႐ုပ္ဆင္းအဂၤါ မလွပေပမဲ့ ထီေရာင္းၿပီး အသက္ ၈၀ ဖခင္ႀကီးကို အလုပ္အေကြၽးျပဳေနသူ

0
559

(Zawgyi)

႐ုပ္ဆင္းအဂၤါ မလွပေပမဲ့ ထီေရာင္းၿပီး အသက္ ၈၀ ဖခင္ႀကီးကို အလုပ္အေကြၽးျပဳေနသူ

အသက္ ၄၃ ႏွစ္ အ႐ြယ္ LeHuuHien ဆိုတဲ့ အမ်ိဳးသားဟာ ထူးဆန္းတဲ့ ေမြးရာပါ ရွားပါး ေရာဂါကို ခံစားရတဲ့ အျပင္ လူေတြရဲ႕ ေရွာင္ဖယ္ျခင္းကိုလည္း ခံေနရရွာ ပါတယ္ ။ သူဟာ ဆင္းရဲႏြမ္းပါး တဲ့ လူတန္းစား တစ္ဦးျဖစ္ၿပီး ထီလက္မွတ္ ေရာင္းၿပီး အသက္ေမြး ဝမ္းေက်ာင္း ျပဳေနရသူလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ေမြးရာပါ ႐ုပ္ဆင္း အဂၤါ မလွတဲ့ အတြက္ လူေတြရဲ႕ ေရွာင္ဖယ္ျခင္းကို ခံရတဲ့ အျပင္ စားဝတ္ ေနေရး အတြက္ အလုပ္ လုပ္ရာမွာလဲ အခက္အခဲ အမ်ားႀကီးနဲ႔ ႀကဳံေတြ႕ရ ပါတယ္ ။ Hien ဟာ လမ္းဆုံ၊ လမ္းဂြမွာ ထီေရာင္းၿပီး သူ႔ရဲ႕ဖခင္ႀကီးကို အလုပ္အေကြၽး ျပဳေနတာ ၂၂ ႏွစ္ ရွိေနပါၿပီ။ ႐ုပ္ဆင္းအဂၤါ ဆိုး႐ြားတဲ့ အတြက္ အခ်ိဳ႕ေသာ သူေတြက သူ႔ေရာင္းတဲ့ ထီကို အားေပးေပမဲ့ အခ်ိဳ႕ေသာ သူေတြကေတာ့ သူ႔ကို ေတြ႕ရင္ ေဝးေဝးက ေရွာင္သြားတတ္ ၾကပါတယ္။

အသက္ ၈၀ အေဖအို နဲ႔ အတူတူ ေနထိုင္ၿပီး သူတို႔ရဲ႕ဘဝက အေဖတစ္ခု သားတစ္ခု ဆိုလည္း မမွားပါဘူး။ ဖခင္ႀကီးရဲ႕ အဆိုအရ Hien ကိုေမြးဖြားတုန္းက အျခားသူေတြလို သန္သန္ မာမာနဲ႔ က်န္းက်န္းမာမာ မဟုတ္ဘဲ ေမြးရာပါ ႐ုပ္ဆင္းအဂၤါ ခ်ိဳ႕တဲ့ခဲ့တာ ျဖစ္ပါတယ္ ။ ၆ ႏွစ္ အ႐ြယ္ေလာက္မွာ ေက်ာင္းထားေပမဲ့ မေကာင္းဆိုးဝါး တစ္ေယာက္လို႔ ထင္ျမင္ခံ ခဲ့ရၿပီး လူေတြရဲ႕ ေရွာင္ဖယ္ေ နာက္ေျပာင္ျခင္းကို ခံခဲ့ရ ပါတယ္ ။ အဲ့ဒါေၾကာင့္ ေက်ာင္းကေန ထြက္ခဲ့ၿပီး အိမ္မွာပဲ ေနေနခဲ့ ပါတယ္။

အသက္ ၂၀ ေရာက္တဲ့ အခါ စီးပြားေရး အေျခအေန မေကာင္းတဲ့ အျပင္ အဖျဖစ္သူကို ျပဳစု ေစာင့္ေရွာက္ဖို႔ အတြက္ ထီကိုယ္စားလွယ္ စီမွာ ထီလက္မွတ္ ယူၿပီး ေရာင္းခ်ဖို႔ အတြက္ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာ ျဖစ္ပါတယ္ ။ အခုဆို Hien ဟာ ဖခင္ကို အလုပ္အေကြၽး ျပဳဖို႔ ထီးေရာင္းေနတာ ၂၂ ႏွစ္ မက ေတာ့ ပါဘူး ။

Credit: Lifestyle Myanmar

(Unicode)

ရုပ်ဆင်းအင်္ဂါ မလှပပေမဲ့ ထီရောင်းပြီး အသက် ၈၀ ဖခင်ကြီးကို အလုပ်အကျွေးပြုနေသူ

အသက် ၄၃ နှစ် အရွယ် LeHuuHien ဆိုတဲ့ အမျိုးသားဟာ ထူးဆန်းတဲ့ မွေးရာပါ ရှားပါး ရောဂါကို ခံစားရတဲ့ အပြင် လူတွေရဲ့ ရှောင်ဖယ်ခြင်းကိုလည်း ခံနေရရှာ ပါတယ် ။ သူဟာ ဆင်းရဲနွမ်းပါး တဲ့ လူတန်းစား တစ်ဦးဖြစ်ပြီး ထီလက်မှတ် ရောင်းပြီး အသက်မွေး ဝမ်းကျောင်း ပြုနေရသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မွေးရာပါ ရုပ်ဆင်း အင်္ဂါ မလှတဲ့ အတွက် လူတွေရဲ့ ရှောင်ဖယ်ခြင်းကို ခံရတဲ့ အပြင် စားဝတ် နေရေး အတွက် အလုပ် လုပ်ရာမှာလဲ အခက်အခဲ အများကြီးနဲ့ ကြုံတွေ့ရ ပါတယ် ။ Hien ဟာ လမ်းဆုံ၊ လမ်းဂွမှာ ထီရောင်းပြီး သူ့ရဲ့ဖခင်ကြီးကို အလုပ်အကျွေး ပြုနေတာ ၂၂ နှစ် ရှိနေပါပြီ။ ရုပ်ဆင်းအင်္ဂါ ဆိုးရွားတဲ့ အတွက် အချို့သော သူတွေက သူ့ရောင်းတဲ့ ထီကို အားပေးပေမဲ့ အချို့သော သူတွေကတော့ သူ့ကို တွေ့ရင် ဝေးဝေးက ရှောင်သွားတတ် ကြပါတယ်။

အသက် ၈၀ အဖေအို နဲ့ အတူတူ နေထိုင်ပြီး သူတို့ရဲ့ဘဝက အဖေတစ်ခု သားတစ်ခု ဆိုလည်း မမှားပါဘူး။ ဖခင်ကြီးရဲ့ အဆိုအရ Hien ကိုမွေးဖွားတုန်းက အခြားသူတွေလို သန်သန် မာမာနဲ့ ကျန်းကျန်းမာမာ မဟုတ်ဘဲ မွေးရာပါ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခဲ့တာ ဖြစ်ပါတယ် ။ ၆ နှစ် အရွယ်လောက်မှာ ကျောင်းထားပေမဲ့ မကောင်းဆိုးဝါး တစ်ယောက်လို့ ထင်မြင်ခံ ခဲ့ရပြီး လူတွေရဲ့ ရှောင်ဖယ်ေ နာက်ပြောင်ခြင်းကို ခံခဲ့ရ ပါတယ် ။ အဲ့ဒါကြောင့် ကျောင်းကနေ ထွက်ခဲ့ပြီး အိမ်မှာပဲ နေနေခဲ့ ပါတယ်။

အသက် ၂၀ ရောက်တဲ့ အခါ စီးပွားရေး အခြေအနေ မကောင်းတဲ့ အပြင် အဖဖြစ်သူကို ပြုစု စောင့်ရှောက်ဖို့ အတွက် ထီကိုယ်စားလှယ် စီမှာ ထီလက်မှတ် ယူပြီး ရောင်းချဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ် ။ အခုဆို Hien ဟာ ဖခင်ကို အလုပ်အကျွေး ပြုဖို့ ထီးရောင်းနေတာ ၂၂ နှစ် မက တော့ ပါဘူး ။

Credit: Lifestyle Myanmar