၈ ႏွစ္ အ႐ြယ္ မိန္းကေလးကို အဓမၼျပဳက်င့္ စြန႔္ပစ္သူကို ဖမ္းမိၿပီ

0
916

(Zawgyi)

မႏၱေလးမွာ အသက္ ရွစ္ႏွစ္ အရြယ္ မိန္းကေလးကို ေခၚေဆာင္သြားကာ အဓမၼျပဳက်င့္ၿပီး စြန္႕ပစ္ခဲ့သူ အမ်ိဳးသားကို ရပ္ေစာက္ၿမိဳ႕မွာ ဒီကေန႕ ညပိုင္း ရွစ္နာရီအခ်ိန္က ဖမ္းမိၿပီလို႕ မႏၱေလး ခရိုင္ရဲတပ္ဖြဲ႔မွဴး ၊ ဒုရဲမွဴးႀကီး မ်ိဳးေအာင္က ေျပာပါတယ္ ။

အခင္းျဖစ္စဥ္ ကေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၄ ရက္က ျဖစ္ခဲ့တာပါ ။ ရွစ္ႏွစ္ အရြယ္ မိန္းကေလးဟာ စက္ဘီးနဲ႕ မုန္႕သြားဝယ္ ခ်ိန္မွာ ေပ်ာက္ဆုံး သြားတာ ျဖစ္ၿပီး လုိက္လံ ရွာေဖြရာ မွာေတာ့ ေနာက္တစ္ေန႕ မနက္ပိုင္း မွာ မႏၱေလး − ျပင္ဦးလြင္ အတက္ လမ္းအနီး ေတာလမ္းမွာ ျပန္လည္ ေတြ႕ရိွခဲ့ ရတာ ျဖစ္ပါတယ္ ။

 

ျပန္လည္ ေတြ႕ရိွခ်ိန္ မွာေတာ့ အဓမၼျပဳက်င့္ ခံရသည့္ လကၡဏာ ေတြကို ေတြ႕ရိွခဲ့ ရတယ္ လုိ႕ ရဲတပ္ဖြဲ႕ဆီက သိရပါတယ္ ။ က်ဳးလြန္သူကို မိဖို႕ စုံစမ္းရာမွာ မိန္းကေလး စက္ဘီးနဲ႕ မုန္႕သြားဝယ္ တဲ့လမ္းတေလွ်ာက္က စီစီတီဗီ မွတ္တမ္း ေတြကို လုိက္လံ စစ္ေဆးရာ မွာေတာ့ ဆုိင္ကယ္စီး အမ်ိဳးသား တစ္ဦးက ေခၚေဆာင္ သြားတာကို ေတြ႕ခဲ့ရ တာပါ ။

အဲဒီ အမ်ိဳးသားဟာ ထြက္ေျပး တိမ္ေရွာင္ေနစဥ္ ကာလ အတြင္း ပုဂံ ၊ မေကြးနဲ႕ ေခ်ာက္ ျမိဳ႕တို႕မွာ ဆိုင္ကယ္ ခိုးမႈေတြ ကိုလည္း က်ဳးလြန္ခဲ့ တယ္လုိ႕ ရဲတပ္ဖြဲ႕ဆီက သိရပါတယ္ ။ မိန္းကေလးငယ္ရဲ႕ ဖခင္ ျဖစ္သူက ျပစ္မႈ က်ဳးလြန္သူကို မုဒိမ္းမႈ ၊ ေသြးေဆာင္ ေခၚေဆာင္မႈ ၊အျပင္းအထန္ နာက်င္ေစမႈတို႕နဲ႕ အမႈ ဖြင့္ ထားပါတယ္ ။ crd သတင္း − ၿဖိဳးၿဖိဳးေဇာ္ 7 Day ZinMoe

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ အတြင္းက ျပင္ဦးလြင္ ခ႐ိုင္ ျပင္စာ ရဲစခန္း အပိုင္ အတြင္း (၈) ႏွစ္ အရြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္ ထိုးႀကိတ္ ႐ိုက္ႏွက္ စြန္႔ပစ္ ထားခဲ့ မႈမွ တရားခံအား cctv မွတ္တမ္းမ်ား ေနာက္ေၾကာင္း ရာဇဝင္မ်ားအား အေသးစိတ္ စံုစမ္း ေဆာင္ရြက္ခဲ့ ရာမွ မႏၲေလးခ႐ိုင္ မႈခင္း ႏွိမ္နင္းေရး ဌာနစိတ္မွ ရဲအုပ္ သူရေဌးမွ အမာခံ သတင္းေပး မ်ားျဖင့္ မ်က္ေျခ မျပတ္ အေသးစိတ္ စံုစမ္း ေဆာင္ရြက္ ခဲ့ရာ အဆိုပါ တရားခံ သီဟႏိုင္ (ခ) အေသးေလးမွာ ရွမ္းျပည္နယ္၊ ရပ္ေစာက္ၿမိဳ႕ႏွင့္ အနီး ဝန္းက်င္တြင္ လွည့္လည္ ခိုေအာင္း ေနေၾကာင္း သတင္း အခိုင္ အမာ ရရွိမႈ အေပၚ…

မႏၲေလး ခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးမ်ိဳးေအာင္၏ အနီးကပ္ ႀကီးၾကပ္မႈ၊ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးျမင့္ဦး၏ လမ္းၫႊန္မႈ တို႔ျဖင့္ သတင္းအတည္ျပဳ၍ ရဲအုပ္ သူရေဌး၊ ဒုရဲအုပ္ ေဇာ္မင္းၫႊန္႔ တို႔သည္ မိမိအမာခံ သတင္းေပး မ်ားျဖင့္ စံုစမ္း ေဆာင္ရြက္ခဲ့ရာ (၂၄.၁.၂၀၁၉) ရက္ေန႔ ည (၈) နာရီ အခ်ိန္ခန္႔တြင္ ရပ္ေဆာက္ၿမိဳ႕ရွိ ရပ္ေတာ္မႈ ဘုရား အနီးတြင္ ပုန္းေအာင္းေနေသာ တရားခံ သီဟႏိုင္အား ဖမ္းဆီး ရရွိခဲ့ေၾကာင္း သိရွိရ သျဖင့္ မႏၲေလးတိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၊ မႏၲေလးခ႐ိုင္ ရဲတပ္ဖြဲ႕မွဴးႏွင့္ စြမ္းစြမ္း တမံ ေဖာ္ထုတ္ ဖမ္းဆီးေပး ပါေသာ မႏၲေလး ခ႐ိုင္ မႈခင္း ႏွိမ္နင္းေရးဌာနစိတ္မွ ရဲအုပ္သူရေဌး ႏွင့္ ဒုရဲအုပ္ေဇာ္မင္းၫႊန္႔ တို႔အား ေလးစား ဂုဏ္ယူမိပါေၾကာင္း ျပည္သူ ခ်စ္ေသာ ျပည့္သူ႔ရဲတပ္ဖြဲ႕ဝင္ ေကာင္း မ်ားအား အစဥ္ေလးစားလွ်က္ပါ …

မႏၲလာေျမမွသတင္းစံု

(Unicode)

၈ နှစ် အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး စွန့်ပစ်သူကို ဖမ်းမိပြီ

မန္တလေးမှာ အသက် ရှစ်နှစ်အရွယ် မိန်းကလေးကို ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ပြီး စွန့်ပစ်ခဲ့သူ အမျိုးသားကို ရပ်စောက်မြို့မှာ ဒီကနေ့ ညပိုင်း ရှစ်နာရီအချိန်က ဖမ်းမိပြီလို့ မန္တလေး ခရိုင်ရဲတပ်ဖွဲ့ မှူး ၊ ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ် ။

အခင်းဖြစ်စဉ် ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က ဖြစ်ခဲ့တာပါ ။ ရှစ်နှစ် အရွယ် မိန်းကလေးဟာ စက်ဘီးနဲ့ မုန့်သွားဝယ် ချိန်မှာ ပျောက်ဆုံး သွားတာ ဖြစ်ပြီး လိုက်လံ ရှာဖွေရာ မှာတော့ နောက်တစ်နေ့ မနက်ပိုင်း မှာ မန္တလေး − ပြင်ဦးလွင် အတက် လမ်းအနီး တောလမ်းမှာ ပြန်လည် တွေ့ရှိခဲ့ ရတာ ဖြစ်ပါတယ် ။

ပြန်လည် တွေ့ရှိချိန် မှာတော့ အဓမ္မပြုကျင့် ခံရသည့် လက္ခဏာ တွေကို တွေ့ရှိခဲ့ ရတယ် လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ် ။ ကျုးလွန်သူကို မိဖို့ စုံစမ်းရာမှာ မိန်းကလေး စက်ဘီးနဲ့ မုန့်သွားဝယ် တဲ့လမ်းတလျှောက်က စီစီတီဗီ မှတ်တမ်း တွေကို လိုက်လံ စစ်ဆေးရာ မှာတော့ ဆိုင်ကယ်စီး အမျိုးသား တစ်ဦးက ခေါ်ဆောင် သွားတာကို တွေ့ခဲ့ရ တာပါ ။

အဲဒီ အမျိုးသားဟာ ထွက်ပြေး တိမ်ရှောင်နေစဉ် ကာလ အတွင်း ပုဂံ ၊ မကွေးနဲ့ ချောက် မြို့တို့မှာ ဆိုင်ကယ် ခိုးမှုတွေ ကိုလည်း ကျုးလွန်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ် ။ မိန်းကလေးငယ်ရဲ့ ဖခင် ဖြစ်သူက ပြစ်မှု ကျုးလွန်သူကို မုဒိမ်းမှု ၊ သွေးဆောင် ခေါ်ဆောင်မှု ၊အပြင်းအထန် နာကျင်စေမှုတို့နဲ့ အမှု ဖွင့် ထားပါတယ် ။ crd သတင်း − ဖြိုးဖြိုးဇော် 7 Day ZinMoe

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြင်ဦးလွင် ခရိုင် ပြင်စာ ရဲစခန်း အပိုင် အတွင်း (၈) နှစ် အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် ထိုးကြိတ် ရိုက်နှက် စွန့်ပစ် ထားခဲ့ မှုမှ တရားခံအား cctv မှတ်တမ်းများ နောက်ကြောင်း ရာဇဝင်များအား အသေးစိတ် စုံစမ်း ဆောင်ရွက်ခဲ့ ရာမှ မန္တလေးခရိုင် မှုခင်း နှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ် သူရဌေးမှ အမာခံ သတင်းပေး များဖြင့် မျက်ခြေ မပြတ် အသေးစိတ် စုံစမ်း ဆောင်ရွက် ခဲ့ရာ အဆိုပါ တရားခံ သီဟနိုင် (ခ) အသေးလေးမှာ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နှင့် အနီး ဝန်းကျင်တွင် လှည့်လည် ခိုအောင်း နေကြောင်း သတင်း အခိုင် အမာ ရရှိမှု အပေါ်…

မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်၏ အနီးကပ် ကြီးကြပ်မှု၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး၏ လမ်းညွှန်မှု တို့ဖြင့် သတင်းအတည်ပြု၍ ရဲအုပ် သူရဌေး၊ ဒုရဲအုပ် ဇော်မင်းညွှန့် တို့သည် မိမိအမာခံ သတင်းပေး များဖြင့် စုံစမ်း ဆောင်ရွက်ခဲ့ရာ (၂၄.၁.၂၀၁၉) ရက်နေ့ ည (၈) နာရီ အချိန်ခန့်တွင် ရပ်ဆောက်မြို့ရှိ ရပ်တော်မှု ဘုရား အနီးတွင် ပုန်းအောင်းနေသော တရားခံ သီဟနိုင်အား ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရ သဖြင့် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် စွမ်းစွမ်း တမံ ဖော်ထုတ် ဖမ်းဆီးပေး ပါသော မန္တလေး ခရိုင် မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်သူရဌေး နှင့် ဒုရဲအုပ်ဇော်မင်းညွှန့် တို့အား လေးစား ဂုဏ်ယူမိပါကြောင်း ပြည်သူ ချစ်သော ပြည့်သူ့ရဲတပ်ဖွဲ့ဝင် ကောင်း များအား အစဉ်လေးစားလျှက်ပါ …

မန္တလာမြေမှသတင်းစုံ

LEAVE A REPLY

Please enter your comment!
Please enter your name here