အရက္ဆိုင္တြင္ အလုပ္လုပ္တဲ့ ၁၄ ႏွစ္ မိန္းကေလးကို အမ်ိဳးသမီး ၃ ဦးက ျပည့္တန္ဆာ အျဖစ္ ျဖားေယာင္း ေစခိုင္းမႈျဖစ္ပြား

0
892

(Zawgyi)

အရက္ဆိုင္တြင္ အလုပ္လုပ္တဲ့ ၁၄ ႏွစ္ မိန္းကေလးကို အမ်ိဳးသမီး ၃ ဦးက ျပည့္တန္ဆာ အျဖစ္ ျဖားေယာင္း ေစခိုင္းမႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္တြင္ အရက္ဆိုင္၌ စားပြဲထိုးအျဖစ္ လုပ္ကိုင္သူ ၁၄ ႏွစ္ အရြယ္ မိန္းကေလးကို ျဖားေယာင္း ေသြးေဆာင္ကာ ျပည့္တန္ဆာအျဖစ္ ေစခိုင္းသူ အမ်ိဳးသမီး ၃ ဦးကို အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ထန္းတပင္ၿမိဳ႕နယ္၊ ငွက္သိုက္ေက်းရြာတြင္ ေနထိုင္ေသာ ေဒၚ ၆၂ ႏွစ္သည္ ဇန္န၀ါရီလ ၂၃ ရက္ (ယေန႔) နံနက္ပိုင္းတြင္ လိႈင္သာယာၿမိဳ႕မ ရဲစခန္းသို႔ ေရာက္ရွိလာၿပီး ၎၏ ၁၄ ႏွစ္ အရြယ္ေျမးျဖစ္သူကို ျပည့္တန္ဆာ အျဖစ္ ေစခိုင္းမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေရးယူေပးရန္ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္ အဆိုပါ မ ၁၄ ႏွစ္သည္ လိႈင္သာယာၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္ရွိ တရားလို၏ အစ္ကိုျဖစ္သူ ဦးလွသိန္း ပိုင္ဆိုင္သည့္ အရက္ဆိုင္၌ စားပြဲထိုး အျဖစ္ ၂ ႏွစ္ခန္႔ လုပ္ကိုင္ေနသူ ျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ၿပီးခဲ့သည့္ ဇန္န၀ါရီလ ၂၀ ရက္က ေျမးျဖစ္သူမ ၁၄ ႏွစ္မွာ ေပ်ာက္ဆံုး သြားေၾကာင္း တရားလိုထံ ဦးလွသိန္းက အေၾကာင္းၾကား သျဖင့္ ေျမးျဖစ္သူကို လိုက္လံ ရွာေဖြခဲ့ၾကေသာ္လည္း မေတြ႔ရွိခဲ့ၾကဘဲ ဇန္န၀ါရီလ ၂၂ ရက္(မေန႔) ကနံနက္ ၁၀ နာရီတြင္ ေပ်ာက္ဆံုးေနသည့္ ေျမးျဖစ္သူမွာ တရားလိုေနထိုင္ရာ ထန္းတပင္ၿမိဳ႕နယ္၊ ငွက္သိုက္ေက်းရြာသို႔ ေရာက္ရွိလာ ခဲ့ေၾကာင္း ရဲမွတ္တမ္း အရ သိရသည္။

ထို႔ေၾကာင့္ စစ္ေမးရာဦးလွသိန္း၏ အရက္ဆိုင္သို႔ အရက္လာေသာက္ေလ့ ရွိသူ၏ ဇနီး မေဌးေဌးစိန္၊ (၂၆) ႏွစ္က ဖားကန္႔၌ တစ္လလွ်င္ ၄၅၀,၀၀၀ က်ပ္ ရရွိမည့္ အလုပ္ ရွိသျဖင့္ လုပ္ကိုင္မည္ ဆိုပါက စရန္ေငြ ၁ သိန္း ေပးမည္ဟု ေျပာဆိုသျဖင့္ သေဘာတူကာ အသက္ (၅၀) အရြယ္ အေမစု ဆိုသူေနအိမ္သို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း တိုင္ၾကားခ်က္ အရ သိရသည္။

ေနာက္တစ္ရက္တြင္ အေမစု ဆိုသူက လိႈင္သာယာၿမိဳ႕၊ ပန္းလိႈင္ေဂါက္ကြင္းနားရွိ ေဒၚ၀င္းခိုင္၏ က်ဴးေက်ာ္ ေနအိမ္သို႔ ေခၚေဆာင္သြားခဲ့ၿပီး ဇန္န၀ါရီလ ၂၁ ရက္၌လိႈင္သာယာၿမိဳ႕နယ္၊ ဒဂံုဧရာ အေ၀းေျပးကားဂိတ္သို႔ ေဒၚ၀င္းခိုင္က ဆက္လက္ ေခၚေဆာင္သြား ခဲ့ေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။

ထိုမွတစ္ဆင့္ အေမစု၊ ေဒၚ၀င္းခိုင္တို႔ႏွင့္ အတူ ဧရာ၀တီတိုင္း ေဒသႀကီးရွိ ၿမိဳ႕တစ္ၿမိဳ႕သို႔ ဆက္လက္ ေခၚေဆာင္သြားခဲ့ၾကၿပီး အသက္ ၄၀ ႏွစ္ခန္႔ရွိ အမည္မသိ အမ်ိဳးသားတစ္ဦး ရွိေနသည့္ တည္းခိုခန္းတစ္ခု၌ ၎တို႔ စီစဥ္ေပးမႈျဖင့္ ေနထိုင္ခဲ့ရၿပီး ယင္းအမ်ိဳးသား၏ အဓမၼျပဳက်င့္ ခံခဲ့ရေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

ထို႔ေနာက္ ဇန္န၀ါရီလ ၂၂ ရက္၊ နံနက္ပိုင္းတြင္ အေမစုႏွင့္ ေဒၚ၀င္းခိုင္တို႔က လိႈင္သာယာၿမိဳ႕နယ္သို႔ ျပန္လည္ ေခၚေဆာင္ၿပီး လုပ္အားခအျဖစ္ ေငြက်ပ္ ၂ သိန္း ေပးအပ္ခဲ့ေသာေၾကာင့္ ယင္းပိုက္ဆံျဖင့္ အဘြားျဖစ္သူ တရားလို ေနအိမ္သို႔ ျပန္လာခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့သည္။

ထို႔ေၾကာင့္ ပူးေပါင္းၾကံစည္ကာ ျပည္တန္ဆာအျဖစ္ ေစခိုင္းေသာ အမ်ိဳးသမီး(၃)ဦးကို လိႈင္သာယာၿမိဳ႕မရဲစခန္း၌ (ပ)၃၁၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၂/၁၁၄ ျဖင့္ အမႈဖြင့္ ထားေၾကာင္း သိရသည္။

အမႈႏွင့္ ပတ္သက္၍ မေဌးေဌးစိန္၊ (၂၆) ႏွစ္ကို ဖမ္းဆီးရမိ ခဲ့ေသာ္လည္း ေဒၚ၀င္းခိုင္ႏွင့္ အေမစုတို႔ကို ဆက္လက္ ဖမ္းဆီးရမိေရး စံုစမ္းေနေၾကာင္း သတင္းရရွိသည္။

ဒါးဇ (အကုန္သိသတင္းဌာန)
Source- တင္ႏုိင္ထြန္း(လိႈင္သာယာ)

(Unicode)

အရက်ဆိုင်တွင် အလုပ်လုပ်တဲ့ ၁၄ နှစ် မိန်းကလေးကို အမျိုးသမီး ၃ ဦးက ပြည့်တန်ဆာ အဖြစ် ဖြားယောင်း စေခိုင်းမှုဖြစ်ပွား

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အရက်ဆိုင်၌ စားပွဲထိုးအဖြစ် လုပ်ကိုင်သူ ၁၄ နှစ် အရွယ် မိန်းကလေးကို ဖြားယောင်း သွေးဆောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသူ အမျိုးသမီး ၃ ဦးကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ထန်းတပင်မြို့နယ်၊ ငှက်သိုက်ကျေးရွာတွင် နေထိုင်သော ဒေါ် ၆၂ နှစ်သည် ဇန်နဝါရီလ ၂၃ ရက် (ယနေ့) နံနက်ပိုင်းတွင် လှိုင်သာယာမြို့မ ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ ၁၄ နှစ် အရွယ်မြေးဖြစ်သူကို ပြည့်တန်ဆာ အဖြစ် စေခိုင်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် အဆိုပါ မ ၁၄ နှစ်သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ တရားလို၏ အစ်ကိုဖြစ်သူ ဦးလှသိန်း ပိုင်ဆိုင်သည့် အရက်ဆိုင်၌ စားပွဲထိုး အဖြစ် ၂ နှစ်ခန့် လုပ်ကိုင်နေသူ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က မြေးဖြစ်သူမ ၁၄ နှစ်မှာ ပျောက်ဆုံး သွားကြောင်း တရားလိုထံ ဦးလှသိန်းက အကြောင်းကြား သဖြင့် မြေးဖြစ်သူကို လိုက်လံ ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြဘဲ ဇန်နဝါရီလ ၂၂ ရက်(မနေ့) ကနံနက် ၁၀ နာရီတွင် ပျောက်ဆုံးနေသည့် မြေးဖြစ်သူမှာ တရားလိုနေထိုင်ရာ ထန်းတပင်မြို့နယ်၊ ငှက်သိုက်ကျေးရွာသို့ ရောက်ရှိလာ ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ထို့ကြောင့် စစ်မေးရာဦးလှသိန်း၏ အရက်ဆိုင်သို့ အရက်လာသောက်လေ့ ရှိသူ၏ ဇနီး မဌေးဌေးစိန်၊ (၂၆) နှစ်က ဖားကန့်၌ တစ်လလျှင် ၄၅၀,၀၀၀ ကျပ် ရရှိမည့် အလုပ် ရှိသဖြင့် လုပ်ကိုင်မည် ဆိုပါက စရန်ငွေ ၁ သိန်း ပေးမည်ဟု ပြောဆိုသဖြင့် သဘောတူကာ အသက် (၅၀) အရွယ် အမေစု ဆိုသူနေအိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း တိုင်ကြားချက် အရ သိရသည်။

နောက်တစ်ရက်တွင် အမေစု ဆိုသူက လှိုင်သာယာမြို့၊ ပန်းလှိုင်ဂေါက်ကွင်းနားရှိ ဒေါ်ဝင်းခိုင်၏ ကျူးကျော် နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်၌လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဂိတ်သို့ ဒေါ်ဝင်းခိုင်က ဆက်လက် ခေါ်ဆောင်သွား ခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။

ထိုမှတစ်ဆင့် အမေစု၊ ဒေါ်ဝင်းခိုင်တို့နှင့် အတူ ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့တစ်မြို့သို့ ဆက်လက် ခေါ်ဆောင်သွားခဲ့ကြပြီး အသက် ၄၀ နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦး ရှိနေသည့် တည်းခိုခန်းတစ်ခု၌ ၎င်းတို့ စီစဉ်ပေးမှုဖြင့် နေထိုင်ခဲ့ရပြီး ယင်းအမျိုးသား၏ အဓမ္မပြုကျင့် ခံခဲ့ရကြောင်း တိုင်ကြားချက်အရ သိရသည်။

ထို့နောက် ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် အမေစုနှင့် ဒေါ်ဝင်းခိုင်တို့က လှိုင်သာယာမြို့နယ်သို့ ပြန်လည် ခေါ်ဆောင်ပြီး လုပ်အားခအဖြစ် ငွေကျပ် ၂ သိန်း ပေးအပ်ခဲ့သောကြောင့် ယင်းပိုက်ဆံဖြင့် အဘွားဖြစ်သူ တရားလို နေအိမ်သို့ ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

ထို့ကြောင့် ပူးပေါင်းကြံစည်ကာ ပြည်တန်ဆာအဖြစ် စေခိုင်းသော အမျိုးသမီး(၃)ဦးကို လှိုင်သာယာမြို့မရဲစခန်း၌ (ပ)၃၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၂/၁၁၄ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

အမှုနှင့် ပတ်သက်၍ မဌေးဌေးစိန်၊ (၂၆) နှစ်ကို ဖမ်းဆီးရမိ ခဲ့သော်လည်း ဒေါ်ဝင်းခိုင်နှင့် အမေစုတို့ကို ဆက်လက် ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သတင်းရရှိသည်။

ဒါးဇ (အကုန်သိသတင်းဌာန)
Source- တင်နိုင်ထွန်း(လှိုင်သာယာ)