မိန်းမကို အချစ်စမ်း ဖို့ နဝဒေးတံတားပေါ်က မြစ်ထဲသို့ ခုန်ချပြီး သေကြာင်းကြံတဲ့ အမျိုးသား

0
659

(Zawgyi)

မိန်းမကို အချစ်စမ်း ဖို့ နဝဒေးတံတားပေါ်က မြစ်ထဲသို့ ခုန်ချပြီး သေကြာင်းကြံတဲ့ အမျိုးသား




ဖြစ်စဉ်နှင့် ပတ်သက်ပြီး နဝဒေး တံတား ရဲကင်းမှူးအား မေးကြည့်ရာ အမျိုးသား တဦး တံတားပေါ်ကခုန်ချ သွားကြောင်း ၄င်းအား အကြောင်းကြား သဖြင့် လာရောက် ကြည့်ရှုကြောင်း သိရသည်။


(Unicode)

မိန်းမဖြစ်သူကို အချစ်စမ်း ဖို့ နဝဒေးတံတားပေါ်က မြစ်ထဲသို့ ခုန်ချပြီး သေကြာင်းကြံတဲ့ အမျိုးသား

မိန်းမ ဖြစ်သူအား အချစ်စမ်းတာ ပါတဲ့ …

ပြည်ခရိုင် ပန်းတောင်းမြို့နယ် နဝဒေး တံတားပေါ်မှ အမျိုးသားတဦး မြစ်ထဲသို့ ခုန်ချကာ မိမိကိုယ် ကိုယ် သေကြောင်း ကြံစည် သွားကြောင်း ဇန်နဝါရီ (25) ရက်နေ့ နံနက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ သတင်းပေး ခဲ့ပါသည် ။ (သတင်းပေးရဲ့အသံဖိုင်လဲ ရှိပါသည် )။

အဆိုပါ သတင်းပေးသည့် နဝဒေး တံတာပေါ်သို့ သွားရောက် ကြည့်ရှု့ရာ တံတားတိုင် အမှတ် (2) နှင့် (3) အကြားတွင် အမျိုးသားစီး ကထ္ထီဗာဖိနပ် တရံ တွေ့ရှိပြီး ဖိနပ်ထိပ်၌ ဖုန်းနံပါတ်အား ရေးသား ထားကြောင်း တွေ့ရှိ ရသည် ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး နဝဒေး တံတား ရဲကင်းမှူးအား မေးကြည့်ရာ အမျိုးသား တဦး တံတားပေါ်ကခုန်ချ သွားကြောင်း ၎င်းအား အကြောင်းကြား သဖြင့် လာရောက် ကြည့်ရှုကြောင်း သိရသည်။

ထို့နောက် မိသားစုများ ရောက်ရှိလာပြီး ဇနီး ဖြစ်သူအား စစ်ဆေး မေးမြန်နေစဉ် တံတားပေါ်မှ ခုန်ချသည် ဟု ဆိုသော အမျိုးသားသည် သစ်စိမ့်ပင်တွင် ရောက်ရှိ နေကြောင်း မိန်းမဖြစ်သူအား သူ့အပေါ်ချစ်လား မချစ်ဘူးလား ဆိုတာ အချစ် စမ်းကြောင်း နဝဒေး တံတား ရဲကင်းမှူး၏ ပြောပြချက် အရ သိရသည် ။ ပြည့်သဲမောင် (ပြည်) crd dkhit media