အသက္ ၁ ႏွစ္ ၄ လ အရြယ္ မယားပါ သမီးကို အဓမၼ ျပဳက်င့္ရန္ ႀကံစည္ေသာ တရားခံကို ဖမ္းဆီး

0
651

(Zawgyi)

အသက္ ၁ ႏွစ္ ၄ လ အရြယ္ မယားပါ သမီးကို အဓမၼ ျပဳက်င့္ရန္ ႀကံစည္ေသာ တရားခံကို ဖမ္းဆီး

စစ္ကိုင္းတိုင္း ေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၌ အသက္ ၁ နွစ္ေက်ာ္သာ ရွိေသာ မယားပါ သမီးအား ပေထြးျဖစ္သူ ကအဓမၼ ျပဳက်င့္ၾကံစည္မႈ ျဖစ္စဥ္ တစ္ခုကို အေရးယူထား ခဲ့ေၾကာင္း ေမာင္းကုန္း နယ္ေျမရဲကင္းစခန္း ထံမွ သိရသည္ ။

ျဖစ္စဥ္မွာ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ေမာင္းကုန္း ေက်းရြာတြင္ ေနထိုင္ေသာ မ——-၃၄ ႏွစ္သည္ ဇန္န၀ါရီလ ၂၄ ရက္၊ ညေနပိုင္းအခ်ိန္က ၿမိဳ႕မရဲစခန္းသို႔ ေရာက္လာကာ သူမ၏ အသက္ ၁ ႏွစ္ ၄ လသမီးကို ေနာက္လင္ အျဖစ္ ယူထားေသာ ဇြဲေနာင္စိုး (၃၀) ႏွစ္က အဓမၼျပဳက်င့္ရန္ ၾကံစည္ေနသည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေရးယူေပးပါရန္ အမႈဖြင့္ တိုင္ၾကားျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

တရားလိုသည္ ပထမအိမ္ေထာင္ ႏွင့္ လက္ရွိ သမီးေလးတစ္ဦး ထြန္းကားခဲ့ၿပီး ေနာက္ ကြဲေနသူျဖစ္ေၾကာင္း၊ လြန္ခဲ့သည့္ ၅ လ ေက်ာ္က ၎ပိုင္ကားကို ေရာင္းခ်ရန္ အလို႔ငွာ အြန္လိုင္းသို႔ တင္ခဲ့ရာ၌ ကားပြဲစား ဇြဲေနာင္စိုးက ဆက္သြယ္၍ ကူညီေပးခဲ့ရာမွ တစ္ဆင့္ ၿငိစြန္း၍ အတူ ေပါင္းသင္း ေနထိုင္ခဲ့ၾကျခင္း ျဖစ္သည္ဟု ရဲတပ္ဖြဲ႔ထံမွ သိရသည္ ။

“ အခင္းျဖစ္တဲ့ ေန႔က ဇန္န၀ါရီလ ၂၁ ရက္ေန႔၊ ည ၁၀ နာရီ အခ်ိန္ေလာက္မွာ တရားလိုက အျပင္ကိုမုန္႔သြား ၀ယ္ေနရင္း အိမ္ကို ျပန္လာတဲ့ အခါမွာ ဇြဲေနာင္စိုးက ကေလးရဲ႕ မိန္းမကိုယ္ေတြကို စမ္းသပ္ၿပီး အဓမၼျပဳက်င့္ဖို႔ ၾကံစည္ေနတာဗ် ာ။ ကေလးက အခုမွ ၁ ႏွစ္ေက်ာ္ ဘာနားလည္မွာလဲ ။ တကယ္လုပ္လိုက္ရင္ ေသဖို႔ပဲ ရွိတယ္။ တရားခံက ပံုမွန္လူေကာင္းပါပဲ နဂိုကတည္းက ဇ ရွိပံုရတယ္။ မိန္းမေတြလည္း အမ်ားႀကီးပဲ။ ကားပြဲစား ဆိုေတာ့ ေတာ့ကီ ကလည္း ေကာင္းသလားမေမးနဲ႔ ” ဟု ေမာင္းကုန္း ရဲကင္း စခန္းမွဴး ရဲအုပ္စိုးလင္းက အကုန္သိ သတင္းဌာနသို႔ ေျပာသည္ ။

အခင္းျဖစ္ၿပီးေနာက္ ၃ ရက္အၾကာတြင္မွ တိုင္ၾကားရျခင္းမွာ တရားခံက အမႈဖြင့္ တိုင္ၾကားမည္ စိုးေသာေၾကာင့္ အလြတ္ မေပးခဲ့သျဖင့္ ဇန္န၀ါရီလ ၂၄ ရက္၊ ညေနပိုင္း အခ်ိန္မွသာ အိမ္နီးခ်င္းမ်ား၏ ကူညီ ေဆာင္ရြက္ေပးမႈျဖင့္ တိုင္ၾကား အမႈဖြင့္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ ဒီေကာင္က လူလည္ဗ်။သူ႔ကို တိုင္ၾကားမွာကို ႀကိဳသိေနတဲ့အတြက္ ၿခိမ္းေျခာက္ ေျပာဆိုမႈေတြလည္းလုပ္ထားတဲ့အျပင္ ပတ္၀န္းက်င္နဲ႔လည္း အဆက္အသြယ္ မရွိေအာင္ မ်က္လံုး ေတာက္ေလွ်ာက္နဲ႔ ေစာင့္ၾကည့္ေနတာဗ်။ ေနာက္ဆံုးမွာ ပတ္၀န္းက်င္ရဲ႕အကူအညီနဲ႔ အခုလို တိုင္ၾကားႏိုင္တဲ့ အျပင္ ကြ်န္ေတာ္တို႔ ရဲတပ္ဖြဲ႔ေတြ ကိုလည္း ပတ္၀န္းက်င္ နယ္ေျမခံေတြက ၀ိုင္းဖမ္းေပးခဲ့လို႔ ဖမ္းဆီးနိုင္ ခဲ့တာပါ။ဒီေန႔မွာေတာ့ ရမန္ယူၿပီးပါၿပီ ” ဟု ေမာင္းကုန္း ရဲကင္းစခန္းမွဴး ရဲအုပ္စိုးလင္းက ဆက္လက္ ေျပာဆိုသည္။

ယင္းအတြက္ေၾကာင့္ ျပစ္မႈက်ဴးလြန္ေသာ ဇြဲေနာင္စိုး(၃၀)ႏွစ္ (ကားအေရာင္းအ၀ယ္ လုပ္ကိုင္သူ)ကို ပုဒ္မ-၃၇၆/၅၁၁ ျဖင့္ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ထားကာ ယေန႔(ဇန္န၀ါရီလ ၂၅ ရက္)တြင္ ရံုးထုတ္ရမန္ရယူခဲ့ၿပီး တရားစြဲဆိုရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဒါးဇ (Akonthi)
ဓာတ္ပံု-ျမင့္လြင္(ကသာ)

(Unicode)

အသက် ၁ နှစ် ၄ လ အရွယ် မယားပါ သမီးကို အဓမ္မ ပြုကျင့်ရန် ကြံစည်သော တရားခံကို ဖမ်းဆီး

စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ်၌ အသက် ၁ နှစ်ကျော်သာ ရှိသော မယားပါ သမီးအား ပထွေးဖြစ်သူ ကအဓမ္မ ပြုကျင့်ကြံစည်မှု ဖြစ်စဉ် တစ်ခုကို အရေးယူထား ခဲ့ကြောင်း မောင်းကုန်း နယ်မြေရဲကင်းစခန်း ထံမှ သိရသည် ။

ဖြစ်စဉ်မှာ ထီးချိုင့်မြို့နယ်၊ မောင်းကုန်း ကျေးရွာတွင် နေထိုင်သော မ——-၃၄ နှစ်သည် ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်းအချိန်က မြို့မရဲစခန်းသို့ ရောက်လာကာ သူမ၏ အသက် ၁ နှစ် ၄ လသမီးကို နောက်လင် အဖြစ် ယူထားသော ဇွဲနောင်စိုး (၃၀) နှစ်က အဓမ္မပြုကျင့်ရန် ကြံစည်နေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူပေးပါရန် အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရားလိုသည် ပထမအိမ်ထောင် နှင့် လက်ရှိ သမီးလေးတစ်ဦး ထွန်းကားခဲ့ပြီး နောက် ကွဲနေသူဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၅ လ ကျော်က ၎င်းပိုင်ကားကို ရောင်းချရန် အလို့ငှာ အွန်လိုင်းသို့ တင်ခဲ့ရာ၌ ကားပွဲစား ဇွဲနောင်စိုးက ဆက်သွယ်၍ ကူညီပေးခဲ့ရာမှ တစ်ဆင့် ငြိစွန်း၍ အတူ ပေါင်းသင်း နေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည် ။

“ အခင်းဖြစ်တဲ့ နေ့က ဇန်နဝါရီလ ၂၁ ရက်နေ့၊ ည ၁၀ နာရီ အချိန်လောက်မှာ တရားလိုက အပြင်ကိုမုန့်သွား ဝယ်နေရင်း အိမ်ကို ပြန်လာတဲ့ အခါမှာ ဇွဲနောင်စိုးက ကလေးရဲ့ မိန်းမကိုယ်တွေကို စမ်းသပ်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်နေတာဗျ ာ။ ကလေးက အခုမှ ၁ နှစ်ကျော် ဘာနားလည်မှာလဲ ။ တကယ်လုပ်လိုက်ရင် သေဖို့ပဲ ရှိတယ်။ တရားခံက ပုံမှန်လူကောင်းပါပဲ နဂိုကတည်းက ဇ ရှိပုံရတယ်။ မိန်းမတွေလည်း အများကြီးပဲ။ ကားပွဲစား ဆိုတော့ တော့ကီ ကလည်း ကောင်းသလားမမေးနဲ့ ” ဟု မောင်းကုန်း ရဲကင်း စခန်းမှူး ရဲအုပ်စိုးလင်းက အကုန်သိ သတင်းဌာနသို့ ပြောသည် ။

အခင်းဖြစ်ပြီးနောက် ၃ ရက်အကြာတွင်မှ တိုင်ကြားရခြင်းမှာ တရားခံက အမှုဖွင့် တိုင်ကြားမည် စိုးသောကြောင့် အလွတ် မပေးခဲ့သဖြင့် ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်း အချိန်မှသာ အိမ်နီးချင်းများ၏ ကူညီ ဆောင်ရွက်ပေးမှုဖြင့် တိုင်ကြား အမှုဖွင့်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီကောင်က လူလည်ဗျ။သူ့ကို တိုင်ကြားမှာကို ကြိုသိနေတဲ့အတွက် ခြိမ်းခြောက် ပြောဆိုမှုတွေလည်းလုပ်ထားတဲ့အပြင် ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ် မရှိအောင် မျက်လုံး တောက်လျှောက်နဲ့ စောင့်ကြည့်နေတာဗျ။ နောက်ဆုံးမှာ ပတ်ဝန်းကျင်ရဲ့အကူအညီနဲ့ အခုလို တိုင်ကြားနိုင်တဲ့ အပြင် ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေ ကိုလည်း ပတ်ဝန်းကျင် နယ်မြေခံတွေက ဝိုင်းဖမ်းပေးခဲ့လို့ ဖမ်းဆီးနိုင် ခဲ့တာပါ။ဒီနေ့မှာတော့ ရမန်ယူပြီးပါပြီ ” ဟု မောင်းကုန်း ရဲကင်းစခန်းမှူး ရဲအုပ်စိုးလင်းက ဆက်လက် ပြောဆိုသည်။

ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သော ဇွဲနောင်စိုး(၃၀)နှစ် (ကားအရောင်းအဝယ် လုပ်ကိုင်သူ)ကို ပုဒ်မ-၃၇၆/၅၁၁ ဖြင့် ထီးချိုင့်မြို့မရဲစခန်း၌ အမှုဖွင့်ထားကာ ယနေ့(ဇန်နဝါရီလ ၂၅ ရက်)တွင် ရုံးထုတ်ရမန်ရယူခဲ့ပြီး တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဒါးဇ (Akonthi)
ဓာတ်ပုံ-မြင့်လွင်(ကသာ)

LEAVE A REPLY

Please enter your comment!
Please enter your name here