ဂ်ပန္ႏို္င္ငံတြင္ H1N1 ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ့ေန၍ ဂ်ပန္သြားမည့္ ျမန္မာမ်ား အတြက္ သတိေပးခ်က္ ထုတ္ျပန္

0
215

(Zawgyi)

ဂ်ပန္ႏို္င္ငံတြင္ H1N1 ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ့ေန၍ ဂ်ပန္သြားမည့္ ျမန္မာမ်ား အတြက္ သတိေပးခ်က္ ထုတ္ျပန္

January 24, 2019

ဂ်ပန္နိုင္ငံတြင္ H1N1ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ့ျဖစ္ပြားမွု ျမင့္တက္လ်က္ရွိ၍ ဂ်ပန္သို႔သြားေရာက္ၾကမည့္ ျမန္မာနိုင္ငံသားမ်ား က်န္းမာေရးႀကိဳတင္ကာကြယ္မွုမ်ားျပဳလုပ္ၾကရန္ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးက တုပ္ေကြးေရာဂါ ကာကြယ္ေရး အထူးသတိေပးခ်က္ကို ဇန္နဝါရီ ၂၂ရက္က ထုတ္ျပန္ထားသည္။

ဂ်ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ႕ ဧရိယာအတြင္း တုပ္ေကြးေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ့ေနၿပီး ဇန္နဝါရီလ တစ္ပတ္တာ ကာလအတြင္း ေဆး႐ုံတစ္႐ုံ၌ တုပ္ေကြးေဝဒနာ ခံစားရသူ ပ်မ္းမၽွအားျဖင့္ ၃၁ ဒသမ ၇ ဦး ရွိေနသည္။

ေရာဂါျဖစ္ပြားမွု အေရအတြက္သည္ ယခင္ သီတင္းပတ္ကထက္ ၃ ဒသမ ၄ဆ ျမင့္တက္လာသျဖင့္ တုပ္ေကြးေရာဂါပိုး ကူးစက္ခံရမွုကာကြယ္တားဆီးေရး သတိေပးႏွိုးေဆာ္ခ်က္တစ္ခုကိုလည္း တိုက်ိဳၿမိဳ႕ အုပ္ခ်ဳပ္ေရး အာဏာပိုင္မ်ားက ၂၀၁၉ ဇန္နဝါရီ ၁၇ရက္က ေဆာလ်င္စြာ ထုတ္ျပန္ ေၾကညာခဲ့ၿပီးျဖစ္သည္။

အဆိုပါေတြ႕ရွိရသည့္ တုပ္ေကြးေရာဂါ၏ ၇၂ ရာခိုင္ႏွုန္းခန္႔သည္ လြန္ခဲ့သည့္ ၁၀ႏွစ္က ကမၻာအႏွံ့တြင္ ကူးစက္ပ်ံ႕ႏွံ့ခဲ့သည့္ H1N1 ဗိုင္းရပ္စ္ပိုးသစ္ေၾကာင့္ ျဖစ္ရျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ဂ်ပန္နိုင္ငံတြင္ ေရာက္ရွိေနထိုင္ အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာနိုင္ငံသားမ်ားႏွင့္ ဂ်ပန္နိုင္ငံသို႔ လာေရာက္ၾကမည့္ ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ တုပ္ေကြးေရာဂါဆိုင္ရာ က်န္းမာေရး ႀကိဳတင္ကာကြယ္မွုမ်ား ျပဳလုပ္ထားၾကရန္ အသိေပးထုတ္ျပန္ထားသည္။

ေျခ/လက္မ်ားအား ေသခ်ာစြာ ေဆးေၾကာျခင္းႏွင့္ တုပ္ေကြးေရာဂါပိုး ကူးစက္ခံရသည္ ဟု သံသယရွိပါက အခ်ိန္မဆိုင္းဘဲ မိမိေနထိုင္သည့္ ေနရာ၊ အလုပ္ဌာနမ်ားႏွင့္ နီးစပ္သည့္ ေဆး႐ုံႏွင့္ ေဆးခန္းမ်ားသို႔ သြားေရာက္၍ တုပ္ေကြးေရာဂါပိုး ကူးစက္ခံရမွု ရွိ-မရွိ ႏွင့္ပတ္သက္၍ နားလည္သည့္ ဆရာဝန္ထံ သြားေရာက္ျပသကုသမွု ခံယူၾကပါရန္ ဂ်ပန္နိုင္ငံတိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ တိုက္တြန္းထားသည္။

CREDIT_The Myanmar Times

(Unicode)

ဂျပန်နိုင်ငံတွင် H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေ၍ ဂျပန်သွားမည့် မြန်မာများ အတွက် သတိပေးချက် ထုတ်ပြန်

January 24, 2019

ဂျပန်နိုင်ငံတွင် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု မြင့်တက်လျက်ရှိ၍ ဂျပန်သို့သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ ကျန်းမာရေးကြိုတင်ကာကွယ်မှုများပြုလုပ်ကြရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးက တုပ်ကွေးရောဂါ ကာကွယ်ရေး အထူးသတိပေးချက်ကို ဇန်နဝါရီ ၂၂ရက်က ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဧရိယာအတွင်း တုပ်ကွေးရောဂါပိုး ကူးစက်ပျံ့နှံ့နေပြီး ဇန်နဝါရီလ တစ်ပတ်တာ ကာလအတွင်း ဆေးရုံတစ်ရုံ၌ တုပ်ကွေးဝေဒနာ ခံစားရသူ ပျမ်းမျှအားဖြင့် ၃၁ ဒသမ ၇ ဦး ရှိနေသည်။

ရောဂါဖြစ်ပွားမှု အရေအတွက်သည် ယခင် သီတင်းပတ်ကထက် ၃ ဒသမ ၄ဆ မြင့်တက်လာသဖြင့် တုပ်ကွေးရောဂါပိုး ကူးစက်ခံရမှုကာကွယ်တားဆီးရေး သတိပေးနှိုးဆော်ချက်တစ်ခုကိုလည်း တိုကျိုမြို့ အုပ်ချုပ်ရေး အာဏာပိုင်များက ၂၀၁၉ ဇန်နဝါရီ ၁၇ရက်က ဆောလျင်စွာ ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါတွေ့ရှိရသည့် တုပ်ကွေးရောဂါ၏ ၇၂ ရာခိုင်နှုန်းခန့်သည် လွန်ခဲ့သည့် ၁၀နှစ်က ကမ္ဘာအနှံ့တွင် ကူးစက်ပျံ့နှံ့ခဲ့သည့် H1N1 ဗိုင်းရပ်စ်ပိုးသစ်ကြောင့် ဖြစ်ရခြင်းဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများနှင့် ဂျပန်နိုင်ငံသို့ လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် တုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြရန် အသိပေးထုတ်ပြန်ထားသည်။

ခြေ/လက်များအား သေချာစွာ ဆေးကြောခြင်းနှင့် တုပ်ကွေးရောဂါပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက အချိန်မဆိုင်းဘဲ မိမိနေထိုင်သည့် နေရာ၊ အလုပ်ဌာနများနှင့် နီးစပ်သည့် ဆေးရုံနှင့် ဆေးခန်းများသို့ သွားရောက်၍ တုပ်ကွေးရောဂါပိုး ကူးစက်ခံရမှု ရှိ-မရှိ နှင့်ပတ်သက်၍ နားလည်သည့် ဆရာဝန်ထံ သွားရောက်ပြသကုသမှု ခံယူကြပါရန် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံးမှ တိုက်တွန်းထားသည်။

CREDIT_The Myanmar Times