳ ေျပာဆိုသည္။

မႏၲေလးခရိုင္ ရဲတပ္ဖြဲ႕မွ ခရိုင္ရဲတပ္ဖြဲ႕မွုး ဒုတိယ ရဲမွုးႀကီး မ်ိဳးေအာင္ က “ ဖမ္းမိတာမွန္ပါတယ္ ဘယ္လို အေရးယူ မလဲ ဆိုရင္ေတာ့ သူ႔ကို အမႈဖြင့္ ထားတာ ျဖစ္တဲ့ အတြက္ အဲဒီအတိုင္း အေရးယူသြားမယ္။ ေနာက္ၿပီး ရဲစည္းကမ္း အရလည္း အေရးယူ သြားမယ္ ။ သူ႔ကို အျမန္လမ္းေပၚ ဒိုက္ဦး အပိုင္ထဲမွာ ဖမ္းမိခဲ့တာပါ” ဟု ေျပာသည္။

မုဒိမ္းမွုျဖင့္ ရဲက ဖမ္းဆီးလိုက္သူမွာ မႏၲေလးခရိုင္ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ ၇ နယ္ေျမရဲစခန္းမွ ရဲဒုတပ္ၾကပ္ ေတဇာေအာင္ျဖစ္ၿပီး မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာေအာင္ေၿမ အေနာက္ရပ္ကြက္၏ အပိုင္နယ္ထိန္း တာဝန္ ထမ္းေဆာင္ေနသူ ျဖစ္ေၾကာင္း သိရသည္။

နယ္ထိန္း ရဲဒုတပ္ၾကပ္ ေတဇာေအာင္သည္ မုဒိမ္းမႈ က်ဴးလြန္ခဲ့သည္ ဆိုေသာ ဇန္နဝါရီလ ၂၂ ရက္ေန႔ ကတည္းကပင္ ေပ်ာက္ဆုံးေနျခင္း ျဖစ္ၿပီး ၎ကို ဇန္နဝါရီလ ၂၅ ရက္ေန႔ ညပိုင္းက ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္ ၆၆/၆ ဒိုက္ဦး ရဲစခန္း အပိုင္တြင္ ဖမ္းမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္ ။

အိမ္ေထာင္ရွိ သူလည္း ျဖစ္သည့္ ရဲဒုတပ္ၾကပ္ ေတဇေအာင္ သည္ မဟာေအာင္ေၿမ ၿမိဳ႕နယ္ရွိ အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလး တဦးကို တည္းခိုခန္းတြင္ ေခၚ၍ သားမယား ျပဳက်င့္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္ ။

တည္ဆဲ ဥပေဒ ျပဌာန္းခ်က္မ်ား အရ အသက္ ၁၆ ႏွစ္ မျပည့္ေသးသည့္ မိန္းကေလးႏွင့္ ကာမ စပ္ယွက္လၽွင္ အလိုအေလ်ာက္ မုဒိမ္းမႈ ေျမာက္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ နယ္ထိန္း ရဲဒုတပ္ၾကပ္ ေတဇာေအာင္အား အမွတ္ (၇) နယ္ေျမရဲစခန္းက (ပ) ၆၂/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ- ၃၇၆/၃၆၃ တို႔ျဖင့္ အမႈဖြင့္ ထားၿပီး ဥပေဒ အႀကံျပဳခ်က္ ေတာင္းခံကာ အျမန္ဆုံး တရားစြဲ တင္ပို႔ႏုိင္ရန္ လုပ္ေဆာင္ သြားမည္ဟု သိရသည္ ။

Credit – Irrawaddy

(Unicode)

မန္တလေးမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ရဲအလိုရှိနေသည့် နယ်ထိန်းကို ဖမ်းမိပြီ

မန္တလေးတွင် အသက် ၁၅ နှစ် အရွယ် မိန်းကလေး တဦးကို အဓမ္မပြုကျင့်မှုဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသည့် နယ်ထိန်း တဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး မျိုးအောင် က “ ဖမ်းမိတာမှန်ပါတယ် ဘယ်လို အရေးယူ မလဲ ဆိုရင်တော့ သူ့ကို အမှုဖွင့် ထားတာ ဖြစ်တဲ့ အတွက် အဲဒီအတိုင်း အရေးယူသွားမယ်။ နောက်ပြီး ရဲစည်းကမ်း အရလည်း အရေးယူ သွားမယ် ။ သူ့ကို အမြန်လမ်းပေါ် ဒိုက်ဦး အပိုင်ထဲမှာ ဖမ်းမိခဲ့တာပါ” ဟု ပြောသည်။

မုဒိမ်းမှုဖြင့် ရဲက ဖမ်းဆီးလိုက်သူမှာ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် တေဇာအောင်ဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၏ အပိုင်နယ်ထိန်း တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

နယ်ထိန်း ရဲဒုတပ်ကြပ် တေဇာအောင်သည် မုဒိမ်းမှု ကျူးလွန်ခဲ့သည် ဆိုသော ဇန်နဝါရီလ ၂၂ ရက်နေ့ ကတည်းကပင် ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ၎င်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၆၆/၆ ဒိုက်ဦး ရဲစခန်း အပိုင်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

အိမ်ထောင်ရှိ သူလည်း ဖြစ်သည့် ရဲဒုတပ်ကြပ် တေဇအောင် သည် မဟာအောင်မြေ မြို့နယ်ရှိ အသက် ၁၅ နှစ်အရွယ် မိန်းကလေး တဦးကို တည်းခိုခန်းတွင် ခေါ်၍ သားမယား ပြုကျင့် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

တည်ဆဲ ဥပဒေ ပြဌာန်းချက်များ အရ အသက် ၁၆ နှစ် မပြည့်သေးသည့် မိန်းကလေးနှင့် ကာမ စပ်ယှက်လျှင် အလိုအလျောက် မုဒိမ်းမှု မြောက်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ထိန်း ရဲဒုတပ်ကြပ် တေဇာအောင်အား အမှတ် (၇) နယ်မြေရဲစခန်းက (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၇၆/၃၆၃ တို့ဖြင့် အမှုဖွင့် ထားပြီး ဥပဒေ အကြံပြုချက် တောင်းခံကာ အမြန်ဆုံး တရားစွဲ တင်ပို့နိုင်ရန် လုပ်ဆောင် သွားမည်ဟု သိရသည် ။

Credit – Irrawaddy