
0
274

(Zawgyi)





Credit – dvb

(Unicode)

စမ်းချောင်းမြို့နယ်တွင် မီးလောင်၊ လူ ၃ ဦးသေဆုံးမှု ဖြစ်ပွား

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနဲ့ ကျိုက်လတ် လမ်းထောင့်မှာ ဇန်နဝါရီ ၂၃ ရက် မနက် ၅ နာရီခွဲ လောက်က မီးလောင်မှု ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး သွားတယ် လို့ စမ်းချောင်း မြို့မ ရဲစခန်းက ပြောပါတယ် ။

ရွှေတောင် လက်ဖက်ရည်ဆိုင် ကနေ မီးစတင် လောင်ကျွမ်း ခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံး သွားတယ် လို့ လည်း ရဲစခန်းက ပြောပါတယ် ။

မနက် ၅ နာရီ ၃၉ မိနစ် အချိန် လောက်မှာ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်း ရရှိလို့ မီးသတ်တပ်ဖွဲ့က Level1 ယာဉ်အုပ်စုတွေ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ ကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ် တပ်ဖွဲ့က သတင်း ထုတ်ပြန် ထားပါတယ် ။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ ကတော့ တွက်ချက်နေ ဆဲမို့ အသေးစိတ် မသိရသေးဘူး လို့ စမ်းချောင်း မီးသတ်က ပြောပါတယ်။

Credit – dvb

LEAVE A REPLY

Please enter your comment!
Please enter your name here