အရက္မူးၿပီး ေသာင္းက်န္းသည့္ ကပၸိယကို ကိုရင္ႀကီးက တုတ္ျဖင့္ ရိုက္သတ္

0
332

(Zawgyi)

အရက္မူးၿပီး ေသာင္းက်န္းသည့္ ကပၸိယကို ကိုရင္ႀကီးက တုတ္ျဖင့္ ရိုက္သတ္

ဘုန္းႀကီးေက်ာင္းတြင္ အရက္မူးၿပီး ေသာင္းက်န္းသည့္ ကပၸိယကို ကိုရင္ႀကီးက တုတ္ျဖင့္ ရိုက္သတ္ / မဂၤလာဒုံၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္းတြင္ အရက္မူးၿပီး ေသာင္းက်န္းသည့္ ကပၸိယႏွင့္ ဒုလႅဘဝတ္ ကိုရင္ႀကီးတို႔ စကားမ်ား ၾကရာမွ ကိုရင္ႀကီးက ကပၸိယအား တုတ္ျဖင့္ ရိုက္သတ္မိမႈ ျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္း ေဒသႀကီး မဂၤလာဒံုၿမိဳ႕နယ္ ေရႊနံ႔သာ ေက်းရြ ာအုပ္စု၊ ေပါင္းငူညာဏ အပိုင္၊ ေဒၚငိုတံတား ရပ္ကြက္၊ မေနာသုခ လမ္းရွိ နႏၵိယာရာမ ဘုန္းႀကီးေက်ာင္းဝန္း အတြင္း ေနထိုင္သူ ကပၸိယႀကီး ဦးေဇာ္ေလး (ခ) ေဇာ္ေဇာ္ လင္း၊ (၅၅) ႏွစ္ ကိုဒုလႅဘဝတ္ ကိုရင္ႀကီး ပညာသီရိ၊ (၂၂) ႏွစ္က ဇန္နဝါရီလ ၂၂ ရက္ ၊ ည ၉ နာရီ ၄၅ မိနစ္ခန္႔ ကစကားမ်ား ရန္ျဖစ္ၾက ရာမွ တုတ္ျဖင့္ ရိုက္လိုက္လိုက္ျခင္း ျဖစ္ေၾကာင္း ပုလဲၿမိဳ႕သစ္ အရန္ မီးသတ္တပ္ဖြဲ႔ မွ သိရသည္ ။

“ ဘုန္းႀကီးေက်ာင္းမွာ လူတစ္ေယာက္ ေသြးအိုင္ထဲ လဲေနလို႔ ဆရာေတာ္က ေခၚခိုင္းလိုက္ လို႔ပါ ဆိုၿပီး ဆိုင္ကယ္သမားက အစ္ကိုတို႔ ဆီ အကူအညီ လာေတာင္းတယ္။ ဟိုေရာက္ေတာ့ အဲဒီေက်ာင္းက ကပၸိယ ျဖစ္ေနတယ္ ။ ျဖစ္စဥ္ကို ေမးေတာ့ ကပၸိယက မူးၿပီး ေက်ာင္းမွာ ေသာင္းက်န္းတယ္ေပါ့။ အဲဒါကို ကိုရင္ႀကီးက မခံႏိုင္ေတာ့ ရန္ျဖစ္ၾကတယ္ ရန္ျဖစ္ရင္း ရိုက္လိုက္ တာေပါ့ ” ဟုပုလဲၿမိဳ႕သစ္ အရန္မီးသတ္ တပ္ဖြဲ႔မွ မီးသတ္စခန္းမွဴး ကိုထင္လင္းေအာင္က အကုန္သိ သတင္းဌာနသို႔ ေျပာသည္။

တုတ္ျဖင့္ အရိုက္ခံ ရမႈေၾကာင့္ ကပၸိယႀကီး ဦးေဇာ္ေလး (ခ) ေဇာ္ေဇာ္လင္းတြင္ ေနာက္စိ ပြင့္ထြက္ ဒဏ္ရာ မ်က္လုံးထဲ သစ္သားစ စိုက္ဝင္ ဒဏ္ရာျဖင့္ အခင္းျဖစ္ ေနရာတြင္ ေသဆုံးသြား သျဖင့္ အင္းစိန္ ေဆးရုံသို႔ ပို႔ေဆာင္ ထားေၾကာင္း သိရသည္ ။

“ လက္ရွိ မွာေတာ့ ဖမ္းဆီး စစ္ေဆးေန ပါတယ္။ အရိုက္ ခံရလို႔ ကပၸိယႀကီးက ေသဆုံးသြားတယ္ သူတို႔ ရန္ျဖစ္တာကို ဝင္တားတဲ့ ကပၸိယႀကီး မိန္းမလည္း ဒဏ္ရာ ရခဲ့တယ္ ။ စိုးရိမ္ရ အေျခအေနေတာ့ မရွိပါဘူး ” ဟု ေထာက္ၾကန္႔ နယ္ေျမ ရဲစခန္းမွ စခန္းမွဴး ရဲအုပ္ၾကည္စိုးသန္႔က အကုန္သိ သတင္းဌာနသို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဒုလႅဘဝတ္ကိုရင္ႀကီး ပညာသီရိ၊ (၂၂) ႏွစ္ကို ေထာက္ၾကန္႔ နယ္ေျမ ရဲစခန္း၌ (ပ) ၆၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၂/၃၂၃ ျဖင့္ အမႈဖြင့္ ထားေၾကာင္း သိရသည္။…..ဓာတ္ပုံ – ပုလဲၿမိဳ႕သစ္ အရန္ မီးသတ္တပ္ဖြဲ႔ ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

(Unicode)

အရက်မူးပြီး သောင်းကျန်းသည့် ကပ္ပိယကို ကိုရင်ကြီးက တုတ်ဖြင့် ရိုက်သတ်

ဘုန်းကြီးကျောင်းတွင် အရက်မူးပြီး သောင်းကျန်းသည့် ကပ္ပိယကို ကိုရင်ကြီးက တုတ်ဖြင့် ရိုက်သတ် / မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် အရက်မူးပြီး သောင်းကျန်းသည့် ကပ္ပိယနှင့် ဒုလ္လဘဝတ် ကိုရင်ကြီးတို့ စကားများ ကြရာမှ ကိုရင်ကြီးက ကပ္ပိယအား တုတ်ဖြင့် ရိုက်သတ်မိမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွ ာအုပ်စု၊ ပေါင်းငူညာဏ အပိုင်၊ ဒေါ်ငိုတံတား ရပ်ကွက်၊ မနောသုခ လမ်းရှိ နန္ဒိယာရာမ ဘုန်းကြီးကျောင်းဝန်း အတွင်း နေထိုင်သူ ကပ္ပိယကြီး ဦးဇော်လေး (ခ) ဇော်ဇော် လင်း၊ (၅၅) နှစ် ကိုဒုလ္လဘဝတ် ကိုရင်ကြီး ပညာသီရိ၊ (၂၂) နှစ်က ဇန်နဝါရီလ ၂၂ ရက် ၊ ည ၉ နာရီ ၄၅ မိနစ်ခန့် ကစကားများ ရန်ဖြစ်ကြ ရာမှ တုတ်ဖြင့် ရိုက်လိုက်လိုက်ခြင်း ဖြစ်ကြောင်း ပုလဲမြို့သစ် အရန် မီးသတ်တပ်ဖွဲ့ မှ သိရသည် ။

“ ဘုန်းကြီးကျောင်းမှာ လူတစ်ယောက် သွေးအိုင်ထဲ လဲနေလို့ ဆရာတော်က ခေါ်ခိုင်းလိုက် လို့ပါ ဆိုပြီး ဆိုင်ကယ်သမားက အစ်ကိုတို့ ဆီ အကူအညီ လာတောင်းတယ်။ ဟိုရောက်တော့ အဲဒီကျောင်းက ကပ္ပိယ ဖြစ်နေတယ် ။ ဖြစ်စဉ်ကို မေးတော့ ကပ္ပိယက မူးပြီး ကျောင်းမှာ သောင်းကျန်းတယ်ပေါ့။ အဲဒါကို ကိုရင်ကြီးက မခံနိုင်တော့ ရန်ဖြစ်ကြတယ် ရန်ဖြစ်ရင်း ရိုက်လိုက် တာပေါ့ ” ဟုပုလဲမြို့သစ် အရန်မီးသတ် တပ်ဖွဲ့မှ မီးသတ်စခန်းမှူး ကိုထင်လင်းအောင်က အကုန်သိ သတင်းဌာနသို့ ပြောသည်။

တုတ်ဖြင့် အရိုက်ခံ ရမှုကြောင့် ကပ္ပိယကြီး ဦးဇော်လေး (ခ) ဇော်ဇော်လင်းတွင် နောက်စိ ပွင့်ထွက် ဒဏ်ရာ မျက်လုံးထဲ သစ်သားစ စိုက်ဝင် ဒဏ်ရာဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွား သဖြင့် အင်းစိန် ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည် ။

“ လက်ရှိ မှာတော့ ဖမ်းဆီး စစ်ဆေးနေ ပါတယ်။ အရိုက် ခံရလို့ ကပ္ပိယကြီးက သေဆုံးသွားတယ် သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ကပ္ပိယကြီး မိန်းမလည်း ဒဏ်ရာ ရခဲ့တယ် ။ စိုးရိမ်ရ အခြေအနေတော့ မရှိပါဘူး ” ဟု ထောက်ကြန့် နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကြည်စိုးသန့်က အကုန်သိ သတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒုလ္လဘဝတ်ကိုရင်ကြီး ပညာသီရိ၊ (၂၂) နှစ်ကို ထောက်ကြန့် နယ်မြေ ရဲစခန်း၌ (ပ) ၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂၃ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။…..ဓာတ်ပုံ – ပုလဲမြို့သစ် အရန် မီးသတ်တပ်ဖွဲ့ နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

LEAVE A REPLY

Please enter your comment!
Please enter your name here