အမႈက အရမ္းၾကာေနလို႔ ေထာင္ထဲမွာ သီခ်င္းေရး၊ သီခ်င္းဆိုျဖစ္ေနတဲ့ အစၥဏီ

0
574

(Zawgyi)

အမႈက အရမ္းၾကာေနလို႔ ေထာင္ထဲမွာ သီခ်င္းေရး၊ သီခ်င္းဆိုျဖစ္ေနတဲ့ အစၥဏီ

အစၥဏီ တေယာက္ ကေတာ့ ေမာ္ဒယ္စူးရွထက္ ရဲ႕ တရား စြဲဆိုျခင္းကို ခံထားရၿပီး လက္ရွိမွာ တရားရင္ဆိုင္ေန ရတာ ျဖစ္ပါတယ္ ။ တရားလို ျပဳလုပ္ၿပီး စြဲဆိုထားသူ ေမာ္ဒယ္စူးရွထက္က အႏုပညာအလုပ္ေတြ လုပ္ကိုင္ေန တာကို ေတြ႔ရပါတယ္။ ၂၀၁၈ ဧၿပီလပိုင္းက ျဖစ္ပြားခဲ့တဲ့ အစၥဏီနဲ႔ စူးရွထက္တို႔အမႈဟာ လာမယ့္ ၄ လပိုင္းမွာ တႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ ရံုးခ်ိန္း ထြက္လာတိုင္း မိခင္နဲ႔အတူ ေတြ႔ျမင္ရတဲ့ အစၥဏီကို ပရိသတ္ေတြ ကလည္း ဝမ္းနည္း ဂရုဏာ သက္ခဲ့ၾက ရတာပါ။

အစၥဏီကေတာ့ ေထာင္ထဲ ကေန ရင္ဆုိင္ေန ရတဲ့ သူ႔ရဲ႕အမႈဟာ ၾကာေနျပီ ျဖစ္တာေၾကာင့္ ေထာင္ထဲမွာပဲ သီခ်င္း ေရးေနျဖစ္တဲ့ အေၾကာင္း မီဒီယာ တခုရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ။ ဘုရား၊ တရားေတြ လုပ္ျဖစ္ေနတဲ့ အျပင္ ေထာင္ထဲမွာ ရွိတဲ့ ေဖ်ာ္ေျဖေရး ပြဲေတြမွာလည္း ပါဝင္ၿပီးေတာ့ သီခ်င္းေတြ ဆိုျဖစ္ ေနတဲ့ အစၥဏီက သူငယ္ခ်င္းေတြ နဲ႔ သူ႔ရဲ႕ ပရိသတ္ေတြကို အရမ္းကို သတိရေနပါၿပီလို႔ ဆိုလာ ပါတယ္။

“ အမႈက အရမ္းကို ၾကာေနျပီ အားလံုးကိုလည္း သတိရတယ္ ပရိသတ္ေတြ အကုန္လံုး ကိုလည္းသတိရတယ္ လို႔ ေျပာေပးပါေနာ္ ။ က်ေတာ့္ ပရိသတ္ေတြမွ မဟုတ္ဘူး က်ေတာ့္ သူငယ္ခ်င္းေတြေရာ အားလံုးကို သတိရပါတယ္ က်ေတာ္လည္း ၾကိဳးစားေန ပါတယ္လို႔ ဒီျပသနာ ကေန လြတ္ေျမာက္ႏိုင္ ေအာင္လို႔။ ေထာင္ထဲမွာ သီခ်င္းေတြ ေရးျဖစ္ေနတယ္ ဘုရားတရားေတြ လုပ္ျဖစ္ ေနတယ္။ ေဖ်ာ္ေျဖေရး ပြဲေတြ ရွိရင္ သီခ်င္း ဆိုျဖစ္ ပါတယ္ ” လို႔ ေျဖဆိုခဲ့တာ ေတြ႔ရပါတယ္။

အစၥဏီ တေယာက္ သူလြတ္ေျမာက္ခ်င္တဲ့ ဒီအမႈက ေနျပီး အျမန္ဆံုး လြတ္ေျမာက္ႏိုင္ ပါေစလို႔ ပရိသတ္ေတြနဲ႔ အတူ ဆုေတာင္းေပးလိုက္ ပါတယ္ ။ we love cele

Photos-Han Tun Zaw

(Unicode)

အမှုက အရမ်းကြာနေပြီမို့ ထောင်ထဲမှာ သီချင်းရေး၊ သီချင်းဆိုဖြစ်နေတဲ့ အစ္စဏီ

အစ္စဏီ တယောက် ကတော့ မော်ဒယ်စူးရှထက် ရဲ့ တရား စွဲဆိုခြင်းကို ခံထားရပြီး လက်ရှိမှာ တရားရင်ဆိုင်နေ ရတာ ဖြစ်ပါတယ် ။ တရားလို ပြုလုပ်ပြီး စွဲဆိုထားသူ မော်ဒယ်စူးရှထက်က အနုပညာအလုပ်တွေ လုပ်ကိုင်နေ တာကို တွေ့ရပါတယ်။ ၂၀၁၈ ဧပြီလပိုင်းက ဖြစ်ပွားခဲ့တဲ့ အစ္စဏီနဲ့ စူးရှထက်တို့အမှုဟာ လာမယ့် ၄ လပိုင်းမှာ တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ရုံးချိန်း ထွက်လာတိုင်း မိခင်နဲ့အတူ တွေ့မြင်ရတဲ့ အစ္စဏီကို ပရိသတ်တွေ ကလည်း ဝမ်းနည်း ဂရုဏာ သက်ခဲ့ကြ ရတာပါ။

အစ္စဏီကတော့ ထောင်ထဲ ကနေ ရင်ဆိုင်နေ ရတဲ့ သူ့ရဲ့အမှုဟာ ကြာနေပြီ ဖြစ်တာကြောင့် ထောင်ထဲမှာပဲ သီချင်း ရေးနေဖြစ်တဲ့ အကြောင်း မီဒီယာ တခုရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ ဘုရား၊ တရားတွေ လုပ်ဖြစ်နေတဲ့ အပြင် ထောင်ထဲမှာ ရှိတဲ့ ဖျော်ဖြေရေး ပွဲတွေမှာလည်း ပါဝင်ပြီးတော့ သီချင်းတွေ ဆိုဖြစ် နေတဲ့ အစ္စဏီက သူငယ်ချင်းတွေ နဲ့ သူ့ရဲ့ ပရိသတ်တွေကို အရမ်းကို သတိရနေပါပြီလို့ ဆိုလာ ပါတယ်။

“ အမှုက အရမ်းကို ကြာနေပြီ အားလုံးကိုလည်း သတိရတယ် ပရိသတ်တွေ အကုန်လုံး ကိုလည်းသတိရတယ် လို့ ပြောပေးပါနော် ။ ကျတော့် ပရိသတ်တွေမှ မဟုတ်ဘူး ကျတော့် သူငယ်ချင်းတွေရော အားလုံးကို သတိရပါတယ် ကျတော်လည်း ကြိုးစားနေ ပါတယ်လို့ ဒီပြသနာ ကနေ လွတ်မြောက်နိုင် အောင်လို့။ ထောင်ထဲမှာ သီချင်းတွေ ရေးဖြစ်နေတယ် ဘုရားတရားတွေ လုပ်ဖြစ် နေတယ်။ ဖျော်ဖြေရေး ပွဲတွေ ရှိရင် သီချင်း ဆိုဖြစ် ပါတယ် ” လို့ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။

အစ္စဏီ တယောက် သူလွတ်မြောက်ချင်တဲ့ ဒီအမှုက နေပြီး အမြန်ဆုံး လွတ်မြောက်နိုင် ပါစေလို့ ပရိသတ်တွေနဲ့ အတူ ဆုတောင်းပေးလိုက် ပါတယ် ။ we love cele

Photos-Han Tun Zaw