
0
655

(Zawgyi)





crd 7 day

(Unicode)

ထိုင်းမှာ မူးယစ်ဆေးမှု၊ ငွေကြေးခဝါချမှု တွေနဲ့ မြန်မာနိုင်ငံသူ အမျိုသမီးကို သေဒဏ်ချ

ထိုင်းနိုင်ငံတွင် မူးယစ်ဆေး ရောင်းဝယ် ဖြန့်ဖြူးမှု၊ ငွေကြေး ခဝါချမှု တို့ဖြင့် တရားစွဲဆို ခံထားရသည့် မြန်မာ နိုင်ငံသား အသက် ၄၃ နှစ် အရွယ် ဒေါ်မြင့်သိန်းအေး ကို ဘန်ကောက်မြို့ တရားရုံးက ယမန်နေ့တွင် သေဒဏ် အမိန့် ချမှတ် လိုက်သည် ။

” တာချီလိတ်မြို့က အမျိုးသမီး လို့ သိရ ပါတယ်။ သူက မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး ရတဲ့ ငွေတွေကို ငွေမဲ ကနေ ငွေဖြူ ဖြစ်အောင် လုပ်တယ် လို့ ထိုင်း တရားသူကြီးက သုံးသပ် တာပေါ့ ။ ထိုင်းမှာက အဲလို အမှုတွေ ဆို သေဒဏ် ပေးတာ ဖြစ်တယ် ” ဟု ဘန်ကောက် မြို့ရှိ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF အဖွဲ့၏ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည် ။

ထိုင်း ရဲတပ်ဖွဲ့ သည် ဒေါ်မြင့်သိန်းအေးကို ၂၀၁၆ ကတည်း က လိုက်လံ စုံစမ်း ထောက်လှမ်း ခဲ့ပြီး ၂၀၁၇ နိုဝင်ဘာလတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထားသည် ။

crd 7 day
သတင်း – ငြိမ်းချမ်း ၊ ဓာတ်ပုံ – Khaosod news

LEAVE A REPLY

Please enter your comment!
Please enter your name here