0
723
(Zawgyi)
(Unicode)
လားရှိုးကနေ မန္တလေးကအစ်မဆီ လာတောင်းရင်း စားရိတ် ပြတ်သွားတဲ့ သားအမိရဲ့ အဖြစ်
အိမ်လခ တလ တသောင်းခွဲကို မပေးနိုင်လို့ လားရှိုးကနေ မန္တလေးက အစ်မဆီလာတောင်းရင်း စားရိတ် ပြတ်သွားတဲ့ သားအမိ
မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေး အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) မှ ညီမ ဥမ္မာမှ ဖုန်းဆက် လာပါတယ်။`ကိုဝမ်း လားရှိုးပြန်မယ့် သားအမိနှစ်ယောက် ပြန်ဖို့ စားရိတ်မရှိ လို့ ကူညီပေး ပါဦး ရထားနဲ့ ပြန်ချင် တာတဲ့ ’ ` အာဆို ဘူတာကြီးကို လာခဲ့လေ ’ ပြောပြီး ဘူတာကို ပြေးရ ပြန်ပါတယ် ။
ဖြစ်ပုံက မနီလာမြင့်က လားရှိုးမြို့ ဘူတာအရှေ့ဖက်၊ ရပ်ကွက် (၉)၊ နယ်မြေ ( ၁ ) မှာ နေထိုင် ပါတယ်။ ခင်ပွန်း ဖြစ်သူက မူဆယ်မြို့ကို သွားပြီး ပန်းရံ သွားလုပ်စဉ် အဆက်အသွယ် မရတော့။ ကလေး ၃ ယောက်နဲ့ ရရာ အလုပ် လုပ်ပေမယ့် အဆင်မပြေတော့ အိမ်လခ နှစ်လစာ သုံးသောင်း ကျပ်ကို မပေးနိုင် ပါဘူး ။
ဒီမှာတင် အိမ်ရှင်က ဇွတ်တောင်း လာလို့ မန္တလေးက ညီမဆီ ငွေကြေး အကူအညီ တောင်းဖို့ သားနှစ်ယောက်ကို အိမ်ရှင်ဆီ အပ်ခဲ့ပြီး လသား ကလေးကို ရင်ခွင်ပိုက်လို့ မန္တလေး လာခဲ့ ပါတယ် ။
မန္တလေး ရောက်တော့ ညီမ ဖြစ်သူကိုလဲ ရှာမရ စားရိတ်ကလဲ ပြတ်နဲ့ ဒုက္ခရောက်နေ ပါတော့တယ် ။ ဒာဲ့ဒါကြောင့် မီးရထား ရဲတပ်ဖွဲ့မှ ကိုစိန်ဝင်းကို အကူအညီ တောင်းပြီး ရထား လက်မှတ် ဝယ်ပေးလိုက် ပါတယ် ။
ဘူတာမှ ာညအိပ်ဖို့ အခင်း၊စောင်တွေ ဝယ်ပေးပြီး အိမ်လခလဲ ပေးရန် အလှုငွေ ငါးသောင်းကျပ် ပေးလှုခဲ့ ပါတယ် ။ ဝိုင်းတော်သား စတိတ်ခုံကို ကျော်စွာထွန်းမှ လှုဒါန်းခြင်း ဖြစ်ပါသည်။
ONE TO ONE ပြည်သူ့ကူညီရေး / ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈ မန္တလေးမြို့
LEAVE A REPLY
Please enter your comment!
Please enter your name here