ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသူကုိ အသြင္ယူ ေစလႊတ္ထားသူမ်ားနဲ႔ ေပ်ာ္ပါးေနစဥ္ ဝင္ေရာက္ဖမ္းဆီး

0
1106

(Zawgyi)

ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသူကုိ အသြင္ယူ ေစလႊတ္ထားသူမ်ားနဲ႔ ေပ်ာ္ပါးေနစဥ္ ဝင္ေရာက္ဖမ္းဆီး

ေနအိမ္တြင္ ျပည့္တန္ဆာ လုပ္ငန္း လုပ္ကိုင္သူမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိ ။ ဇန္နဝါရီ (၂၅) ေရႊေမာင္ေမာင္ (မိတီၱလာ) ။ မႏၲေလးတိုင္း ေဒသၾကီး သာစည္ျမိဳ႕နယ္ က်ြဲတပ္ဆံု ေက်းရြာတြင္ ေနအိမ္ျခံဝန္းအတြင္း ျပည့္တန္ဆာ လုပ္ငန္း လုပ္ကိုင္သူ အိမ္ရွင္ႏွင့္ ဧည့္ၾကိဳ အခေၾကးေငြ ေကာက္ခံသူ တို႔အား ေဖာ္ထုတ္ ဖမ္းဆီးရမိ ခဲ႔ေၾကာင္း စံုစမ္း သိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ (၂၄) ရက္ေန႔ ညေန (၄း၁၅) အခိိ်န္ခန္႔ ခရိုင္ မွဳခင္းႏွိမ္နင္းေရး ဌာနစိပ္ ဒုရဲအုပ္လွမ်ိဳးသူ သာစည္ျမိဳ႔ မရဲစခန္းနယ္ထိန္း ဒုရဲအုပ္ျဖိဳး ေက်ာ္ခိုင္ႏွင့္ တပ္ဖြဲ႔ဝင္မ်ားပူးေပါင္း၍ သက္ေသမ်ားႏွင့္ အတူ သတင္းအရ သာစည္ျမိဳ႔နယ္ က်ြဲတပ္ဆံု ေက်းရြာေန မဝါ (ခ) စန္းစန္းေမာ္ ေနအိမ္တြင္ ျပည့္တန္ဆာ လုပ္ငန္း လုပ္ကိုင္ေနေၾကာင္း သတင္းအရ ခရိုင္ရဲတပ္ဖြဲ႔မွဴ း၏ ရွာေဖြ ဖမ္းဆီးခြင့္ ဝရမ္း အမွတ္ (၁/၂၀၁၉)ျဖင့္ ဝင္ေရာက္ ရွာေဖြ စစ္ေဆးရာ

ေနအိမ္ျခံဝန္းအတြင္း၌ မဝါ(ခ) စန္းစန္းေမာ္ႏွင့္ အတူ ဧည့္ၾကိဳ အခေၾကးေငြ ေကာက္ခံ ေပးသူ ေအာင္ကိုဝင္း ေဇာ္ေဇာ္ဦးတို႔အား ေတြ႔ရွိရျပီး ျပည့္တန္ဆာ လုပ္ငန္း လုပ္ကိုင္ရန္ ေဆာက္လုပ္ထားသည့္ အခန္းမ်ား အတြင္ းမနီနီ မႏွင္းႏွင္း တို႔အား ျပည့္တန္ဆာႏွင့္ ေပ်ာ္ပါးရန္ အသြင္ယူ ေစလႊတ္ ထားသူတို႔ႏွင့္ အတူ ျပည့္တန္ဆာ အလို႔ငွာ ေပ်ာ္ပါးေနစဥ္ ေတြ႔ရွိကာ

မမိုးမိုးအား ျပည့္တန္ဆာ အလို႔ငွာ ေပ်ာ္ပါးရန္ ေစာင့္ဆိုင္းေနသည္ကို ေတြ႔ရွိရျပီး ၾကိဳတင္ လက္မွတ္ ေရးထိုးမိတၱဳဴ ကူးယူထားေသာ ေငြစကၠဴ တစ္ေသာင္းတန္ (၁) ရြက္ ငါးေထာင္တန္ (၃) ရြက္ႏွင့္ အခန္းဝင္ အၾကိမ္ နာရီ အခိ်န္မ်ား ေရးမွတ္ထားေသာ စာအုပ္ (၂) အုပ္တို႔ကို အခေၾကးေငြ လက္ခံ ရယုူခြဲေဝေပးသူ ေအာင္ကိုဝင္း ေဇာ္ေဇာ္ဦး တို႔ႏွင့္ အတူ ေတြ႔ရွိခဲ႔ေၾကာင္း သိရသည္ ။

စစ္ေဆး ေတြ႔ရွိခ်က္မ်ား အရ ေနအိမ္ျခံဝန္းအတြင္း အခန္းမ်ား ေဆာက္လုပ္၍ အခေၾကးေငြ ရယူျပီးျပည့္တန္ဆာ လုပ္ငန္းျဖင့္ အသက္ေမြး ဝမ္းေၾကာင္း ျပဳသူုမ်ား ထားရွ္ိကာ ျပည့္တန္ဆာ လုပ္ငန္းလုပ္ကိုင္သူ မဝါ(ခ) စန္းစန္းေမာ္ (၄၅) ႏွစ္ က်ြဲတပ္ဆံုေက်းရြာ သာစည္ျမိဳ႔ နယ္ ေနသူႏွင့္ ဧည့္ၾကိဳျပီး အခေၾကးေငြ လက္ခံရယူကာ

မွတ္တမ္းစာအုပ္ ေငြေၾကူမ်ားႏွင့္ ေတြ႔ရွိသူ ေအာင္ကိုဝင္း (၂၇) ႏွစ္ ယုဇနဥယ်ာဥ္ျမိဳ႕ ေတာ္ ရန္ကုန္ ေဇာ္ေဇာ္ဦး (၄၀) ႏွစ္ အုပ္က်င္းရြာ မိတီၱလာျမိဳ႕နယ္ေန သူတို႔အား ဒုရဲအုပ္လွမ်ိဳးသူ၏ တိုင္တန္းခ်က္အရ သာစည္ျမိဳ႔မ ရဲစခန္း(ပ)၂၄/၂၀၁၉ ျပည့္တန္ဆာ အက္ဥပေဒပုဒ္မ ၅(၁)/၈(ဂ)ျဖင့္ အမွဳဖြင့္ အေရးယူ ဖမ္းဆီး စစ္ေဆး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။ Media Top4 Photo-Internet

(Unicode)

ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူကို အသွင်ယူ စေလွှတ်ထားသူများနဲ့ ပျော်ပါးနေစဉ် ဝင်ရောက်ဖမ်းဆီး

နေအိမ်တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ ဖော်ထုတ်ဖမ်းဆီးရမိ ။ ဇန်နဝါရီ (၂၅) ရွှေမောင်မောင် (မိတ္တီလာ) ။ မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံ ကျေးရွာတွင် နေအိမ်ခြံဝန်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ အိမ်ရှင်နှင့် ဧည့်ကြို အခကြေးငွေ ကောက်ခံသူ တို့အား ဖော်ထုတ် ဖမ်းဆီးရမိ ခဲ့ကြောင်း စုံစမ်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ (၂၄) ရက်နေ့ ညနေ (၄း၁၅) အချိန်ခန့် ခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိပ် ဒုရဲအုပ်လှမျိုးသူ သာစည်မြို့ မရဲစခန်းနယ်ထိန်း ဒုရဲအုပ်ဖြိုး ကျော်ခိုင်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ သက်သေများနှင့် အတူ သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံ ကျေးရွာနေ မဝါ (ခ) စန်းစန်းမော် နေအိမ်တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ ခရိုင်ရဲတပ်ဖွဲ့မှူ း၏ ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်း အမှတ် (၁/၂၀၁၉)ဖြင့် ဝင်ရောက် ရှာဖွေ စစ်ဆေးရာ

နေအိမ်ခြံဝန်းအတွင်း၌ မဝါ(ခ) စန်းစန်းမော်နှင့် အတူ ဧည့်ကြို အခကြေးငွေ ကောက်ခံ ပေးသူ အောင်ကိုဝင်း ဇော်ဇော်ဦးတို့အား တွေ့ရှိရပြီး ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် ဆောက်လုပ်ထားသည့် အခန်းများ အတွင် းမနီနီ မနှင်းနှင်း တို့အား ပြည့်တန်ဆာနှင့် ပျော်ပါးရန် အသွင်ယူ စေလွှတ် ထားသူတို့နှင့် အတူ ပြည့်တန်ဆာ အလို့ငှာ ပျော်ပါးနေစဉ် တွေ့ရှိကာ

မမိုးမိုးအား ပြည့်တန်ဆာ အလို့ငှာ ပျော်ပါးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရှိရပြီး ကြိုတင် လက်မှတ် ရေးထိုးမိတ္တုူ ကူးယူထားသော ငွေစက္ကူ တစ်သောင်းတန် (၁) ရွက် ငါးထောင်တန် (၃) ရွက်နှင့် အခန်းဝင် အကြိမ် နာရီ အချိန်များ ရေးမှတ်ထားသော စာအုပ် (၂) အုပ်တို့ကို အခကြေးငွေ လက်ခံ ရယုူခွဲဝေပေးသူ အောင်ကိုဝင်း ဇော်ဇော်ဦး တို့နှင့် အတူ တွေ့ရှိခဲ့ကြောင်း သိရသည် ။

စစ်ဆေး တွေ့ရှိချက်များ အရ နေအိမ်ခြံဝန်းအတွင်း အခန်းများ ဆောက်လုပ်၍ အခကြေးငွေ ရယူပြီးပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်း ပြုသူုများ ထားရှိကာ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ မဝါ(ခ) စန်းစန်းမော် (၄၅) နှစ် ကျွဲတပ်ဆုံကျေးရွာ သာစည်မြို့ နယ် နေသူနှင့် ဧည့်ကြိုပြီး အခကြေးငွေ လက်ခံရယူကာ

မှတ်တမ်းစာအုပ် ငွေကြေူများနှင့် တွေ့ရှိသူ အောင်ကိုဝင်း (၂၇) နှစ် ယုဇနဥယျာဉ်မြို့ တော် ရန်ကုန် ဇော်ဇော်ဦး (၄၀) နှစ် အုပ်ကျင်းရွာ မိတ္တီလာမြို့နယ်နေ သူတို့အား ဒုရဲအုပ်လှမျိုးသူ၏ တိုင်တန်းချက်အရ သာစည်မြို့မ ရဲစခန်း(ပ)၂၄/၂၀၁၉ ပြည့်တန်ဆာ အက်ဥပဒေပုဒ်မ ၅(၁)/၈(ဂ)ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ Media Top4 Photo-Internet